top of page

အကြမ်းဖက်စစ်တပ်ကြောင့် ယခုနှစ်အတွင်း အသက် ၁၈ နှစ်အောက်ကလေးငယ် ၇၀ ကျော်သေဆုံး

  • Writer: thevoiceofchinland
    thevoiceofchinland
  • Apr 28
  • 1 min read

VOC/ April 28, 2026


အကြမ်းဖက်စစ်တပ်ကြောင့် ယခုနှစ်အတွင်းမှာ အသက် ၁၈ နှစ်အောက် ကလေးငယ် ၇၀ ကျော်သေဆုံးခဲ့ရပြီလို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း-AAPP က ယနေ့ထုတ်ပြန်ပါတယ်။

၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁ ရက်ကနေ ယနေ့ဧပြီလ ၂၈ ရက်နေ့အထိ ၄ လအတွင်း နိုင်ငံတဝန်းလုံးမှာ အကြမ်းဖက်စစ် အုပ်စုကြောင့် အသက်နှစ်လအရွယ် ယောကျ်ားလေးတဦးအပါအဝင် အသက် ၁၈ နှစ်အောက် မိန်းကလေး ၃၃ ဦးနှင့် ယောက်ျားလေး ၃၈ ဦး စုစုပေါင်း ၇၁ ဦး သေဆုံးခဲ့တာကို အမည်နှင့်တကွ အတည်ပြုနိုင်ခဲ့တယ်လို့ AAPP က ဖော်ပြ ပါတယ်။

သေဆုံးသူ ၇၁ ဦးထဲက ၄၅ ဦးဟာ အကြမ်းဖက်စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့တာဖြစ်တယ်လို့ AAPP ကဆိုပါတယ်။ ပဲခူတိုင်းက ၂၃ ဦးဖြင့် သေဆုံးမှု အများဆုံးဒေသဖြစ်ပါတယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက် မတရားစစ်အာဏာသိမ်းတဲ့အချိန်ကနေ ယနေ့ ဧပြီလ ၂၈ ရက်နေ့အထိ အကြမ်း ဖက်စစ်အုပ်စုနဲ့ လက်ပါးစေတွေကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း ဒီမိုကရေစီရေး လှုပ်ရှားသူတွေနဲ့ ပြည်သူ စုစုပေါင်း ၇၉၉၆ ဦး သေဆုံးခဲ့ရပြီလို့ AAPP ရဲ့စာရင်းအရသိရပါတယ်။

ဒါ့အပြင် မတရားအာဏာသိမ်းမှုဖြစ်စဉ်အပေါ် ဆန့်ကျင်ခဲ့တဲ့ဖြစ်ရပ်တွေနဲ့ဆက်စပ်ပြီး အကြမ်းဖက်စစ်အုပ်စုရဲ့ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း ၃၀၉၁၅ ဦးရှိခဲ့တယ်လို့ဆိုပါတယ်။ အဲဒီထဲမှာ ၁၄၁၇၃ ဦးကတော့ အကျဉ်းထောင်တွေထဲမှာ ထိန်းသိမ်းခံနေရဆဲဖြစ်တယ်လို့ သိရပါတယ်။


ဓာတ်ပုံ- ယခင်ပုံဟောင်း



 
 
 

Comments


bottom of page