top of page


အကြမ်းဖက်တပ်ဖွဲ့ဝင်တစ်ဦး CDF - KKG ထံ သို့ အလင်းဝင်
VOC/ May 3, 2026 မကွေးတိုင်း၊ ဂန့်ဂေါမြို့အခြေစိုက် ခလရ (၅၀) မှာ တာဝန်ထမ်းဆောင်နေတဲ့ အကြမ်းဖက်တပ်သား ကောင်းခန့်(ခ) အာဇာနည် ဟာ ဧပြီလ ၁၉ ရက်နေ့က CDF – KKG တပ်ဖွဲ့ထံ အလင်းဝင်လာတယ်လို့ သိရပါတယ်။ အာဏာသိမ်းအကြမ်းဖက်စစ်တပ်ကို ကျောခိုင်းပြီး CDF-KKG တပ်ဖွဲ့ထံအလင်းဝင်လာတဲ့ တပ်သား ကောင်းခန့်ဟာ MA 1 လက်နက် အမျိုးစား ၁ လက် ၊ ကျည်ဘောက် ၄ ဘောက် ၊ ကျည် (၁၃၅) ထောင့်နဲ့ လက်ပစ်ဗုံး (၂) လုံးယူဆောင်လာခဲ့တယ်လို့သိရပါတယ်။ ၎င်းကို ဆုကြေးငွေ ကျပ်သိန်း ၅၀ ဆု ချီးမြင့်ခဲ့ပြီး လွတ်မြောက်နယ်မြေသို့ ပို့
May 4


“အမှန်တရားကို ကာကွယ်ရပါမယ်၊ အဲဒီအမှန်တရားကို ဖော်ထုတ်ပေးနေတဲ့ သူတွေကိုလည်း ကာကွယ်ပေးရပါမယ်” ကုလအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်
VOC/ May 3, 2026 ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တို နီယို ဂူတာရက်စ်က ဒီကနေ့ကျရောက်တဲ့ ကမ္ဘာ့သတင်းလွတ်လပ် ခွင့်နေ့အတွက် ပေးပို့တဲ့ သဝဏ်လွှာမှာ “ ကမ္ဘာတစ်ဝှမ်းက မီဒီယာသမားတွေဟာ ဆင်ဆာဖြတ်တောက်မှု၊ နှောင့်ယှက် ဟန့်တားမှုတွေနဲ့ အသက်အန္တရာယ်အထိတောင် စိုးရိမ်ရတဲ့ အန္တရာယ်တွေ ရင်ဆိုင်နေကြရပြီး အမှန်တရားကို ကာကွယ်ကြဖို့ နဲ့ အဲဒီအမှန်တရားကို ဖော်ထုတ်ပေးနေတဲ့ သူတွေကိုလည်း ကာကွယ်ပေးရမယ်လို့ပြောဆိုသွားပါတယ်။ လွတ်လပ်ခွင့်အားလုံးဟာ သတင်းလွတ်လပ်ခွင့်အပေါ်မှာ မူတည်နေပြီး သတင်းလွတ်လပ်ခွ
May 4


အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ စစ်ရာဇဝတ်မှု နဲ့ လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ရာဇဝတ်မှု (သို့မဟုတ်) Khawpuichhip(ခေါပွီးချစ်ပ်) ရွာက အစုလိုက်အပြုံလိုက်သတ်ဖြတ်ခံရမှု
VOC/ May 2, 2026 အာဏာသိမ်းအကြမ်းဖက်စစ်တပ်ဟာ စစ်ရာဇဝတ်မှု နဲ့ လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ရာဇဝတ်မှုတွေကို ချင်းပြည်မှာ ဆက်တိုက်ကျူးလွန်နေပြီး မေလ ၁ ရက်နေ့က ဟွာလ်းငိုးရမ်းဒေသ Khawpuichhip ကျေးရွာမှာ လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ် ၆ ဦး နဲ့ လူကြီးတစ်ဦး စုစုပေါင်း ၇ ဦး အစုလိုက်အပြုံလိုက် သေဆုံးမှု ဖြစ်ပွားခဲ့ပါတယ်။ ချင်းပြည် ဟွာလ်းငိုးရမ်းဒေသ အိန္ဒိယ-မြန်မာနယ်စပ်အနီး Khawpuichhip ကျေးရွာကို အကြမ်းဖက်စစ်တပ်က မေလ ၁ ရက်မွန်းလွဲပိုင်း ၃ နာရီဝန်းကျင်မှာ အရပ်သားပြည်သူတွေကို...
May 4


တီးတိန်မြို့မှာ အကြမ်းဖက်စစ်တပ်က ဒရုန်းဖြင့်ဗုံးကြဲလို့ ၁၃ နှစ်အရွယ်ကလေးငယ်တစ်ဦးသေဆုံး
VOC/ May 2, 2026 ချင်းပြည် တီးတိန်မြို့မှာ အကြမ်းဖက်စစ်တပ်က ဒရုန်းဖြင့်ဗုံးကြဲတိုက်ခိုက်လို့ အသက် ၁၃ နှစ်အရွယ် ကလေးငယ် တစ်ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။ ဒီကနေ့ မေလ ၂ ရက် မွန်းလွဲပိုင်းမှာ "တီးတိန်မြို့မှ ကြိုဆိုပါ၏” ဆိုင်းဘုတ်ရှိအနီး (ဒေသအခေါ် SaiMual) မှာရှိတဲ့ Zoland Petrol Pump ဓာတ်ဆီဆိုင်ကို တီးတိန်မြို့အခြေစိုက် ခလရ ၂၆၉ တပ်ရင်းကနေ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက် တာဖြစ်ပြီး အသက် ၁၃ နှစ်အရွယ် Lian Muan Kim သေဆုံးသွားတယ်လို့ ဒေသခံတွေထံကနေသိရပါတယ်။ သေဆုံးသွားတဲ့ Lian Muan Kim ဟာ
May 4


အကြမ်းဖက်စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြေင့် သေဆုံးသွားတဲ့ Khawpuichhip ရွာက အပြစ်မဲ့ပြည်သူ ၇ ဦးကို မြေမြုပ်သဂြိုလ်
VOC/ May 2, 2026 အာဏာသိမ်းအကြမ်းဖက်စစ်တပ်ရဲ့ လေကြောင်းဖြင့်ဗုံးကြဲတိုက်ခိုက်မှုကြောင့် သေဆုံးသွားတဲ့ Khawpuichhip ရွာက အပြစ်မဲ့ကလေးငယ် ၆ ဦးနဲ့ လူကြီးတစ်ဦး စုစုပေါင်း ၇ ဦးကို ယနေ့မေလ ၂ ရက်နေ့မှာ သဂြိုလ်ခဲ့ကြပါတယ်။ ချင်းပြည် ဟွာလ်ငိုးရမ်းဒေသ အိန္ဒိယ-မြန်မာနယ်စပ်အနီး Khawpuichhip ကျေးရွာကို အကြမ်းဖက်စစ်တပ်က မေလ ၁ ရက်မွန်းလွဲပိုင်း ၃ နာရီဝန်းကျင်မှာ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာမှာ ၅ လသားအရွယ် အပါအဝင် ကလေး ငယ် ၆ ဦး နဲ့ လူကြီး တစ်ဦး စုစုပေါင်း ၇ ဦးသေဆုံးခဲ့တာဖြစ်ပါတယ်။...
May 4


Khawpuichhip ရွာ လေကြောင်းတိုက်ခိုက်ခံရမှု ၅ လသားအရွယ်အပါဝင် ကလေးငယ် ၆ ဦး နဲ့ လူကြီးတစ်ဦး စုစုပေါင်း ၇ ဦးသေဆုံး
VOC/ May 01, 2026 ချင်းပြည် ဖလမ်းမြို့နယ် ဟွာလ်ငိုးရမ်းဒေသ အိန္ဒိယ-မြန်မာနယ်စပ်အနီး Khawpuichhip ကျေးရွာကို အကြမ်းဖက်စစ်တပ်က ယနေ့ မွန်းလွဲပိုင်း ၃ နာရီဝန်းကျင်မှာ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာမှာ ၅ လသားအရွယ် အပါ အဝင် ကလေးငယ် ၆ ဦး နဲ့ လူကြီးတစ်ဦး စုစုပေါင်း ၇ ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။ အကြမ်းဖက်စစ်တပ်ဟာ ယနေ့မွန်းလွဲပိုင်း ၃ နာရီဝန်းကျင်မှာ Khawpuichhip ကျေးရွာက ဘော်လီဘောကွင်း နဲ့ အနီးနားပတ်ဝန်းကျင်ကို ပေါင် ၅၀၀ ဗုံးဖြင့် ၂ ကြိမ်ဗုံးကြဲခဲ့တာလို့သိရပါတယ်။ ဗုံးကြဲတိုက်ခ
May 1


#BreakingNews || အိန္ဒိယ-မြန်မာနယ်စပ်အနီးက Khawpuichhip ရွာကို အကြမ်းဖက်စစ်တပ်က ဗုံးကြဲ၊ ပြည်သူ ၆ ဦးသေဆုံး
VOC/ May 1, 2026 ချင်းပြည် ဖလမ်းမြို့နယ် အိန္ဒိယ-မြန်မာနယ်စပ်အနီး Khawpuichhip ကျေးရွာကို အကြမ်းဖက်စစ်တပ်က ယနေ့မွန်းလွဲပိုင်း ၃ နာရီဝန်းကျင်မှာ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ပြီး ပြည်သူ ၆ ဦးသေဆုံးမှုရှိခဲ့တယ်လို့သိရပါတယ်။ အိန္ဒိယ-မြန်မာနယ်စပ် ဟွာလ်ငိုးရမ်းဒေသ ရိခေါဒါရ်မြို့ကနေ မိုင် ၂၀ ခန့်ကွာဝေးတဲ့ Khawpuichhip ကျေးရွာကို ယနေ့မေလ ၁ ရက် ညနေ ပိုင်း ၃ နာရီမှာ အကြမ်းဖက်စစ်တပ်က တိုက်လေယာဉ်ဖြင့် ဗုံးကြဲခဲ့တာလို့ ဒေသခံတစ်ဦးကပြေပါတယ်။ “ ရွာရဲ့ ဘော်လီဘောကွင်းအနီးကို ဗုံးကြဲသွားတာ၊.
May 1


ဗြိတိန်ဘုရင်နဲ့ မိဖုရားတို့ အမေရိကန်ကို ၄ ရက်တာ ချစ်ကြည်ရေးခရီးစဉ် အောင်မြင်စွာပြီးဆုံး
VOC/ April 28, 2026 ဗြိတိန်ဘုရင်နဲ့ မိဖုရားတို့ဟာ နှစ်နိုင်ငံကြား ချစ်ကြည်ရေးခရီးစဉ်အဖြစ် တနင်္လာနေ့ (ဧပြီ ၂၇ ရက်) က အမေရိကန်ပြည်ထောင်စုကို ရောက်ရှိလာပြီး ကြာသပတေးနေ့ (ဧပြီ ၃၀ ရက်)မှာ အမေရိကန်က ပြန်လည်ထွက်ခွာခဲ့ပါတယ်။ ချားလ်စ်ဘုရင်နဲ့ မိဖုရား ကင်မီလာတို့ဟာ တနင်္လာနေ့ (ဧပြီ ၂၇ ရက်) က အိမ်ဖြူတော်မှာ သမ္မတ Donald Trump ၊ သမ္မတ Melania Trump တို့နဲ့ တွေ့ဆုံခဲ့ပါတယ်။ နှစ်နိုင်ငံခေါင်းဆောင်များဟာ အမှတ်တရဓာတ်ပုံများရိုက်ကူးပြီးနောက် ချားလ်စ်ဘုရင်နဲ့မိဖုရားတို့ဟာ ဝါရှင်တန်ရှိ ဗြိတိသျ
May 1


ဖလမ်းမှာ အကြမ်းဖက်စစ်တပ်ရဲ့လက်နက်ကြီးကြောင့် ဆယ်ကျော်သက်အရွယ်အမျိုးသမီးငယ်တစ်ဦး ဆေသုံး
VOC/ May 1, 2026 ချင်းပြည်၊ ဖလမ်းမြို့နယ် တလန်ရောန် (Thlanrawn) ကျေးရွာက ဆယ်ကျော်သက်အရွယ်အမျိုးသမီးငယ်တစ်ဦးဟာ အကြမ်းဖက်စစ်တပ်ရဲ့ လက်နက်ကြီးကြောင့် သေဆုံးသွားတယ်လို့သိရပါတယ်။ မနေ့ ဧပြီလ ၃၀ ရက် မနက် ၁၀ နာရီဝန်းကျင်မှာ Lungrang ရွာမှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်တပ်က လက်နက် ကြီး၊ ဒရုန်းတွေနဲ့ Thlanrawn ကျေးရွာဘက်ကို ဗုံးကြဲတိုက်ခိုက်ရာမှာ တောထဲကို စစ်ဘေးရှောင်နေတဲ့ အသက် ၁၇ နှစ်အရွယ် မငွန်နှဲမ်တီလ် (Mai Ngun Hnen Ṭial) သေဆုံးခဲ့တာလို့ ဒေသခံတွေထံကနေသိရပါတယ်။ အာဏာသိမ်းအကြမ်းဖက်စစ်တပ်ဟ
May 1


တော်လှန်ရေးတပ်တွေသိမ်းပိုက်ထားတဲ့ အင်းတော်မြို့ကို အကြမ်းဖက်စစ်တပ်က ပြန်သိမ်း
VOC/ May 1, 2026 တော်လှန်ရေးတပ်တွေ သိမ်းပိုက်ထားထားသော စစ်ကိုင်းတိုင်း အင်းတော်မြို့ကို အာဏာသိမ်းအကြမ်းဖက်စစ်တပ်က ပြန်လည်သိမ်းပိုက် ထိန်းချုပ်လိုက်တယ်လို့ သိရပါတယ်။ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တို့ပူးပေါင်း သိမ်းပိုက်ခဲ့တဲ့ အင်းတော်မြို့ကို ဧပြီလ ၃၀ ရက်နေ့မှာ အလုံးစုံပြန်လည်သိမ်းပိုက်ခဲ့တာဖြစ်တယ်လို့ အကြမ်းဖက်စစ်တပ်က ဒီကနေ့ မေလ ၁ ရက်နေ့ထုတ်ပြန်လာပါတယ်။ အာဏာသိမ်းအကြမ်းဖက်စစ်တပ်ဟာ ဧပြီလ ၂၄ ရက်နေ့ကစပြီး နဘားရွာ၊ ကန်းနီရွာ၊ နားရခေါင်ရွာ၊ ကြာအင
May 1


အမေရိကန်-ဗင်နီဇွဲလား လေကြောင်းခရီးစဉ် ၇ နှစ်အကြာမှာ ပြန်လည်ပြေးဆွဲ
VOC/ May 1, 2026 အမေရိကန်နဲ့ဗင်နီဇွဲလားကို တိုက်ရိုက်ပြေးဆွဲတဲ့ စီးပွားဖြစ်လေကြောင်းခရီးစဉ်ကို ၇ နှစ်အကြာမှာ ပထမဆုံးအကြိမ် ပြန်လည်ပြေးဆွဲခဲ့ပါတယ်။ American Airlines လေယာဉ်ခရီးစဉ်ဟာ မိုင်ယာမီလေဆိပ်ကနေ ဒေသစံတော်ချိန် နံနက် ၁၀:၂၆ နာရီမှာစတင်ထွက်ခွာလာပြီး ၃ နာရီအကြာမှာ မြို့တော်ကာရာကတ်စ်အနီးရှိ Simon Bolivar အပြည်ပြည်ဆိုင်ရာလေဆိပ်ကို ဒေသစံတော်ချိန် မွန်းလွဲ ၁:၁၅ နာရီမှာ ဆင်းသက်ခဲ့ပါတယ်။ ဒီလေယာဉ်ဟာ အဆိုပါနေ့နှောင်းပိုင်းမှာ မိုင်ယာမီကို ပြန်လည်ရောက်ရှိလာပါတယ်။ American Airlines လေ
May 1


ဖလမ်းမြို့ ကာကွယ်ရေးတိုက်ပွဲအတွင်း WITCH အဖွဲ့ရဲ့ FPV ဒရုန်းများဖြင့် တိုက်ခိုက်မှုရုပ်သံမှတ်တမ်း ထုတ်ပြန်
VOC/ May 1, 2026 ဖလမ်းမြို့ကာကွယ်ရေးတိုက်ပွဲအတွင်းမှာ WITCH(စုန်းမ) အဖွဲ့က FPV အသေခံဒရုန်းများဖြင့် အကြမ်းဖက်စစ်တပ်ကို တိုက်ခိုက်ချေမှုန်းခဲ့တဲ့ ရုပ်သံကို Anti-Fascist Internationalist Front (AIF) က ယနေ့ထုတ်ပြန်လာပါတယ်။ Anti-Fascist Internationalist Front (AIF) ဟာ ချင်းတော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေနဲ့အတူ စစ်ဆင်ရေးမှာ ပါဝင်ဆင်နွှဲနေတဲ့အဖွဲ့ဖြစ်ပါတယ်။ ယခုထုတ်ပြန်တဲ့ရုပ်သံမှတ်တမ်းဟာ WITCH အဖွဲ့က FPV အသေခံဒရုန်းရာပေါင်းများစွာ နဲ့ အခြားသော အဆင့်မြင့် နည်းပညာတွေကို အသုံးပြုကာ...
May 1


ရထားရှေ့ကျသွားတဲ့သားဖြစ်သူကို ရုပ်ရှင်ဆန်ဆန်ကယ်တင်နိုင်ခဲ့တဲ့ဖခင် (ရုပ်သံ)
VOC/ May 1, 2026. ဘူတာရုံမှာ လာနေတဲ့ရထားရှေ့ သားဖြစ်သူကျသွားတဲ့အတွက် ဖခင်ဖြစ်သူက ရုပ်ရှင်ဆန်ဆန်ကယ်တင်နိုင်ခဲ့ပြီး နှစ်ယောက်စလုံးအသက်ဘေးက ကင်းလွတ်ခဲ့တဲ့ဖြစ်ရင် ဧပြီလ ၂၈ ရက်နေ့က ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ဖြစ်ပွားခဲ့ပါတယ်။ Brahmanbaria က Bhairab ကို သွားမယ့် မိသားစုတစ်စုမှာ သားဖြစ်သူက ဘူတာရုံ ပလက်ဖောင်းကနေ ရထားလာနေတဲ့သံလမ်းကို ကျသွားပြီးနောက် ဖခင်ဖြစ်သူက လိုက်ခုန်ဆင်းကာ သားဖြစ်သူကို ကာကွယ်ပေးခဲ့ပါတယ်။ ရထားလမ်းနဲ့ပလက်ဖောင်းကြား သားဖြစ်သူမလှုပ်အောင် ထိန်းထားရင်း သူတို့နှစ်ဦးအပေါ်ကန
May 1


#BreakingNews || ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်သို့ ပြောင်းရွှေ့
VOC/ April 30, 2026 မတရားဖမ်းဆီးအကျဉ်းချခံနေရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို အကျဉ်းထောင်ကနေ နေအိမ်အကျယ်ချုပ်သို့ပြောင်းရွှေ့လိုက်ပြီလို့သိရပါတယ်။ ဒီကနေ့ကျရောက်တဲ့ ကဆုန်လပြည့် ဗုဒ္ဓနေ့အထိမ်းအမှတ်အနေဖြင့် နေပြည်တော်အကျဉ်းထောင်မှာ ပြစ်ဒဏ်ကျ ခံနေတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၅၄၁၊ ပုဒ်မခွဲ(၁)အရ ၎င်းကျခံရန်ကျန်ရှိတဲ့ ပြစ်ဒဏ်တွေကို သတ်မှတ်ထားတဲ့ နေအိမ်မှာ ဆက်လက်ကျခံစေရန် ပြောင်းလဲသတ်မှတ်ပေးလိုက်တယ်လို့ စစ်တပ်အာဘော်မြန်မာ့အသံက ကြေညာသွာ
May 1


ကျင်ဒွေးမြို့ကို အကြမ်းဖက်စစ်တပ်က ထပ်မံဗုံးကြဲ၊ ရဲဘော် ၂ ဦးကျဆုံးဟုဆို
VOC/ April 30, 2026 ချင်းပြည်တောင်ပိုင်း ကန်ပက်လက်မြို့နယ် ကျင်ဒွေးမြို့ကို အကြမ်းဖက်စစ်တပ်က ဒီကနေ့မှာ ထပ်မံဗုံးကြဲ တိုက်ခိုက် ပြီး တော်လှန်ရေးရဲဘော် ၂ ဦးကျဆုံးခဲ့တယ်လို့ သိရပါတယ်။ ယနေ့ဧပြီလ ၃၀ ရက် နေ့လည် ၁၂ နာရီခွဲဝန်းကျင်မှာ အကြမ်းဖက်စစ်တပ်က လေကြောင်းဖြင့် တစ်ကြိမ်ဗုံးကြဲခဲ့တာ ကြောင့် တာဝန်ထမ်းဆောင်နေတဲ့ ပြည်ချစ်ရဲဘော် ၂ ဦးမြင့်မြတ်စွာကျဆုံးခဲ့တယ်လို့ ကန်ပက်လက်မြို့နယ် လူသား စာနာဘေးစီမံဌာနက ထုတ်ပြန်ပါတယ်။ ထုတ်ပြန်ချက်မှာ ဖြစ်စဉ်အသေးစိတ်ကိုဖော်ပြထားခြင်းမရှိဘဲ ကျဆုံးသွားတဲ့ရ
May 1


မင်းတပ် နဲ့ ကျောက်ထုအစပ်ကို တိုက်လေယာဉ် ၅ စီးဖြင့် ၁၀ ကြိမ်ထက်မနည်းဗုံးကြဲ
VOC/ April 30, 2026 ချင်းပြည်တောင်ပိုင်း မင်းတပ်မြို့ နဲ့ မကွေးတိုင်း ဆောမြို့နယ် ကျောက်ထုမြို့အကြားတနေရာကို အကြမ်းဖက်စစ်တပ် က တိုက်လေယာဉ် ၅ စီးဖြင့် ၁၀ ကြိမ်ခန့်ဗုံးကြဲခဲ့တယ်လို့ သိရပါတယ်။ ယနေ့ဧပြီလ ၃၀ ရက်နေ့လည် ၁၂ နာရီဝန်းကျင်မှာ မင်းတပ် နဲ့ ကျောက်ထုအစပ်တနေရာကို တံတားဦး၊ မကွေး နဲ့ အေလာလေတပ်ကနေ တက်လာတဲ့ တိုက်လေယာဉ် ၅ စီးဖြင့် ၁၀ ကြိမ်ထက်မနည်းဗုံးကြဲတိုက်ခိုက်သွားတယ်လို့ မင်းတပ်မြို့ခံ HKL Mindat ကဖော်ပြပါတယ်။ လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးမှုရှိမရှိဆိုတာကိုတော့
May 1


ချင်း-မကွေးအစပ်ယောဒေသကို အကြမ်းဖက်စစ်တပ်က စစ်အင်အားဖြည့်တင်းနေ
VOC/ April 30, 2026 ချင်း-မကွေးအစပ် ယောဒေသ ဆော၊ ကျောက်ထုဘက်ကို အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ လက်နက်ခဲ ယမ်းတွေဖြည့်တင်းနေသလို မြေပြင်ကနေလည်း စစ်အင်အားဖြည့်တင်းဖို့ကြိုးစားနေတယ်လို့သိရပါတယ်။ ဆောမြို့နယ် ကျောက်ထုမြို့အခြေစိုက် အမြောက်တပ် အမှတ် ၃၆၈ ကို အကြမ်းဖက်စစ်တပ်က နှစ်ရက်ဆက်တိုက် လေကြောင်းဖြင့် လက်နက်ခဲယမ်း နဲ့ ရိက္ခာထုတ်များချပေးနေပါတယ်။ အကြမ်းဖက်စစ်တပ်ဟာ မနေ့ဧပြီလ ၂၉ နဲ့ ဒီကနေ့ ဧပြီ ၃၀ ရက်နေ့တွေမှာ ကျောက်ထုအမြောက်တပ်ကို Y 12 ထောက်ပို့လေယာဉ်ဖြင့် အထုတ်ပေါင်း ၁၀၀ ကျော် ချပေး
May 1


တီးတိန်မှာ မြို့သိမ်းတိုက်ပွဲဖော်ဆောင်မယ်ဆိုတဲ့သတင်းကြောင့် မြို့ခံပြည်သူအများစု တိမ်းရှောင်
VOC/ April 30, 2026 ချင်းပြည်မြောက်ပိုင်း တီးတိန်မှာ မြို့သိမ်းတိုက်ပွဲဖော်ဆောင်မယ်ဆိုတဲ့သတင်းတွေကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်နေတာ ကြောင့် မြို့ခံလူထုအများစုကတော့ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြပြီလို့သိရပါတယ်။ အကြမ်းဖက်စစ်တပ်ရဲ့ထိန်းချုပ်မှုအောက်မှာရှိနေတဲ့ တီးတိန်မြို့မှာ ချင်းညီနောင်အဖွဲ့ဝင် PDF-Zoland တပ်ဖွဲ့တွေက မြို့သိမ်းတိုက်ပွဲစစ်ဆင်ရေးဖော်ဆောင်မယ်ဆိုပြီး ဧပြီလလယ်ပိုင်းကတည်းက သတင်းတွေထွက်ပေါ်နေပြီး မြို့လူဦးရေ ရဲ့ ၃ ပုံနှစ်ပုံလောက်ကတော့ ကြိုတင်တိမ်းရှောင်နေကြပြီလို့
May 1


ဂန့်ဂေါ နဲ့ ထီးလင်းမြို့ နေရာတချို့ကို အကြမ်းဖက်စစ်တပ်က လေကြောင်းတိုက်ခိုက်
VOC/ April 30, 2026 မကွေးတိုင်း ယောဒေသ ဂန့်ဂေါမြို့နယ် နဲ့ ထီးလင်းမြို့နယ် ၂ နေရာကို အကြမ်း ဖက်စစ်တပ်က ယနေ့မနက်ပိုင်းမှာ လေကြောင်းတိုက်ခိုက်သွားတယ်လို့သိရပါတယ်။ ယနေ့ဧပြီလ ၃၀ ရက်မနက်ပိုင်း ၁၀ နာရီဝန်းကျင်မှာ ဂန့်ဂေါမြို့နယ်တောင်ပိုင်းတနေရာကို ဂျက်ဖိုက်တာတစ်စီးဖြင့် လေကြောင်းတိုက်ခိုက်မှုပြုလုပ်သွားပြီး ထိခိုက်ပျက်စီးမှု ရှိမရှိကိုတော့ အတည်ပြုနိုင်ခြင်းမရှိသေးဘူးလို့ ယောအလင်း တန်းကဖော်ပြပါတယ်။ အလားတူ ယနေ့ နံနက် ၁၀ နာရီခန့်အချိန်မှာ ထီးလင်းမြို့နယ် တောင်ပိုင်းတနေရာကိုလည်း ဂျက်ဖိ
May 1


နွားထိုးကြီးမြို့နယ်ထဲ ၂ ရက်တာတိုက်ပွဲမှာ အကြမ်းဖက်စစ်သား ၂၀ ကျော်သေ
VOC/ April 29, 2026 မန္တလေးဒေသ၊ နွားထိုးကြီးမြို့နယ်မှာ ၂ ရက်တာတိုက်ပွဲအတွင်း အကြမ်းဖက်စစ်သား ၂၀ ကျော် သေဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြင်းခြံခရိုင် အမှတ် ၄ တပ်ရင်းက ဒီကနေ့မှာ သတင်းထုတ်ပြန်ပါတယ်။ မြင်းခြံမြို့နယ်အတွင်းရှိ ကျေးရွာတွေကို စစ်ကြောင်းထိုး၊ မီးရှို့ဖျက်ဆီးပြီး ပြည်သူ့နေအိမ်တွေကနေ ပစ္စည်းတွေ ခိုးယူနေကြတဲ့ အကြမ်းဖက်စစ်ကြောင်းနဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်တို့အကြား ဧပြီလ ၂၄ ရက်နဲ့ ၂၆ ရက်နေ့တွေမှာ ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားခဲ့တာပါ။ ဧပြီ ၂၄ ရက်က နွားထိုးကြီး၊
May 1
bottom of page