မတူပီမြို့နယ်မှာ CDF-Daai တပ်ဖွဲ့က Wifi စက်နဲ့ ဆိုလာပြားတွေဖြုတ်သိမ်းလို့ ဒေသခံပြည်သူနဲ့ အငြင်းပွားမှုဖြစ်
- thevoiceofchinland
- Apr 28
- 1 min read
VOC/ April 28, 2026
ချင်းပြည်တောင်ပိုင်း မတူပီမြိုနယ် ဒိုင်ဒေသမှာ CDF-Daai တပ်ဖွဲ့ဝင်တွေက ဒေသခံပြည်သူများ လျှပ်စစ်မီးအတွက်အသုံးပြုတဲ့ ဆိုလာပြား နဲ့ Wifi စက်တွေဖြုတ်သိမ်းလို့ ပြည်သူတွေနဲ့ အငြင်းပွားမှုဖြစ်ပွားတဲ့ရုပ်သံတစ်ခု လူမှု ကွန်ယက်စာမျက်နှာပေါ်မှာ ပြီးခဲ့တဲ့ရက်ပိုင်းက ပြန့်နှံ့လာခဲ့ပါတယ်။
ဒီဖြစ်စဉ်ဟာ မတူပီမြို့နယ် ဒိုင်ဒေသ ဆီလှည့်ကျေးရွာမှာ ပြီးခဲ့တဲ့ရက်ပိုင်းကဖြစ်ပွားခဲ့တာလို့ သိရပါတယ်။
ချင်းပြည်သူ့အစည်းအရုံး CPU/CPA အဖွဲ့ဝင် CDF-Daai တပ်ဖွဲ့ဝင်တချို့ဟာ ကျေးရွာနေပြည်သူများရဲ့ ခွင့်ပြုချက်မရှိဘဲ အိမ်ပေါ်သို့ တက်ရောက်ကာ Solar ပြားများ ဖြုတ်ယူတာ၊ ဘုရားကျောင်းအတွင်းရှိ အင်တာနက် WiFi စက်တွေ သိမ်းယူတာ၊ ကျေးရွာအတွင်း ကြက်/ဝက်တွေကို ပိုင်ရှင်ထံခွင့်မတောင်းပဲ သတ်ဖြတ်စားသောက်တာတွေ ပြုလုပ်နေ တာကြောင့် ဒေသခံပြည်သူတွေအကြား မကျေနပ်မှုတွေဖြစ်ပေါ်နေတယ်လို့သိရပါတယ်။
ဒီလိုအခြေအနေတွေကြောင့် ဆီလှည့်ကျေးရွာပြည်သူတွေဟာ တူမီးသေနတ်အပါဝင် ရရာလက်နက်များကိုင်ဆောင်ကာ ဧပြီလ ၂၆ ရက် တနင်္ဂနွေနေ့ မနက်အစောပိုင်းမှာ ကျေးရွာကျောင်းဝန်းအတွင်း စုဝေးခဲ့ကြပြီး ဆန္ဒပြမှုများပြုလုပ် ခဲ့ကြတယ်လို့လည်း သိရပါတယ်။
ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး သက်ဆိုင်ရာ CDF-Daai တပ်ဖွဲ့ကတော့ တစုံတရာထုတ်ပြန်ခြင်းမရှိသေးပါဘူး။




Comments