top of page

ဖာပွန်ခရိုင်မှာ နှစ်ပေါင်း ၃၀ နီးပါးသက်တမ်းရှိတဲ့ အကြမ်းဖက်စစ်တပ်စခန်းကို KNLA ပူးပေါင်းတပ်သိမ်းပိုက်

  • Writer: thevoiceofchinland
    thevoiceofchinland
  • Apr 28
  • 1 min read

VOC/ April 27, 2026


ကရင်ပြည်နယ်၊ ဖာပွန် (မူတြော်) ခရိုင်၊ လူသောမြို့နယ်မှာ အကြမ်းဖက်စစ်တပ်က နှစ်ပေါင်း ၃၀ နီးပါးအထိုင်ချတပ်စွဲထားတဲ့ ကဘောတူစခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နဲ့ ပူးပေါင်းတပ်ဖွဲ့တွေ တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ သိရပါတယ်။

ကရင်အမျိုးသားအစည်းအရုံး-KNU တပ်မဟာ(၅)၊ မူတြော်(ဖာပွန်)ခရိုင်ထဲမှာတည်ရှိတဲ့ အာဏာသိမ်းစစ်တပ်ရဲ့ ကဘောတူစခန်းကို KNLA ပူးပေါင်းတပ်တွေက ဝိုင်းဝန်းပိတ်ဆို့တိုက်ခိုက်နေတဲ့အချိန်မှာ အကြမ်းဖက်စစ်တပ်ဘက်က လေကြောင်းပစ်ကူတွေအဆက်မပြတ်ပြုလုပ်ခဲ့ပေမယ့် ဧပြီလ ၂၅ ရက် နေ့လည် ၁၂ နာရီဝန်းကျင်မှာ စခန်းကို အပြီး သတ်သိမ်းပိုက်နိုင်ခဲ့တယ်လို့ KNU တပ်မဟာ (၅) ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီးစောကလယ်ဒို့က ပြောပါတယ်။

လက်ရှိမှာ KNLA ပူးပေါင်းတပ်ဖွဲ့တွေက နယ်မြေရှင်းလင်းရေးလုပ်ဆောင်နေပြီး အကြမ်းဖက်စစ်တပ်ဘက်က သေဆုံးမှုစာရင်း နဲ့ သိမ်းဆည်းရမိသည့် လက်နက်ခဲယမ်းအသေးစိတ်အခြေအနေကိုတော့ မသိရသေးပါဘူး။

နှစ်ပေါင်း ၃၀ နီးခန့်ရှိပြီဖြစ်တဲ့ ကဘောတူစခန်းဟာ ဖာပွန်မြို့နှင့် ကာမမောင်းမြို့အကြားတွင်တည်ရှိပြီး အကြမ်း ဖက်စစ်တပ်အတွက် လမ်းပန်းဆက်သွယ်ရေးနှင့် နယ်မြေစိုးမိုးရေးအတွက် အချက်အချာကျတဲ့အထိုင်စခန်း ဖြစ်ပါတယ်။


Source- KIC

ရုပ်သံ- Thunder Kawthoolei



 
 
 

Comments


bottom of page