top of page


ဖလမ်းမြို့နယ်မှာ အသက် ၇၀ အရွယ် အဘွားအိုကို အကြမ်းဖက်စစ်သားတွေက မုဒိမ်းပြုကျင့်ပြီး သတ်ဖြတ်
VOC/ April 29, 2026 ချင်းပြည်ဖလမ်းမြို့ကို သိမ်းပိုက်ခဲ့တဲ့အကြမ်းဖက်စစ်သားတွေက ရွာမှာကျန်ခဲ့တဲ့အဘွားအိုတစ်ဦးကို မုဒိမ်းပြုကျင့်ပြီးနောက် သေနတ်ဖြင့်ပစ်သတ်သွားတယ်လို့ သိရပါတယ်။ ဖလမ်းမြို့မှ ၇ မိုင်ခန့်အကွာ ဖလမ်း-ဟားခါးလမ်းဘက်မှာတည်ရှိသော Thanhniar ရွာသစ်မှာ ဧပြီလ ၂၆ ရက်တနင်္ဂနွေနေ့မှာ အကြမ်းဖက်စစ်သားတွေဝင်ရောက်ပြီး ကျေးရွာထဲကျန်ရှိနေသော အသက် ၇၀ အရွယ်အဘွားအိုကို နေအိမ်အတွင်း မုဒိမ်းပြုကျင့်ပြီးနောက် နဖူးတည့်တည့်ကို သေနတ်ဖြင့်ပစ်ခတ်ခဲ့ကြတယ်လို့ ရွာသားတွေထံကနေသိရပါ တယ်။ “ အဘွားက ရ
May 1


#BreakingNews || ကျင်ဒွေးမြို့ကို အကြမ်းဖက်စစ်တပ်က Jet Fighter ဖြင့် ဗုံးကြဲ၊ ပြည်သူ ၈ ဦးသေဆုံး
VOC/ April 29, 2026 ချင်းပြည်တောင်ပိုင်း ကန်ပက်လက်မြို့နယ်၊ ကျင်ဒွေးမြို့ကို အကြမ်းဖက်စစ်တပ်က ယနေ့မနက်ပိုင်းမှာ လေကြောင်း ဖြင့်ဗုံးကြဲတိုက်ခိုက်ရာမှာ အရပ်သားပြည်သူ ၈ ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။ ယနေ့ ဧပြီ ၂၉ ရက် မနက် ၁၀ နာရီ ၁၅ မိနစ်ဝန်းကျင်မှာ တံတားဦးလေတပ်ကနေတက်လာတဲ့ YAK-130 အမျိုးအစား Jet Fighter ၂ စီးဖြင့် ကျင်ဒွေးမြို့ မုန်းချောင်းတံတားအနီးကို ပေါင် ၃၀၀ ဗုံး ၂ လုံးဖြင့် အကြောင်းမဲ့ လေကြောင်း တိုက် ခိုက်သွားတာလို့ ကန်ပက်လက်မြို့နယ်လူသားစာနာဘေးစီမံဌာနက ထုတ်
May 1


ဘိုကလေးမြို့နယ်မှာ အသက် ၁၈ နှစ်အရွယ် လူငယ်တစ်ဦး မိကျောင်းကိုက်ခံရပြီး သေဆုံး
VOC/ April 29, 2026 ဧရာဝတီတိုင်း၊ ဘိုကလေးမြို့နယ်၊ မိန်းမလှကျွန်းက အမဲချောင်းမှာ ဂဏန်းပိုက်ချနေတဲ့ အသက် ၁၈ နှစ်အရွယ် လူငယ်အမျိုးသားတစ်ဦး မိကျောင်းကိုက်ခံရလို့ သေဆုံးခဲ့တယ်လို့ ဘိုကလေးမြို့နယ် အထွေထွေအုပ်ချုပ်ရေးရုံးက ထုတ်ပြန်ပါတယ်။ ဧပြီလ ၂၇ ရက်၊ ည ၇ နာရီက ချောင်းထဲ ဂဏန်းပိုက်ချနေတဲ့ မောင်မိုးဝေယံရဲ့လှေကို အလျား ၁၅ ပေ၊ ဗြက် ၃ ပေခန့်ရှိတဲ့ မိကျောင်းက ရေထဲကနေ လှမ်းကိုက်လိုက်တဲ့အချိန် လှေမှောက်သွားခဲ့ပြီး ရေထဲကျသွားတဲ့အချိန် မိကျောင်းက ကိုက်ချီသွားခဲ့တာလို့ ဆိုပါတယ်။ ဒေသခံရွာသူ/ရ
May 1


ပခုက္ကူတပ်မ ၁၀၁ က တပ်သား ၅ ဦး လက်နက်ခဲယမ်းအပြည့်အစုံနဲ့ အလင်းဝင်လာ
VOC/ April 29, 2026 မကွေးတိုင်း၊ ပခုက္ကူအခြေစိုက် တပ်မ ၁၀၁ က တပ်သား ၅ ဦးဟာ ကားတစ်စီး၊ လက်နက်ခဲယမ်းတွေနဲ့အတူ ပြည်သူ့ ကာကွယ်ရေးတပ်မတော် (PDF) ထံ အလင်းဝင် ဘက်ပြောင်းလာတယ်လို့ ပခုက္ကူခရိုင် အမှတ် (၈) တပ်ရင်းက သတင်းထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ ဧပြီလ ၁၄ ရက်နေ့က အကြမ်းဖက်စစ်တပ်လက်အောက်ခံ စစ်သား ၅ ဦးဟာ ပခုက္ကူခရိုင် အမှတ် (၈) တပ်ရင်းထံ ဆက်သွယ်ပြီး ဘက်ပြောင်း ခိုလှုံလာခဲ့တာလို့ ဒီကနေ့ထုတ်ပြန်ပါတယ်။ ဘက်ပြောင်းအလင်းဝင်လာသူတွေဟာ Crown အမျိုးအစား ကား တစ်စီး၊ MA-1 သေနတ် တစ်လက်၊ MA-2 သေနတ်
May 1


မလေးရှားမှာ မြန်မာနိုင်ငံသား ၂၆ ဦးအပါဝင် နိုင်ငံခြားသား ၃၉ ဦးဖမ်းဆီးခံရ
VOC/ April 29, 2026 မလေးရှားနိုင်ငံ၊ ဂျုဟိုးပြည်နယ်၊ ဂျုဟိုးဘာရူးမှာ မြန်မာနိုင်ငံသား ၂၆ ဦးအပါအဝင် နိုင်ငံခြားသား ၃၉ ဦးကို မလေးရှားလူဝင်မှုကြီးကြပ်ရေးဌာနက ဧပြီလ ၂၇ ရက်နေ့က ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။ ဖမ်းဆီးခံရသူထဲမှာ မြန်မာအမျိုးသား ၂၀ ဦးနှင့် အမျိုးသမီး ၆ဦး ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံအမျိုးသား ၁၀ဦး၊ အမျိုးသမီး ၁ ဦးနှင့် အင်ဒိုနီရှားနိုင်ငံသား ၂ဦးတို့ပါဝင်တယ်လို့ သိရပါတယ်။ ဖမ်းဆီးခံရသူအားလုံးကို ၁၉၅၉/၆၃ လူဝင်မူကြီး ကြပ်ရေးအက်ဥပဒေဖြင့်ဆက်လက် အရေးယူမှုများပြုလုပ်နိုင်ရန် Setia Tro
May 1


မတူပီမြို့နယ်မှာ CDF-Daai တပ်ဖွဲ့က Wifi စက်နဲ့ ဆိုလာပြားတွေဖြုတ်သိမ်းလို့ ဒေသခံပြည်သူနဲ့ အငြင်းပွားမှုဖြစ်
VOC/ April 28, 2026 ချင်းပြည်တောင်ပိုင်း မတူပီမြိုနယ် ဒိုင်ဒေသမှာ CDF-Daai တပ်ဖွဲ့ဝင်တွေက ဒေသခံပြည်သူများ လျှပ်စစ်မီးအတွက်အသုံးပြုတဲ့ ဆိုလာပြား နဲ့ Wifi စက်တွေဖြုတ်သိမ်းလို့ ပြည်သူတွေနဲ့ အငြင်းပွားမှုဖြစ်ပွားတဲ့ရုပ်သံတစ်ခု လူမှု ကွန်ယက်စာမျက်နှာပေါ်မှာ ပြီးခဲ့တဲ့ရက်ပိုင်းက ပြန့်နှံ့လာခဲ့ပါတယ်။ ဒီဖြစ်စဉ်ဟာ မတူပီမြို့နယ် ဒိုင်ဒေသ ဆီလှည့်ကျေးရွာမှာ ပြီးခဲ့တဲ့ရက်ပိုင်းကဖြစ်ပွားခဲ့တာလို့ သိရပါတယ်။ ချင်းပြည်သူ့အစည်းအရုံး CPU/CPA အဖွဲ့ဝင် CDF-Daai တပ်ဖွဲ့ဝင်တချို့ဟာ ကျေးရွာနေပြည်သူမ
Apr 28


မလေးရှားအသွား လမ်းခုလတ်မှာ ရင်နှင့်ဖွယ်ရာကွယ်လွန်ခဲ့သော ချင်းလူငယ်ရဲ့ အိမ်အပြန်နောက်ဆုံးခရီး
VOC/ April 28, 2026 မလေးရှားနိုင်ငံကို သွားရောက်ဖို့ ကြိုးပမ်းစဉ် လမ်းခုလတ် ထိုင်းနိုင်ငံမှာ အသက်ရှူကျပ်ပြီး ကွယ်လွန်သွားတဲ့ ချင်း လူငယ် Pau Lam Kim ရဲ့ ရုပ်အလောင်းကို မွေးရပ်ဇာတိ ချင်းပြည် တီးတိန်မြို့နယ် Tuivial ကျေးရွာမှာ ဒီကနေ့ သဂြိုလ်ခဲ့ကြတယ်လို့သိရပါတယ်။ Pau Lam Kim ရဲ့ ရုပ်အလောင်းကို ဧပြီလ ၂၃ ရက်နေ့က ထိုင်းနိုင်ငံ Hat Yai ဆေးရုံကနေ ထုတ်ယူပြီးနောက် လူမှုကူညီရေးပဟရိတအဖွဲ့အစည်းတွေရဲ့ အကူအညီးဖြင့် မြဝတီ-ပဲခူး-မန္တလေး -ကလေးဝ လမ်းကြောင်းကနေ အဆင့် ဆင့်သယ်ဆောင်လာပြီး မနေ့ ဧပြီ
Apr 28


အကြမ်းဖက်စစ်တပ်ကြောင့် ယခုနှစ်အတွင်း အသက် ၁၈ နှစ်အောက်ကလေးငယ် ၇၀ ကျော်သေဆုံး
VOC/ April 28, 2026 အကြမ်းဖက်စစ်တပ်ကြောင့် ယခုနှစ်အတွင်းမှာ အသက် ၁၈ နှစ်အောက် ကလေးငယ် ၇၀ ကျော်သေဆုံးခဲ့ရပြီလို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း-AAPP က ယနေ့ထုတ်ပြန်ပါတယ်။ ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁ ရက်ကနေ ယနေ့ဧပြီလ ၂၈ ရက်နေ့အထိ ၄ လအတွင်း နိုင်ငံတဝန်းလုံးမှာ အကြမ်းဖက်စစ် အုပ်စုကြောင့် အသက်နှစ်လအရွယ် ယောကျ်ားလေးတဦးအပါအဝင် အသက် ၁၈ နှစ်အောက် မိန်းကလေး ၃၃ ဦးနှင့် ယောက်ျားလေး ၃၈ ဦး စုစုပေါင်း ၇၁ ဦး သေဆုံးခဲ့တာကို အမည်နှင့်တကွ အတည်ပြုနိုင်ခဲ့တယ်လို့ AAPP က ဖော်ပြ ပါတယ်။ သ
Apr 28


ချင်းအပါအဝင် တိုင်းနဲ့ပြည်နယ် ၉ ခုမှာ မိုးများပြီး လေပြင်းတိုက်၊ မိုးကြိုးပစ်ခြင်းများဖြစ်ပေါ်နိုင်ဟု မိုးဇလ သတိပေး
VOC/ April 28, 2026 ချင်းပြည်အပါအဝင် တိုင်းနဲ့ပြည်နယ် ၉ ခုမှာ မိုးတိမ်တောင်တွေဖြစ်ထွန်းပြီး မိုးရွာသွန်းခြင်းနဲ့အတူ လေပြင်း တိုက် ခတ်တာ၊ မိုးကြိုးပစ်၊လျှပ်စီးလက်တာ နဲ့ မိုးသီးကြွေတာတွေဖြစ်ပေါ်နိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒ ညွန်ကြား မှုဦးစီးဌာနကထုတ်ပြန်ပါတယ်။ မနက်ဖြန်မနက်ပိုင်းအထိခန့်မှန်းချက်အရ နေပြည်တော်၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်း တိုင်း၊ တနင်္သာရီတိုင်း ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ် နဲ့ ချင်းပြည်တို့မှာ မိုးတိမ်တောင်တွေ ဖြစ်ထွန်းလျက်ရှိပြီး မိုးရွာသွ
Apr 28


အိုင်ဇောလ်မြို့တရားရုံး မိုးကြိုးပစ်ခံရ
VOC/ April 27, 2026 အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ် အိုင်ဇောလ်မြို့ တရားရုံး(Gauhati High Court, Aizawl Bench) အဆောက်အအုံကို ယနေ့ဧပြီလ ၂၇ ရက်ညနေပိုင်းက မိုးကြိုးပစ်ခံရပြီး လူထိခိုက်မှုတော့မရှိဘူးလို့သိရပါတယ်။ Video - Khawthlir News
Apr 28


မြန်မာနိုင်ငံအပေါ် ချမှတ်ထားသောအရေးယူပိတ်ဆို့မှု EU က ၂၀၂၇ ဧပြီလအထိ သက်တမ်းတိုး
VOC/ April 27, 2026 ဥရောပသမဂ္ဂ-EU က မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ အရေးယူပိတ်ဆို့မှုကို နောက်ထပ် (၁၂) လသက်တမ်းထပ်တိုးပြီး ၂၀၂၇ ခုနှစ်၊ ဧပြီလ ၃၀ ရက်အထိ ဆက်လက်ထားရှိရန် ယနေ့ဆုံးဖြတ်ခဲ့ကြတယ်လို့သိရပါတယ်။ မြန်မာနိုင်ငံအပေါ် ကန့်သတ်ပိတ်ဆို့မှုတွေကို နှစ်ပတ်လည်ပြန်လည်သုံးသပ်တဲ့အခါမှာ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ထိပါးနှောင့်ယှက်တဲ့လုပ်ရပ်တွေအပြင် ပြင်းထန်တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေအပါအဝင် ဆိုးရွားတဲ့ အခြေ အနေတွေ ဆက်လက်ဖြစ်ပေါ်နေတာကြောင့် ခုလို ဆုံးဖြတ်ခဲ့ကြတာလို့ ဒီကနေ့ဧပြီလ
Apr 28


အကြမ်းဖက်စစ်တပ်နဲ့ ပူးပေါင်းသွားတဲ့ တပ်ဖွဲ့ဝင် ၃၅ ဦးကို အမည်ပျက်စာရင်းသွင်းပြီး တပ်ကနေထုတ်ပယ်ကြောင်း TRI ဗျူဟာ ကြေညာ
VOC/ April 27, 2026 အကြမ်းဖက်စစ်တပ်နဲ့ ပူးပေါင်းသွားတဲ့ တပ်ဖွဲ့ဝင် ၃၅ ဦးကို အဖွဲ့ဝင်အဖြစ်ကနေ အပြီးတိုင်ထုတ်ပယ်ပြီး အမည် ပျက်စာရင်း ကြေညာလိုက်တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် TRI ဗျူဟာက ဒီကနေ့ ဧပြီ ၂၇ ရက်မှာ ကြေညာချက် ထုတ်ပြန်ပါတယ်။ အမည်ပျက်စာရင်း ကြေညာခံရသူတွေဟာ အမျိုးသား ၂၇ ဦးနဲ့ အမျိုးသမီး ၈ ဦးတို့ဖြစ်ပြီး ၎င်းတို့ဟာ ရှေ့တန်းစစ် မျက်နှာပြင်မှာ စခန်းစွန့်ခွာတာ၊ တပ်ပိုင်ပစ္စည်းခိုးယူတာ၊ ငွေကြေးအလွှဲသုံးစားပြုလုပ်တာ စတဲ့ ပြစ်မှုတွေ ကျူးလွန် ခဲ့သူတွေဖြစ်တယ်လို့ ဆိုပါတယ်။ ဒါ့
Apr 28


မလေးရှားနယ်စပ်အဝင်မှာ မြန်မာနိုင်ငံသား ၁၀ ဦးဖမ်းဆီးခံရ
VOC/ April 27, 2026 မလေးရှားနိုင်ငံ၊ ကလန်တန်ပြည်နယ် ပါဆင့်မာ့စ်အရပ်ဒေသမှာ ထိုင်းနိုင်ငံဘက်ကနေ ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံ သား ၁၀ ဦး မနေ့ညက ဖမ်းဆီးခံရတယ်လို့ သိရပါတယ်။ အသက် ၂၁ နှစ်ကနေ ၄၇ နှစ်ရွယ်ကြားတွေရှိကြတဲ့ မြန်မာနိုင်ငံသား ၁၀ ဦးဟာ တရားဝင်အထောက်အထားမရှိဘဲ ထိုင်းနိုင်ငံကနေ မလေးရှားနိုင်ငံကို ဝင်ရောက်လာတဲ့အချိန် ဧပြီလ ၂၆ ရက်ည ၇ နာရီဝန်းကျင်မှာ ဖမ်းဆီးခံရတာလို့ မလေးရှားက မြန်မာဒုက္ခသည်တွေကို ကူညီပေးနေတဲ့ ကိုအိုက်လွင်ကဖော်ပြပါတယ်။ ဖမ်းခံရတဲ့ မြန်မာနိုင်ငံသား ၁၀ ဦးဟာ မလေးရှားနိ
Apr 28


မလေးရှားအာဏာပိုင်တွေက မြန်မာနိုင်ငံသား ၆၉ ဦးကို နေရပ်ပြန်ပို့
VOC/ April 27, 2026 မလေးရှားနိုင်ငံ ဂျူဟိုးပြည်နယ်မှာ တရားမဝင်နေထိုင်မှုဖြင့် ဖမ်းဆီးခံရပြီး ပြစ်ဒဏ်ကျခံပြီးသား မြန်မာနိုင်ငံသား ၆၉ ဦး နေရပ်ပြန်ပို့ခံရတယ်လို့ သိရပါတယ်။ ဒီကနေ့ ဧပြီလ ၂၇ ရက်နေ့မှာ ဂျူဟိုးပြည်နယ် ပီကန် နာနာ့စ်လူဝင်မှုကြီးကြပ်ရေးကမ့်မှာ ထိန်းသိမ်းခံရတဲ့ မြန်မာနိုင်ငံသား ၆၉ ဦးအပါအဝင် နိုင်ငံခြားသား ၉၇ ဦးကို လေဆပ်ကနေ နေရပ်အသီးသီးသို့ ပြန်လည်ပို့ဆောင်ခဲ့တာဖြစ်ပါတယ်။ နေရပ်ပြန်ပို့ခံရသူတွေဟာ မလေးရှားနိုင်ငံမှာ တရားဝင်အထောက်အထားမရှိတာကြောင့် စက်ရုံ၊ စားသောက်ဆိုင် နဲ့ န
Apr 28


ဖာပွန်ခရိုင်မှာ နှစ်ပေါင်း ၃၀ နီးပါးသက်တမ်းရှိတဲ့ အကြမ်းဖက်စစ်တပ်စခန်းကို KNLA ပူးပေါင်းတပ်သိမ်းပိုက်
VOC/ April 27, 2026 ကရင်ပြည်နယ်၊ ဖာပွန် (မူတြော်) ခရိုင်၊ လူသောမြို့နယ်မှာ အကြမ်းဖက်စစ်တပ်က နှစ်ပေါင်း ၃၀ နီးပါးအထိုင်ချတပ်စွဲထားတဲ့ ကဘောတူစခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နဲ့ ပူးပေါင်းတပ်ဖွဲ့တွေ တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ သိရပါတယ်။ ကရင်အမျိုးသားအစည်းအရုံး-KNU တပ်မဟာ(၅)၊ မူတြော်(ဖာပွန်)ခရိုင်ထဲမှာတည်ရှိတဲ့ အာဏာသိမ်းစစ်တပ်ရဲ့ ကဘောတူစခန်းကို KNLA ပူးပေါင်းတပ်တွေက ဝိုင်းဝန်းပိတ်ဆို့တိုက်ခိုက်နေတဲ့အချိန်မှာ အကြမ်းဖက်စစ်တပ်ဘက်က လေကြောင်းပစ်ကူတွေအဆက်မပြတ်ပြုလု
Apr 28


သမ္မတထရမ့်တက်ရောက်တဲ့ အိမ်ဖြူတော်သတင်းထောက်ညစာစားပွဲမှာ သေနတ်ပစ်ခတ်မှုဖြစ်ပွား
VOC/ April 26, 2026 သမ္မတ Donald Trump ကိုယ်တိုင်တက်ရောက်တဲ့ အိမ်ဖြူတော်သတင်းထောက်များ နှစ်ပတ်လည် ညစာစားပွဲမှာ သေနတ်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး သမ္မတ၊ သမ္မတကတော်နဲ့ ဒုတိယသမ္မတတို့မှာ ဘေးလွတ်ရာရှောင်ခဲ့ရပါတယ်။ သေနတ်ပစ်ခတ်မှုဖြစ်ပွားပြီးနောက် သမ္မတရဲ့ Secret Services က ဧည့်သည်များကို ဝပ်နေဖို့ ပြောကြားပြီး သမ္မတ၊ သမ္မတကတော်၊ ဒုတိယသမ္မတ၊ စိတ်ပညာရှင် Oz Pearlman ၊ WHCA အကြီးအကဲ Weijia Jiang တို့ကို ခန်းမဆောင်က ခေါ်ထုတ်သွားပါတယ်။ ဒီအိမ်ဖြူတော်သတင်းထောက်များနှစ်ပတ်လည်ညစာစားပွဲဟာ...
Apr 28


#BreakingNews || ဖလမ်းမြို့ နဲ့ ဆူရ်းဘုန်လေဆိပ်ကို အကြမ်းဖက်စစ်တပ်တွေဝင်ရောက်နိုင်ပြီဟု ဆို
VOC/ April 25, 2026 ချင်းပြည် ဖလမ်းမြို့နဲ့ ဆူရ်းဘုန်လေဆိပ်ကို အကြမ်းဖက်စစ်တပ်က မြေပြင် နဲ့ ဝေဟင် သာလွန်အင်အားဖြင့် ၇ လနီးခန့် အကြီးအကျယ်စစ်ကြောင်း ထိုးပြီးနောက် ယနေ့ဧပြီလ ၂၅ ရက်မနက်ပိုင်း ၃ နာရီဝန်ကျင်းမှာ ဝင်ရောက်နိုင်ပြီလို့ သိရပါတယ်။ အကြမ်းဖက်စစ်တပ်ဟာ ဖလမ်းမြို့ကို ၂၀၂၅ ခုနှစ်အောက်တိုဘာလကုန်ပိုင်းကစပြီး အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးလာခဲ့တာဖြစ်ပြီး ၇ လနီးပါးအကြာမှာ ဖလမ်းမြို့ နဲ့ ဆူရ်းဘုန်လေဆိပ်ကို ဝင်ရောက်နိုင်ခဲ့တာဖြစ်ပါတယ်။ အကြမ်းဖက်စစ်တပ်ရဲ့ အာဘော် Telegram တွေမ
Apr 25


ဖလမ်းတိုက်ပွဲမှာ တပ်မ (၇၇) လက်အောက်ခံ တပ်ရင်းမှူး ဗိုလ်မှူးသန့်ဇော်ဦးသေ၊ ၂၀ ကျော်ဒဏ်ရာရ
VOC/ April 24, 2026 ချင်းပြည်၊ ဖလမ်းမြို့နယ်အတွင်း ဖြစ်ပွားနေတဲ့တိုက်ပွဲမှာ အကြမ်းဖက်စစ်တပ်ရဲ့ တပ်မ (၇၇) လက်အောက်ခံ တပ်ရင်း မှူး ဗိုလ်မှူးသန့်ဇော်ဦး မနေ့က သေဆုံးသွားတယ်လို့ ရှေ့တန်းစစ်မြေပြင် သတင်းရင်းမြစ်များထံကနေသိရပါတယ်။ မနေ့ ဧပြီလ ၂၃ ရက်နေ့က ဖလမ်းမြို့အရှေ့ခြမ်း Sumhrang ကျေးရွာအနီးတိုက်ပွဲအတွင်း ဗိုလ်မှူးသန့်ဇော်ဦး အပါ အဝင် ၂ ယောက် သေဆုံးခဲ့ပြီး အယောက် ၂၀ ကျော် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ ချင်းအမျိုးသားတပ်ဦး CNF ပြောရေးဆိုခွင့်ရှိသူဆလိုင်းထက်နီကလည်း မနေ့က ဖလမ်းတိုက်ပွဲ
Apr 24


အာဏာသိမ်းအကြမ်းဖက်စစ်တပ်က ချင်းသတင်းဌာန ၂ ခုအပါဝင် သတင်းဌာန ၃ ခုကို လိုင်စင်ပိတ်သိမ်း
VOC/ April 24, 2026 အာဏာသိမ်းအကြမ်းဖက်စစ်တပ်က ချင်းပြည်နယ်အခြေစိုက် ချင်းသတင်းဌာန ၂ ခုအပါအဝင် သတင်းဌာန ၃ ခုကို လိုင်စင်ပိတ်သိမ်းလိုက်တယ်လို့သိရပါတယ်။ လိုင်စင်ပိတ်သိမ်းခံရတဲ့ သတင်းဌာနတွေကတော့ ချင်းသတင်းဌာနတွေဖြစ်တဲ့ KHONUMTHUNG MEDIA GROUP၊ Chin World နဲ့ မျက်မှောက်ခေတ် (Nowadays News) သတင်းအေဂျင်စီ တို့ ဖြစ်ပါတယ်။ ဒီ သတင်းဌာနတွေဟာ ပုံနှိပ်ခြင်းနဲ့ထုတ်ဝေခြင်းလုပ်ငန်းဥပဒေ ပုဒ်မ ၈၊ ပုဒ်မခွဲ(ခ)ပါစည်းကမ်းချက်တွေကိုလိုက်နာခြင်း မရှိဘဲ နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနဲ့ အ
Apr 24
bottom of page

