top of page

တော်လှန်ရေးတပ်တွေသိမ်းပိုက်ထားတဲ့ အင်းတော်မြို့ကို အကြမ်းဖက်စစ်တပ်က ပြန်သိမ်း

  • Writer: thevoiceofchinland
    thevoiceofchinland
  • May 1
  • 1 min read

VOC/ May 1, 2026


တော်လှန်ရေးတပ်တွေ သိမ်းပိုက်ထားထားသော စစ်ကိုင်းတိုင်း အင်းတော်မြို့ကို အာဏာသိမ်းအကြမ်းဖက်စစ်တပ်က ပြန်လည်သိမ်းပိုက် ထိန်းချုပ်လိုက်တယ်လို့ သိရပါတယ်။

ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တို့ပူးပေါင်း သိမ်းပိုက်ခဲ့တဲ့ အင်းတော်မြို့ကို ဧပြီလ ၃၀ ရက်နေ့မှာ အလုံးစုံပြန်လည်သိမ်းပိုက်ခဲ့တာဖြစ်တယ်လို့ အကြမ်းဖက်စစ်တပ်က ဒီကနေ့ မေလ ၁ ရက်နေ့ထုတ်ပြန်လာပါတယ်။

အာဏာသိမ်းအကြမ်းဖက်စစ်တပ်ဟာ ဧပြီလ ၂၄ ရက်နေ့ကစပြီး နဘားရွာ၊ ကန်းနီရွာ၊ နားရခေါင်ရွာ၊ ကြာအင်းရွာ၊ ကျွန်းတောရွာနဲ့ကူဆိပ်ရွာတို့ကို သိမ်းပိုက်ခဲ့ပြီးနောက် ဧပြီလ ၃၀ ရက်နေ့မှာ အင်းတော်မြို့ကို သိမ်းပိုက်ခဲ့တာလို့ သိရပါတယ်။

အင်းတော်မြို့သိမ်းတိုက်ပွဲမှာ တိုက်ပွဲ ကြီး၊ ငယ် ၁၇ ကြိမ်ဖြစ်ပွားခဲ့ပြီး တော်လှန်ရေးတပ်သား ၃၃ လောင်း၊ လက်နက် မျိုးစုံ ၁၈ လက်နဲ့ဆက်စပ်ပစ္စည်းတွေ သိမ်းပိုက်ရရှိခဲ့တယ်လို့ အကြမ်းဖက်စစ်တပ်က ထုတ်ပြန်ပါတယ်။

အင်းတော်မြို့အခြေအနေနဲ့ပတ်သက်ပြီး KIA နှင့် အမျိုး‌သားညီညွတ်ရေးအစိုးရ NUG ဘက်ကတော့ တစ်စုံတစ်ရာ ထုတ်ပြန်ပြောဆိုခြင်းမရှိသေးပါဘူး။

အင်းတော်မြို့ဟာ စစ်ကိုင်းနဲ့ ကချင်နယ်စပ် ရွှေဘို-မြစ်ကြီးနား လမ်းမပေါမှာတည်ရှိတဲ့ အချက်အချာကျတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်။

အင်းတော်မြို့ကို ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ-NUG၊ MOD လက်အောက်ခံ အမှတ် ၁ စစ်ဒေသ ပူးပေါင်းတပ်ဖွဲ့တွေက ၂၀၂၅ ခုနှစ် ဧပြီ ၇ ရက်မှာ သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။



 
 
 

Comments


bottom of page