သမ္မတထရမ့်တက်ရောက်တဲ့ အိမ်ဖြူတော်သတင်းထောက်ညစာစားပွဲမှာ သေနတ်ပစ်ခတ်မှုဖြစ်ပွား
- thevoiceofchinland
- Apr 28
- 1 min read
VOC/ April 26, 2026
သမ္မတ Donald Trump ကိုယ်တိုင်တက်ရောက်တဲ့ အိမ်ဖြူတော်သတင်းထောက်များ နှစ်ပတ်လည် ညစာစားပွဲမှာ သေနတ်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး သမ္မတ၊ သမ္မတကတော်နဲ့ ဒုတိယသမ္မတတို့မှာ ဘေးလွတ်ရာရှောင်ခဲ့ရပါတယ်။
သေနတ်ပစ်ခတ်မှုဖြစ်ပွားပြီးနောက် သမ္မတရဲ့ Secret Services က ဧည့်သည်များကို ဝပ်နေဖို့ ပြောကြားပြီး သမ္မတ၊ သမ္မတကတော်၊ ဒုတိယသမ္မတ၊ စိတ်ပညာရှင် Oz Pearlman ၊ WHCA အကြီးအကဲ Weijia Jiang တို့ကို ခန်းမဆောင်က ခေါ်ထုတ်သွားပါတယ်။ ဒီအိမ်ဖြူတော်သတင်းထောက်များနှစ်ပတ်လည်ညစာစားပွဲဟာ လက်ရှိအမေရိကန်သမ္မတအဖြစ် ပထမဆုံးအကြိမ် တက်ရောက်တဲ့ အခမ်းအနားဖြစ်ပါတယ်။ သမ္မတထွက်ခွာပြီးနောက်မှာ CNN သတင်းဌာနက သမ္မတဘေးကင်းကြောင်း ကြေညာထားပါတယ်။ ပစ်ခတ်မှုတရားခံကိုတော့ ဆက်ပြီးရှာဖွေစုံစမ်းနေပါတယ်။
အမေရိကန်သမ္မတ Donald Trump ဟာ ၂၀၂၄ ခုနှစ် မဲဆွယ်ကာလမှာလည်း သေနတ်နဲ့ပစ်ခတ်လုပ်ကြံခံရပြီး ကျည်ဆန်မှာ နားရွက်နားက ဖြတ်သွားကာဒဏ်ရာကြီးကြီးမားမား မရရှိခဲ့ဘဲ ရွေးကောက်ပွဲမှာ အောင်မြင်ခဲ့ပါတယ်။
Source - Fox News/ CNN




Comments