top of page

ခါမ်းပါတ်မြို့ကို အကြမ်းဖက်စစ်တပ်က ပြန်လည်ထိန်းချုပ်

  • Writer: thevoiceofchinland
    thevoiceofchinland
  • 14 hours ago
  • 1 min read

VOC/ June 20, 2026


အိန္ဒိယ-မြန်မာနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းပေါ်က ခါမ်းပါတ်မြို့ကို အကြမ်းဖက်စစ်တပ်က ဒီကနေ့ ဇွန်လ ၂၀ ရက်နေ့မှာ ပြန်လည်ထိန်းချုပ်လိုက်ပြီလို့ အကြမ်းဖက်စစ်တပ်ကထုတ်ပြန်ပါတယ်။

ကလေး-တမူး ကားလမ်းပေါ်မှာတည်ရှိပြီး အချက်အချာကျတဲ့ ခါမ်းပါတ်မြို့ကို အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေက ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၇ ရက်နေ့က သိမ်းပိုက်ပြီး ထိန်းချုပ်ထားတာဖြစ်ပါတယ်။

သို့သော်လည်း အကြမ်းဖက်စစ်ခေါင်းဆောင်မင်းအောင်လှိုင် မေလကုန်ပိုင်းက အိန္ဒိယနိုင်ငံကိုသွားရောက်ပြီးနောက်ပိုင်း ဇွန်လ ၇ ရက်နေ့ကစပြီး ခါမ်းပါတ်မြို့ကို ကလေး နဲ့ တမူးမြို့ဘက်ကနေ နှစ်ဖက်ကြားညှပ်ပြီး စစ်အင်အားအလုံး အရင်းဖြင့် ထိုးစစ်ဆင်ခဲ့တာဖြစ်ပါတယ်။

အကြမ်းဖက်စစ်တပ်ဟာ ခါမ်းပါတ်မြို့ကိုပြန်ရဖို့ ကလေးမြို့ကနေ စစ်ကြောင်းတစ်ကြောင်း၊ မော်လိုက်မြို့ဘက်ကနေ စစ်ကြောင်းတစ်ကြောင်း နဲ့ တမူးမြို့ဘက်ကနေ စစ်ကြောင်းတစ်ကြောင်းဖြင့် ထိုးစစ်ဆင်ခဲ့ပြီးနောက် ဒီကနေ့ ဇွန်လ ၂၀ ရက်နေ့မှာ ခါမ်းပတ်မြို့ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့တာလို့ သိရပါတယ်။

လက်ရှိမှာတော့ ကလေး - တမူးလမ်းတလျှောက် ခွန်မွန်းနွမ်၊ နန်မွန်းတား၊ ရန်ငြိမ်းအောင်၊ မင်းသမီး၊ ကနန်၊ ဘုက္ကန်၊ ခါမ်းပါတ်၊ ဖက်ယားရေရှင်၊ ကျွန်းတောရေရှင်၊ ဝိတုတ်၊ ရန်မျိုးအောင်၊ ကြံစက်ကုန်း၊ ကြက်ဖနက်၊ ကံသာယာ၊ ကံကြီး၊ ရာဇဂြိုဟ်၊ ပြည်တော်သာ၊ နန်းစောင်းပု၊ ၅၆ မိုင် စတဲ့ ကျေးရွာ ၅၀ ကျော်က ပြည်သူတွေဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့သိရပါတယ်။



 
 
 

Comments


bottom of page