top of page

ဖလမ်းတိုက်ပွဲမှာ တပ်မ (၇၇) လက်အောက်ခံ တပ်ရင်းမှူး ဗိုလ်မှူးသန့်ဇော်ဦးသေ၊ ၂၀ ကျော်ဒဏ်ရာရ

  • Writer: thevoiceofchinland
    thevoiceofchinland
  • Apr 24
  • 1 min read

VOC/ April 24, 2026


ချင်းပြည်၊ ဖလမ်းမြို့နယ်အတွင်း ဖြစ်ပွားနေတဲ့တိုက်ပွဲမှာ အကြမ်းဖက်စစ်တပ်ရဲ့ တပ်မ (၇၇) လက်အောက်ခံ တပ်ရင်း မှူး ဗိုလ်မှူးသန့်ဇော်ဦး မနေ့က သေဆုံးသွားတယ်လို့ ရှေ့တန်းစစ်မြေပြင် သတင်းရင်းမြစ်များထံကနေသိရပါတယ်။

မနေ့ ဧပြီလ ၂၃ ရက်နေ့က ဖလမ်းမြို့အရှေ့ခြမ်း Sumhrang ကျေးရွာအနီးတိုက်ပွဲအတွင်း ဗိုလ်မှူးသန့်ဇော်ဦး အပါ အဝင် ၂ ယောက် သေဆုံးခဲ့ပြီး အယောက် ၂၀ ကျော် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

ချင်းအမျိုးသားတပ်ဦး CNF ပြောရေးဆိုခွင့်ရှိသူဆလိုင်းထက်နီကလည်း မနေ့က ဖလမ်းတိုက်ပွဲမှာ အကြမ်းဖက်စစ် တပ်ရဲ့ တပ်ရင်းမှူး ဗိုလ်မှူးသန့်ဇော်ဦးသေဆုံးပြီး အများအပြားဒဏ်ရာရရှိခဲ့တယ်လို့ ပြောပါတယ်။

အကြမ်းဖက်စစ်တပ်ကြောင်းတွေဟာ ယခုလက်ရှိမှာ ဖလမ်းမြို့ထဲကို ဝင်ရောက်နိုင်ခြင်းမရှိပေမယ့် ဖလမ်းမြို့ နဲ့ ၅ မိုင်ခန့်အကွာ C-Zamual ကျေးရွာ နဲ့ Congheng ကျေးရွာဘုရားကျောင်း နဲ့ စာသင်ကျောင်းမှာတပ်စွဲထားကြတယ်လို့ သိရပါတယ်။

ဒါ့အပြင် ဖလမ်းမြို့ကနေ ၁၀ မိုင်ပတ်ခြာလည်မှာရှိတဲ့ ဗာရ်း၊ ခွန်းလီ ၊ ဆုမ်ဟရန်းကျေးရွာအနီးမှာ တပ်စွဲထားကြတယ် လို့သိရပါတယ်။

ဒီကနေ့ဧပြီလ ၂၄ ရက်နေ့မှာလည်း အကြမ်းဖက်စစ်တပ်နဲ့ ချင်းတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေ တိုက်ပွဲတွေဆက် လက်ဖြစ်ပွားနေပြီး လေကြောင်းတိုက်ခိုက်မှုတွေလည်း ဆက်လက်ပြုလုပ်နေတယ်လို့သိရပါတယ်။

အကြမ်းဖက်စစ်တပ်ဟာ ဆူရ်းဘုန်လေဆိပ်အနီးတဝိုက်ကို ယနေ့မနက်ပိုင်းက အနည်းဆုံး ၄ ကြိမ်ခန့် ဗုံးကြဲတိုက်ခိုက် ခဲ့သလို ဆွန်းတလာကျေးရွာအနီးမှာ လေထီးဖြင့် ခဲယမ်းနှင့် ရိက္ခာထုပ်တွေ ချပေးခဲ့တယ်လို့သိရပါတယ်။


ပုံဟောင်း



 
 
 

Comments


bottom of page