top of page

လာမင်း ယာမားလ် ပထမဆုံး ကမ္ဘာ့ဖလားပွဲထွက်မှာ ဂိုးသွင်း၊ စပိန်က ဆော်ဒီအာရေဗျကို ၄-၀ ဖြင့် ဂိုးပြတ်အနိုင်ရ

  • Writer: thevoiceofchinland
    thevoiceofchinland
  • Jun 25
  • 1 min read

VOC/ Sports/ June 22, 2026


စပိန်လူငယ်ကြယ်ပွင့် လာမင်း ယာမား (Lamine Yamal) ဟာ ပထမဆုံး ပွဲထွက်ကစားခွင့်ရတဲ့ ကမ္ဘာ့ဖလား ပွဲစဉ်မှာ ဂိုးသွင်းယူနိုင်ခဲ့ပြီး စပိန် က ဆော်ဒီအာရေဗျ ကို ၄-၀ ဂိုးဖြင့် အပြတ်အသတ် အနိုင်ရကာ ယခင် Cape Verde နဲ့ ဂိုးမရှိသရေကျခဲ့မှုအပေါ် ထွက်ပေါ်ခဲ့တဲ့ ဝေဖန်မှုတွေကို အကောင်းဆုံး တုံ့ပြန်နိုင်ခဲ့ပါတယ်။

ပရိသတ် ၆၈,၂၃၉ ကျော် တက်ရောက်အားပေးခဲ့တဲ့ Atlanta မြို့ရှိ Mercedes-Benz Stadium မှာ ယာမားလ် ဟာ ပွဲစပြီး ၁၁ မိနစ်မှာ အိုယာဇာဘယ်ရဲ့ ဖြတ်တင်ဘောကို အနီးကပ် ပိတ်သွင်းကာ စပိန်အတွက် အဖွင့်ဂိုး သွင်းယူပေးခဲ့ပါတယ်။ ယာမားလ်အတွက်တော့ ဒါဟာ ပထမဆုံး ကမ္ဘာ့ဖလားဂိုးလည်း ဖြစ်လာခဲ့ပါတယ်။

စပိန်အသင်းဟာ ပထမပိုင်းမှာပဲ ပွဲကို ထိန်းချုပ်နိုင်ခဲ့ပြီး ၂၁ မိနစ်နဲ့ ၂၄ မိနစ်တွေမှာ အိုယာဇာဘယ်က နောက်ထပ် နှစ်ဂိုးဆက်တိုက် သွင်းယူကာ ၃-၀ နဲ့ ဦးဆောင်ခဲ့ပါတယ်။ အိုယာဇာဘယ်ဟာ ဟတ်ထရစ်ရဖို့ နီးစပ်ခဲ့ပေမယ့် ကန်ချက်တစ်ကြိမ် တိုင်ထိထွက်သွားခဲ့ပါတယ်။

ဒုတိယပိုင်းအစမှာ နည်းပြ Luis de la Fuente က ယာမားနဲ့ အိုယာဇာဘယ်တို့ကို အနားပေးခဲ့ပြီး လူစားလဲခဲ့ပါတယ်။ သို့သော် ၄၉ မိနစ်မှာ ဆော်ဒီနောက်ခံလူ Hassan Al-Tambakti နဲ့ ဂိုးသမား Al-Owais တို့ အမှားကနေ Own Goal ဖြစ်ပေါ်ခဲ့လို့ စပိန်အသင်းက ၄-၀ အထိ ဦးဆောင်နိုင်ခဲ့ပါတယ်။

ပွဲပြီးခါနီး ၈၉ မိနစ်မှာတော့ ဆော်ဒီကွင်းလယ်လူ Mohamed Kanno ခေါင်းချင်းတိုက်မိပြီး ဒဏ်ရာရခဲ့သလို နာကျင်အချိန်ပိုမှာ Ferran Torres ရဲ့ သွင်းဂိုးတစ်ဂိုးကို VAR စစ်ဆေးပြီး လူကျွံဘောအဖြစ် ပယ်ဖျက်ခဲ့ပါတယ်

ဒီဂိုးကြောင့် ယာမားလ်ဟာ အသက် ၁၉ နှစ်မပြည့်မီ ကမ္ဘာ့ဖလားဂိုးသွင်းနိုင်ခဲ့တဲ့ သမိုင်းဝင် ကစားသမား ၇ ဦးထဲ ဝင်ရောက်လာခဲ့ပြီး ကမ္ဘာ့ဖလားပွဲတစ်ပွဲမှာ အဖွင့်ဂိုးသွင်းနိုင်ခဲ့တဲ့ ဒုတိယမြောက် ကစားသမား ဖြစ်လာခဲ့ပါတယ်။ ပထမဆုံးသူကတော့ ၁၉၅၈ ခုနှစ်က ဘရာဇီးဂန္ထဝင် ပီလေး ဖြစ်ပါတယ်။ ဒီနိုင်ပွဲဟာ နည်းပြ Luis de la Fuente အတွက်လည်း သူရဲ့ မွေးနေ့မှာ အကောင်းဆုံး လက်ဆောင်တစ်ခု ဖြစ်လာခဲ့ပါတယ်။


Source: X, Fx Sport



 
 
 

Comments


bottom of page