top of page

#BreakingNews || ဖလမ်းမြို့ နဲ့ ဆူရ်းဘုန်လေဆိပ်ကို အကြမ်းဖက်စစ်တပ်တွေဝင်ရောက်နိုင်ပြီဟု ဆို

  • Writer: thevoiceofchinland
    thevoiceofchinland
  • Apr 25
  • 1 min read

VOC/ April 25, 2026


ချင်းပြည် ဖလမ်းမြို့နဲ့ ဆူရ်းဘုန်လေဆိပ်ကို အကြမ်းဖက်စစ်တပ်က မြေပြင် နဲ့ ဝေဟင် သာလွန်အင်အားဖြင့် ၇ လနီးခန့် အကြီးအကျယ်စစ်ကြောင်း ထိုးပြီးနောက် ယနေ့ဧပြီလ ၂၅ ရက်မနက်ပိုင်း ၃ နာရီဝန်ကျင်းမှာ ဝင်ရောက်နိုင်ပြီလို့ သိရပါတယ်။

အကြမ်းဖက်စစ်တပ်ဟာ ဖလမ်းမြို့ကို ၂၀၂၅ ခုနှစ်အောက်တိုဘာလကုန်ပိုင်းကစပြီး အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးလာခဲ့တာဖြစ်ပြီး ၇ လနီးပါးအကြာမှာ ဖလမ်းမြို့ နဲ့ ဆူရ်းဘုန်လေဆိပ်ကို ဝင်ရောက်နိုင်ခဲ့တာဖြစ်ပါတယ်။

အကြမ်းဖက်စစ်တပ်ရဲ့ အာဘော် Telegram တွေမှာတော့ အကြမ်းဖက်စစ်သားတွေက ဆူရ်းဘုန်လေဆိပ်နောက်ခံထား ဓာတ်ပုံရိုက်ပြီး ဖလမ်းမြို့ကိုသိမ်းပိုက်ပြီဆိုပြီး ဝါဒဖြန့်ချိဖော်ပြကြပါတယ်။


ပုံစာ- အကြမ်းဖက်စစ်သားတွေ ဆူရ်းဘုန်လေဆိပ်ရှေ့မှာ တွေ့ရစဉ်



 
 
 

Comments


bottom of page