top of page

မလေးရှားမှာ မြန်မာနိုင်ငံသား ၂၆ ဦးအပါဝင် နိုင်ငံခြားသား ၃၉ ဦးဖမ်းဆီးခံရ

  • Writer: thevoiceofchinland
    thevoiceofchinland
  • May 1
  • 1 min read

VOC/ April 29, 2026


မလေးရှားနိုင်ငံ၊ ဂျုဟိုးပြည်နယ်၊ ဂျုဟိုးဘာရူးမှာ မြန်မာနိုင်ငံသား ၂၆ ဦးအပါအဝင် နိုင်ငံခြားသား ၃၉ ဦးကို မလေးရှားလူဝင်မှုကြီးကြပ်ရေးဌာနက ဧပြီလ ၂၇ ရက်နေ့က ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။

ဖမ်းဆီးခံရသူထဲမှာ မြန်မာအမျိုးသား ၂၀ ဦးနှင့် အမျိုးသမီး ၆ဦး ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံအမျိုးသား ၁၀ဦး၊ အမျိုးသမီး ၁ ဦးနှင့် အင်ဒိုနီရှားနိုင်ငံသား ၂ဦးတို့ပါဝင်တယ်လို့ သိရပါတယ်။

ဖမ်းဆီးခံရသူအားလုံးကို ၁၉၅၉/၆၃ လူဝင်မူကြီး ကြပ်ရေးအက်ဥပဒေဖြင့်ဆက်လက် အရေးယူမှုများပြုလုပ်နိုင်ရန် Setia Tropika လူဝင်မှုကြီးကြပ်ရေးတွင်ထိန်းသိမ်းထားတယ်လို့ သိရပါတယ်။



 
 
 

Comments


bottom of page