top of page

ပခုက္ကူတပ်မ ၁၀၁ က တပ်သား ၅ ဦး လက်နက်ခဲယမ်းအပြည့်အစုံနဲ့ အလင်းဝင်လာ

  • Writer: thevoiceofchinland
    thevoiceofchinland
  • May 1
  • 1 min read

VOC/ April 29, 2026


မကွေးတိုင်း၊ ပခုက္ကူအခြေစိုက် တပ်မ ၁၀၁ က တပ်သား ၅ ဦးဟာ ကားတစ်စီး၊ လက်နက်ခဲယမ်းတွေနဲ့အတူ ပြည်သူ့ ကာကွယ်ရေးတပ်မတော် (PDF) ထံ အလင်းဝင် ဘက်ပြောင်းလာတယ်လို့ ပခုက္ကူခရိုင် အမှတ် (၈) တပ်ရင်းက သတင်းထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၁၄ ရက်နေ့က အကြမ်းဖက်စစ်တပ်လက်အောက်ခံ စစ်သား ၅ ဦးဟာ ပခုက္ကူခရိုင် အမှတ် (၈) တပ်ရင်းထံ ဆက်သွယ်ပြီး ဘက်ပြောင်း ခိုလှုံလာခဲ့တာလို့ ဒီကနေ့ထုတ်ပြန်ပါတယ်။

ဘက်ပြောင်းအလင်းဝင်လာသူတွေဟာ Crown အမျိုးအစား ကား တစ်စီး၊ MA-1 သေနတ် တစ်လက်၊ MA-2 သေနတ် တစ်လက်၊ MA-3 သေနတ် နှစ်လက်၊MA-4 သေနတ် တစ်လက်၊ ကျည်ဘောက် ၂၄ ခု၊ ကျည်ဆံ ၈၁၆ တောင့်တို့ကို ယူဆောင်လာကြတယ်လို့ ဖော်ပြပါတယ်။

အလင်းဝင်လာတဲ့ တပ်သား ၅ ဦးကို လုံခြုံစိတ်ချစွာ စောင့်ရှောက်ပေးထားပြီး ထိုက်တန်တဲ့ ဆုကြေး ချီးမြှင့်ပေးခဲ့ တယ်လို့ သိရပါတယ်။

အကြမ်းဖက်စစ်တပ်လက်အောက်ခံ တပ်သားတွေအနေနဲ့ ပြည်သူ့ရင်ခွင်ထဲ ခိုလှုံလိုရင် အချိန်မရွေး ဆက်သွယ်လာ နိုင်ကြောင်း၊ တော်လှန်ရေးတပ်ဖွဲ့တွေက ဖိတ်ခေါ်ထားပါတယ်။



 
 
 

Comments


bottom of page