top of page

မလေးရှားအာဏာပိုင်တွေက မြန်မာနိုင်ငံသား ၆၉ ဦးကို နေရပ်ပြန်ပို့

  • Writer: thevoiceofchinland
    thevoiceofchinland
  • Apr 28
  • 1 min read

VOC/ April 27, 2026


မလေးရှားနိုင်ငံ ဂျူဟိုးပြည်နယ်မှာ တရားမဝင်နေထိုင်မှုဖြင့် ဖမ်းဆီးခံရပြီး ပြစ်ဒဏ်ကျခံပြီးသား မြန်မာနိုင်ငံသား ၆၉ ဦး နေရပ်ပြန်ပို့ခံရတယ်လို့ သိရပါတယ်။

ဒီကနေ့ ဧပြီလ ၂၇ ရက်နေ့မှာ ဂျူဟိုးပြည်နယ် ပီကန် နာနာ့စ်လူဝင်မှုကြီးကြပ်ရေးကမ့်မှာ ထိန်းသိမ်းခံရတဲ့ မြန်မာနိုင်ငံသား ၆၉ ဦးအပါအဝင် နိုင်ငံခြားသား ၉၇ ဦးကို လေဆပ်ကနေ နေရပ်အသီးသီးသို့ ပြန်လည်ပို့ဆောင်ခဲ့တာဖြစ်ပါတယ်။

နေရပ်ပြန်ပို့ခံရသူတွေဟာ မလေးရှားနိုင်ငံမှာ တရားဝင်အထောက်အထားမရှိတာကြောင့် စက်ရုံ၊ စားသောက်ဆိုင် နဲ့ နေအိမ်တွေကနေ ဖမ်းဆီးခံခဲ့ရသူတွေဖြစ်ကြပြီး လူဝင်မှုကြီးကြပ်ရေးဥပဒေအရ ပြစ်ဒဏ်အသီးသီးကျခံပြီးသူ တွေဖြစ်ကြပါတယ်။

နေရပ်ပြန်ပို့ခံရသူတွေကတော့ မြန်မာနိုင်ငံသား ၆၉ ဦး၊ ဘင်္ဂလားဒေ့ရှ် - ၂၄ ဦး၊ အိန္ဒိယ - ၂ ဦး၊ တရုတ် - ၁ ဦး နဲ့ ဖိလစ်ပိုင် - ၁ ဦးတို့ဖြစ်ပါတယ်။

သူတို့အားလုံးကို မလေးရှားလူဝင်မှုကြီးကြပ်ရေးဌာနက နာမည်ပျက်စာရင်းသွင်းထားပြီး မလေးရှားနိုင်ငံသို့ ပြန်လည်ဝင်ရောက်ခွင့် တားမြစ်ပိတ်ပင်ထားတယ်လို့သိရပါတယ်။



 
 
 

Comments


bottom of page