ချင်း-မကွေးအစပ်ယောဒေသကို အကြမ်းဖက်စစ်တပ်က စစ်အင်အားဖြည့်တင်းနေ
- thevoiceofchinland
- May 1
- 1 min read
VOC/ April 30, 2026
ချင်း-မကွေးအစပ် ယောဒေသ ဆော၊ ကျောက်ထုဘက်ကို အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ လက်နက်ခဲ ယမ်းတွေဖြည့်တင်းနေသလို မြေပြင်ကနေလည်း စစ်အင်အားဖြည့်တင်းဖို့ကြိုးစားနေတယ်လို့သိရပါတယ်။
ဆောမြို့နယ် ကျောက်ထုမြို့အခြေစိုက် အမြောက်တပ် အမှတ် ၃၆၈ ကို အကြမ်းဖက်စစ်တပ်က နှစ်ရက်ဆက်တိုက် လေကြောင်းဖြင့် လက်နက်ခဲယမ်း နဲ့ ရိက္ခာထုတ်များချပေးနေပါတယ်။
အကြမ်းဖက်စစ်တပ်ဟာ မနေ့ဧပြီလ ၂၉ နဲ့ ဒီကနေ့ ဧပြီ ၃၀ ရက်နေ့တွေမှာ ကျောက်ထုအမြောက်တပ်ကို Y 12 ထောက်ပို့လေယာဉ်ဖြင့် အထုတ်ပေါင်း ၁၀၀ ကျော် ချပေးခဲ့တယ်လို့ သိရပါတယ်။
တဖက်မှာလည်း အင်အား ၅၀၀ ခန့်ပါဝင်တဲ့ အကြမ်းဖက်စစ်တပ်ယာဉ်တန်းဟာ ဧပြီလ ၂၅ ရက်နေ့က ပြင်ဦးလွင်မြို့ ကနေ မိတ္ထီလာမြို့ကိုထွက်လာပြီး အဲဒီကနေတဆင့် ကျောက်ပန်းတောင်းကို ရောက်ရှိခဲ့ပါတယ်။
ကျောက်ပန်းတောင်းကနေ ဆိပ်ဖြူ-ပေါက်ဆယ်မိုင်လမ်းဆုံမှာ ဒီကနေ့ ဧပြီ ၃၀ ရက်နေ့မှာရောက်ရှိလာပြီး အဲဒီကနေ ချင်း-မကွေးအစပ် ဆောမြို့နယ် ကျောက်ထုမြို့ဘက်ကို ဆက်လက်ဦးတည်လာနိုင်တယ်လို့ စစ်ရေးလေ့ လာသူတွေက ခန့်မှန်းထားကြပါတယ်။
ယခုလက်ရှိမှာ အကြမ်းဖက်စစ်တပ်ဟာ မင်းတပ်မြို့ကနေ ၁၂ မိုင်ခန့်ကွာဝေးတဲ့ ဆောမြို့နယ် ကံကြီးရွာမှာ တပ်စွဲထား ကြပါတယ်။
ကျောက်ထုအမြောက်တပ်ကိုလည်း လေကြောင်းကနေ အင်အားဖြည်တင်းနေသလို ဆိပ်ဖြူကနေလည်း ဆောဘက်ကို စစ်ယာဉ်တန်းတွေဦးတည်လာနိုင်တဲ့အခြေအနေမှာရှိနေတယ်လို့ စစ်ရေးအကဲခတ်သူတွေက သုံးသပ်ကြပါတယ်။




Comments