နော်ဝေးပရိသတ်များ Times Square မှာ “Viking Row” ဖြင့် အသင်းကို အားပေး
- thevoiceofchinland
- Jun 25
- 1 min read
VOC/ Sports/ June 22, 2026
၂၀၂၆ ကမ္ဘာ့ဖလား Group I ပွဲစဉ်တွင် ဆီနီဂေါအသင်းနှင့် ရင်ဆိုင်မည့် နော်ဝေးအသင်းကို အားပေးရန် နော်ဝေးပရိသတ်ရာပေါင်းများစွာက နယူးယောက်မြို့ Times Square တွင် စုဝေးခဲ့ကြပြီး နာမည်ကျော် “Viking Row” အားပေးပုံစံဖြင့် မြို့လယ်ကို စည်ကားစေခဲ့ကြပါတယ်။
နော်ဝေးအသင်းဟာ အဖွင့်ပွဲစဉ်တွင် အီရတ်အသင်းကို ဂိုးပြတ်အနိုင်ရထားပြီး Group I အုပ်စုထိပ်ဆုံးတွင် ရပ်တည်နေပါတယ်။ ပွဲမတိုင်မီ နယူးယောက်မြို့လယ်၌ ပရိသတ်များ၏ အားပေးမှုကလည်း ကမ္ဘာ့ဖလားပွဲတော်အငွေ့အသက်ကို ပိုမိုမြင့်တက်စေခဲ့ပါတယ်။
ဆီနီဂေါအသင်းဘက်ကတော့ နော်ဝေးကြယ်ပွင့်တိုက်စစ်မှူး အာလင်း ဟာလန်းကို ထိန်းချုပ်နိုင်ရေးက အဓိကစိန်ခေါ်မှုဖြစ်ကြောင်း ဝန်ခံထားပြီး နည်းပြ ပီပီ သီယောက “ဟာလန်းက ကမ္ဘာ့အဆင့် တိုက်စစ်မှူးဖြစ်ပေမယ့် ကျွန်တော်တို့မှာလည်း သူ့ကို ရင်ဆိုင်နိုင်တဲ့ နောက်ခံလူကောင်းတွေ ရှိတယ်” လို့ ပြောကြားခဲ့ပါတယ်။
Source: X




Comments