top of page

မလေးရှားနယ်စပ်အဝင်မှာ မြန်မာနိုင်ငံသား ၁၀ ဦးဖမ်းဆီးခံရ

  • Writer: thevoiceofchinland
    thevoiceofchinland
  • Apr 28
  • 1 min read

VOC/ April 27, 2026


မလေးရှားနိုင်ငံ၊ ကလန်တန်ပြည်နယ် ပါဆင့်မာ့စ်အရပ်ဒေသမှာ ထိုင်းနိုင်ငံဘက်ကနေ ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံ သား ၁၀ ဦး မနေ့ညက ဖမ်းဆီးခံရတယ်လို့ သိရပါတယ်။

အသက် ၂၁ နှစ်ကနေ ၄၇ နှစ်ရွယ်ကြားတွေရှိကြတဲ့ မြန်မာနိုင်ငံသား ၁၀ ဦးဟာ တရားဝင်အထောက်အထားမရှိဘဲ ထိုင်းနိုင်ငံကနေ မလေးရှားနိုင်ငံကို ဝင်ရောက်လာတဲ့အချိန် ဧပြီလ ၂၆ ရက်ည ၇ နာရီဝန်းကျင်မှာ ဖမ်းဆီးခံရတာလို့ မလေးရှားက မြန်မာဒုက္ခသည်တွေကို ကူညီပေးနေတဲ့ ကိုအိုက်လွင်ကဖော်ပြပါတယ်။

ဖမ်းခံရတဲ့ မြန်မာနိုင်ငံသား ၁၀ ဦးဟာ မလေးရှားနိုင်ငံအတွင်းသို့ဝင်ရောက်ရန် အေးဂျင့်တွေထံ လူတစ်ဦးမှာ မလေးရှားငွေ ရင်းဂစ် ၄၀၀၀ ဝန်းကျင်ပေးခဲ့ရတယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ မလေးရှားလူဝင်မူကြီးကြပ်ရေးအက်ဥပဒေ ၁၉၅၉/၆၃ ပြဌာန်းချက် ပုဒ်မ ၆(၁) (ဂ) ဖြင့်အမှုဖွင့်စစ်ဆေးနေတယ်လို့သိရပါတယ်။



 
 
 

Comments


bottom of page