ဖလမ်းမှာ အကြမ်းဖက်စစ်တပ်ရဲ့လက်နက်ကြီးကြောင့် ဆယ်ကျော်သက်အရွယ်အမျိုးသမီးငယ်တစ်ဦး ဆေသုံး
- thevoiceofchinland
- May 1
- 1 min read
VOC/ May 1, 2026
ချင်းပြည်၊ ဖလမ်းမြို့နယ် တလန်ရောန် (Thlanrawn) ကျေးရွာက ဆယ်ကျော်သက်အရွယ်အမျိုးသမီးငယ်တစ်ဦးဟာ အကြမ်းဖက်စစ်တပ်ရဲ့ လက်နက်ကြီးကြောင့် သေဆုံးသွားတယ်လို့သိရပါတယ်။
မနေ့ ဧပြီလ ၃၀ ရက် မနက် ၁၀ နာရီဝန်းကျင်မှာ Lungrang ရွာမှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်တပ်က လက်နက် ကြီး၊ ဒရုန်းတွေနဲ့ Thlanrawn ကျေးရွာဘက်ကို ဗုံးကြဲတိုက်ခိုက်ရာမှာ တောထဲကို စစ်ဘေးရှောင်နေတဲ့ အသက် ၁၇ နှစ်အရွယ် မငွန်နှဲမ်တီလ် (Mai Ngun Hnen Ṭial) သေဆုံးခဲ့တာလို့ ဒေသခံတွေထံကနေသိရပါတယ်။
အာဏာသိမ်းအကြမ်းဖက်စစ်တပ်ဟာ ဧပြီလ ၂၅ ရက်နေ့က ဖလမ်းမြို့ကိုသိမ်းပိုက်ပြီးနောက် ဖလမ်း-ဟားခါးလမ်း ဘက်ကို စိုးမိုးထိန်းချုပ်နိုင်ဖို့အတွက် ဆက်လက်ထိုးစစ်ဆင်ခဲ့ပြီး Lungrang ကျေးရွာမှာ တပ်စွဲထားကြတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ဧပြီလ ၂၆ ရက်နေ့ကလည်း Lungrang မှာတပ်စွဲထားတဲ့ အကြမ်းဖက်စစ်သားတွေဟာ Thanhniar ရွာသစ်ကို ဝင်ရောက်ပြီး ကျေးရွာထဲကျန်ခဲ့တဲ့အသက် ၇၀ ကျော်အရွယ်အဘွားအိုကို မုဒိမ်းကျင့်သတ်ဖြတ်ခဲ့ကြပါတယ်။
လက်ရှိမှာ ဖလမ်း-ဟားခါးလမ်းပိုင်းမှာတည်ရှိတဲ့ Lungpi, Lungrang, Thanhniar, Thanhniar, Rialti စတဲ့ ကျေးရွာတွေက တော့ ဘေးလွတ်ရာတောတောင်တွေထဲ ထွက်ပြေးတိမ်းရှောင်နေကြရတာဖြစ်ပါတယ်။




Comments