top of page

ဗြိတိန်ဝန်ကြီးချုပ် ရာထူးမှ နုတ်ထွက်ကြောင်း ကြေညာ

  • Writer: thevoiceofchinland
    thevoiceofchinland
  • Jun 25
  • 1 min read

*၇ နှစ်အတွင်း ၅ ယောက်မြောက်ရာထူးစွန့်လွှတ်ရသည့် ဝန်ကြီးချုပ်ဖြစ်လာ


VOC/ June 22, 2026


ဗြိတိန်ဝန်ကြီးချုပ် Keir Starmer ဟာ ရာထူးမှ နုတ်ထွက်တော့မယ်လို့ ဇွန်လ ၂၂ ရက် မနက်ပိုင်းက တရားဝင်ကြေညာချက်ထုတ်ပြန်လိုက်ပြီး သူဟာ (၇) နှစ်အတွင်း ရာထူးကို စွန့်လွှတ်တဲ့ (၅)ယောက်မြောက် ဗြိတိန်ဝန်ကြီးချုပ်ဖြစ်ပါတယ်။

Starmer က မိန့်ခွန်းအဆုံးသတ်ပိုင်းမှာ ဝန်ကြီးချုပ်ကတော်ဖြစ်တဲ့ Lady Victoria Starmer ကို "အကောင်း၊ အဆိုး အခြေအနေအားလုံးမှာ ကျွန်တော့်အနားမှာ ကျောက်ဆောင်တစ်ချပ်လို အမြဲရှိနေပေးခဲ့လို့ ကျေးဇူးတင်ပါတယ်" လို့ ပြောဆိုရင်း မျက်ရည်ဝဲခဲ့ပါတယ်။ ဇနီးသည်နဲ့ကလေးများအတွက် ခင်ပွန်းကောင်းအဖြစ်၊ ဖခင်ကောင်းအဖြစ် ဆက်ပြီးကြိုးစားသွားမယ်လို့လည်း သူက ပြောဆိုပါတယ်။

Starmer ကတော့ ပါတီရဲ့ခေါင်းဆောင်ရွေးချယ်ရေးလုပ်ငန်းစဉ်အတွက် အချိန်တစ်ခု သတ်မှတ်ပေးဖို့ တောင်းဆိုမယ်လို့ ပြောဆိုသွားပြီး အမည်စာရင်း တင်သွင်းခြင်းကို ဇူလိုင် ၉ ရက်က စတင်မယ်လို့ဆိုပါတယ်။ ခေါင်းဆောင်သစ်မရမချင်း ဝန်ကြီးချုပ်အနေနဲ့ ဆက်ပြီးရှိနေမယ်လို့ Starmer က ဆိုပါတယ်။

Makerfield ကြားဖြတ်ရွေးကောက်ပွဲ အနိုင်ရခဲ့တဲ့ Andy Burnham ကို လေဘာပါတီခေါင်းဆောင်သစ်ဖြစ်လာမယ်လို့ ခန့်မှန်းနေကြပြီး ပါတီကတော့ ဆုံးဖြတ်ရခြင်း မရှိသေးပါဘူး။ Starmer ဟာ ပါတီတွင်းက လွှတ်တော်အမတ်တွေရဲ့ဖိအားပေးမှုကြောင့် နုတ်ထွက်ခြင်းဖြစ်ပြီး ရာထူးမှနုတ်ထွက်တဲ့သတင်းကို မကြေညာခင် ချားလ်စ်ဘုရင်ကို ဖုန်းဖြင့် ကြိုတင်အကြောင်းကြားထားတယ်လို့ ပြောဆိုပါတယ်။


Source - BBC News



 
 
 

Comments


bottom of page