top of page

ဘိုကလေးမြို့နယ်မှာ အသက် ၁၈ နှစ်အရွယ် လူငယ်တစ်ဦး မိကျောင်းကိုက်ခံရပြီး သေဆုံး

  • Writer: thevoiceofchinland
    thevoiceofchinland
  • May 1
  • 1 min read

VOC/ April 29, 2026


ဧရာဝတီတိုင်း၊ ဘိုကလေးမြို့နယ်၊ မိန်းမလှကျွန်းက အမဲချောင်းမှာ ဂဏန်းပိုက်ချနေတဲ့ အသက် ၁၈ နှစ်အရွယ် လူငယ်အမျိုးသားတစ်ဦး မိကျောင်းကိုက်ခံရလို့ သေဆုံးခဲ့တယ်လို့ ဘိုကလေးမြို့နယ် အထွေထွေအုပ်ချုပ်ရေးရုံးက ထုတ်ပြန်ပါတယ်။

ဧပြီလ ၂၇ ရက်၊ ည ၇ နာရီက ချောင်းထဲ ဂဏန်းပိုက်ချနေတဲ့ မောင်မိုးဝေယံရဲ့လှေကို အလျား ၁၅ ပေ၊ ဗြက် ၃ ပေခန့်ရှိတဲ့ မိကျောင်းက ရေထဲကနေ လှမ်းကိုက်လိုက်တဲ့အချိန် လှေမှောက်သွားခဲ့ပြီး ရေထဲကျသွားတဲ့အချိန် မိကျောင်းက ကိုက်ချီသွားခဲ့တာလို့ ဆိုပါတယ်။

ဒေသခံရွာသူ/ရွာသားတွေက လုံက်လံရှာဖွေကြရာမှာ တစ်နာရီ လောက်အကြာမှာတော့ မောင်မိုးဝေယံရဲ့ခန္ဓာကိုယ်အနှံ့ ပေါက်ပြဲဒဏ်ရာတွေနဲ့ သေဆုံးနေတာကို တွေ့ခဲ့ရတယ်လို့ဆိုပါတယ်။ ရုပ်အလောင်းကိုတော့ စက်ဆန်းတိုက်နယ်ဆေး ရုံကို ပို့ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။

ဘိုကလေးမြို့နယ်မှာ မိကျောင်းကိုက်ခံရတာ နှစ်တိုင်းဖြစ်ပွားလေ့ရှိတယ်လို့သိရပါတယ်။

ဘိုကလေးမြို့နယ်၊ မိန်းမလှကျွန်းတောရိုင်းတိရစ္ဆာန်ဘေးမဲ့တောက မြစ်ချောင်းတွေထဲမှာ ချောင်းအလျား ၁၆၃ ကီလို မီတာအတွင်း မိကျောင်းအကောင်ရေ ၁၁၅ ကောင်ကို မိန်းမလှကျွန်း တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော အုပ်ချုပ်ရေး မှူးရုံးက ၂၀၂၂ ခုနှစ်အတွင်း မှတ်တမ်းတင်ထားလို့သိရပါတယ်။

အဲဒီဘေးမဲ့တောဟာ ရေချို၊ ရေငန်စပ် မိကျောင်းတွေ အဓိက ကျက်စားရာ မျိုးပွားရာနေရာဖြစ်တယ်လို့လည်း ဖော်ပြထားပါတယ်။



 
 
 

Comments


bottom of page