top of page

ရထားရှေ့ကျသွားတဲ့သားဖြစ်သူကို ရုပ်ရှင်ဆန်ဆန်ကယ်တင်နိုင်ခဲ့တဲ့ဖခင် (ရုပ်သံ)

  • Writer: thevoiceofchinland
    thevoiceofchinland
  • May 1
  • 1 min read

VOC/ May 1, 2026.


ဘူတာရုံမှာ လာနေတဲ့ရထားရှေ့ သားဖြစ်သူကျသွားတဲ့အတွက် ဖခင်ဖြစ်သူက ရုပ်ရှင်ဆန်ဆန်ကယ်တင်နိုင်ခဲ့ပြီး နှစ်ယောက်စလုံးအသက်ဘေးက ကင်းလွတ်ခဲ့တဲ့ဖြစ်ရင် ဧပြီလ ၂၈ ရက်နေ့က ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ဖြစ်ပွားခဲ့ပါတယ်။ Brahmanbaria က Bhairab ကို သွားမယ့် မိသားစုတစ်စုမှာ သားဖြစ်သူက ဘူတာရုံ ပလက်ဖောင်းကနေ ရထားလာနေတဲ့သံလမ်းကို ကျသွားပြီးနောက် ဖခင်ဖြစ်သူက လိုက်ခုန်ဆင်းကာ သားဖြစ်သူကို ကာကွယ်ပေးခဲ့ပါတယ်။ ရထားလမ်းနဲ့ပလက်ဖောင်းကြား သားဖြစ်သူမလှုပ်အောင် ထိန်းထားရင်း သူတို့နှစ်ဦးအပေါ်ကနေ တွဲ ၈ တွဲပါ ရထားတစ်စီး ဖြတ်သန်းသွားတာကို အသည်းယားစရာမြင်ကွင်းအဖြစ် တခြားခရီးသည်တွေရဲ့ မှတ်တမ်းတွေကတဆင့် မြင်တွေ့ရပါတယ်။


Source - NDTV



 
 
 

Comments


bottom of page