top of page

မလေးရှားအသွား လမ်းခုလတ်မှာ ရင်နှင့်ဖွယ်ရာကွယ်လွန်ခဲ့သော ချင်းလူငယ်ရဲ့ အိမ်အပြန်နောက်ဆုံးခရီး

  • Writer: thevoiceofchinland
    thevoiceofchinland
  • Apr 28
  • 1 min read

VOC/ April 28, 2026


မလေးရှားနိုင်ငံကို သွားရောက်ဖို့ ကြိုးပမ်းစဉ် လမ်းခုလတ် ထိုင်းနိုင်ငံမှာ အသက်ရှူကျပ်ပြီး ကွယ်လွန်သွားတဲ့ ချင်း လူငယ် Pau Lam Kim ရဲ့ ရုပ်အလောင်းကို မွေးရပ်ဇာတိ ချင်းပြည် တီးတိန်မြို့နယ် Tuivial ကျေးရွာမှာ ဒီကနေ့ သဂြိုလ်ခဲ့ကြတယ်လို့သိရပါတယ်။

Pau Lam Kim ရဲ့ ရုပ်အလောင်းကို ဧပြီလ ၂၃ ရက်နေ့က ထိုင်းနိုင်ငံ Hat Yai ဆေးရုံကနေ ထုတ်ယူပြီးနောက် လူမှုကူညီရေးပဟရိတအဖွဲ့အစည်းတွေရဲ့ အကူအညီးဖြင့် မြဝတီ-ပဲခူး-မန္တလေး -ကလေးဝ လမ်းကြောင်းကနေ အဆင့် ဆင့်သယ်ဆောင်လာပြီး မနေ့ ဧပြီလ ၂၇ ရက်နေ့မှာ Tuivial ရွာရောက်ရှိခဲ့တာဖြစ်ပါတယ်။

ချင်းလူငယ် Pau Lam Kim ဟာ သူငယ်ချင်း ၃ ဦးအနဲ့အတူ မလေးရှားနိုင်ငံကို သွားရောက်ဖို့ ပြီးခဲ့တဲ့ ဧပြီလ ၁၁ ရက် နေ့က ထိုင်းနိုင်ငံကတစ်ဆင့် ကားနဲ့ထွက်လာစဉ် ကားပေါ်မှာ လူများလွန်းတာကြောင့် အသက်ရှူမွန်းကျပ်ပြီး ကွယ်လွန် သွားခဲ့တာဖြစ်ပါတယ်။

အဲဒီလိုကွယ်လွန်ပြီးနောက် ထိုင်းအာဏာပိုင်တွေက Hat Yai ဆေးရုံမှာ ရုပ်အလောင်းကို ၁၃ ရက်အကြာထိန်းသိမ်းခဲ့ ပြီး ဧပြီလ ၂၃ ရက်နေ့ကျမှ ရုပ်အလောင်းကို ထိုင်းနိုင်ငံကနေ မြန်မာနိုင်ငံသို့ အဆင့်ဆင်သယ်ဆောင်ခဲ့ပြီးနောက် ဧပြီလ ၂၇ ရက်နေ့မှာ Tuivial ရွာကိုရောက်ရှိနိုင်ခဲ့တာဖြစ်ပါတယ်။

နေအိမ်ကို ပြန်လည်ရောက်ရှိလာတဲ့ Pau Lam Kim ရဲ့ ရုပ်အလောင်းကို မိသားစုဝင်၊ ဆွေမျိုးတွေနဲ့ ရွာသူရွာသားတွေက ဝမ်းနည်းကြေကွဲစွာဖြင့် ကြိုဆိုခဲ့ကြပြီး ဒီကနေ့ ဧပြီလ ၂၈ ရက်နေ့မွန်းလွဲပိုင်းမှာ မြေမြိုသဂြိုလ်ခဲ့ကြတာဖြစ်ပါ တယ်။

လက်ရှိမှာ Pau Lam Kim သူငယ်ချင်း ၃ ဦးမှာကတော့ တရားမဝင် ဝင်ရောက်မှုဖြင့် ထိုင်းအာဏာပိုင်တွေ က ဖမ်းဆီး ထားပြီး ထောင်ဒဏ် ဒါမှမဟုတ် ပြည်နှင်ဒဏ်ပေးခံရမယ့် အခြေအနေမှာ ရှိနေတယ်လို့ သိရပါတယ်။



 
 
 

Comments


bottom of page