top of page

အကြမ်းဖက်စစ်တပ်နဲ့ ပူးပေါင်းသွားတဲ့ တပ်ဖွဲ့ဝင် ၃၅ ဦးကို အမည်ပျက်စာရင်းသွင်းပြီး တပ်ကနေထုတ်ပယ်ကြောင်း TRI ဗျူဟာ ကြေညာ

  • Writer: thevoiceofchinland
    thevoiceofchinland
  • Apr 28
  • 1 min read

VOC/ April 27, 2026


အကြမ်းဖက်စစ်တပ်နဲ့ ပူးပေါင်းသွားတဲ့ တပ်ဖွဲ့ဝင် ၃၅ ဦးကို အဖွဲ့ဝင်အဖြစ်ကနေ အပြီးတိုင်ထုတ်ပယ်ပြီး အမည် ပျက်စာရင်း ကြေညာလိုက်တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် TRI ဗျူဟာက ဒီကနေ့ ဧပြီ ၂၇ ရက်မှာ ကြေညာချက် ထုတ်ပြန်ပါတယ်။

အမည်ပျက်စာရင်း ကြေညာခံရသူတွေဟာ အမျိုးသား ၂၇ ဦးနဲ့ အမျိုးသမီး ၈ ဦးတို့ဖြစ်ပြီး ၎င်းတို့ဟာ ရှေ့တန်းစစ် မျက်နှာပြင်မှာ စခန်းစွန့်ခွာတာ၊ တပ်ပိုင်ပစ္စည်းခိုးယူတာ၊ ငွေကြေးအလွှဲသုံးစားပြုလုပ်တာ စတဲ့ ပြစ်မှုတွေ ကျူးလွန် ခဲ့သူတွေဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အကြမ်းဖက်စစ်တပ်ထံ လက်နက်ချအညံ့ခံတာ၊ လေကြောင်းတိုက်ခိုက်မှုပြုလုပ်နိုင်ရန် တည်နေရာပေးတာ၊ တခြားရဲဘော်တွေကို လက်နက်ချဖို့ စည်းရုံးတာတွေ ပြုလုပ်ခဲ့တယ်လို့ ထုတ်ပြန်ချက်ထဲ ဖော်ပြထားပါတယ်။

ဒါကြောင့် ၎င်းတို့ကို တပ်ပြေးနဲ့ တော်လှန်ရေး သစ္စာဖောက်အဖြစ် သတ်မှတ်ပြီး အမည်ပျက်စာရင်းကြေညာလိုက်တာ လို့ TRI ဗျူဟာက ဆိုပါတယ်။

TRI ဗျူဟာတပ်ဟာ မန္တလေးတိုင်း မိုးကုတ်၊ သပိတ်ကျင်းမြို့နယ်တွေမှာ အခြေစိုက်ပြီး အကြမ်းဖက်စစ်တပ်ကို တော်လှန်တိုက်ခိုက်နေတဲ့ အဖွဲ့ဖြစ်ပါတယ်။



 
 
 

Comments


bottom of page