top of page

ကျင်ဒွေးမြို့ကို အကြမ်းဖက်စစ်တပ်က ထပ်မံဗုံးကြဲ၊ ရဲဘော် ၂ ဦးကျဆုံးဟုဆို

  • Writer: thevoiceofchinland
    thevoiceofchinland
  • May 1
  • 1 min read

VOC/ April 30, 2026


ချင်းပြည်တောင်ပိုင်း ကန်ပက်လက်မြို့နယ် ကျင်ဒွေးမြို့ကို အကြမ်းဖက်စစ်တပ်က ဒီကနေ့မှာ ထပ်မံဗုံးကြဲ တိုက်ခိုက် ပြီး တော်လှန်ရေးရဲဘော် ၂ ဦးကျဆုံးခဲ့တယ်လို့ သိရပါတယ်။

ယနေ့ဧပြီလ ၃၀ ရက် နေ့လည် ၁၂ နာရီခွဲဝန်းကျင်မှာ အကြမ်းဖက်စစ်တပ်က လေကြောင်းဖြင့် တစ်ကြိမ်ဗုံးကြဲခဲ့တာ ကြောင့် တာဝန်ထမ်းဆောင်နေတဲ့ ပြည်ချစ်ရဲဘော် ၂ ဦးမြင့်မြတ်စွာကျဆုံးခဲ့တယ်လို့ ကန်ပက်လက်မြို့နယ် လူသား စာနာဘေးစီမံဌာနက ထုတ်ပြန်ပါတယ်။

ထုတ်ပြန်ချက်မှာ ဖြစ်စဉ်အသေးစိတ်ကိုဖော်ပြထားခြင်းမရှိဘဲ ကျဆုံးသွားတဲ့ရဲဘော်တွေက ဘယ်တပ်ဖွဲ့ကလဲ ဘယ်သူတွေလဲဆိုတာလည်းဖော်ပြခြင်းမရှိပါဘူး။

CDF-Kanpetlet တပ်ဖွဲ့က ထိန်းချုပ်ထားတဲ့ ကျင်ဒွေးမြို့ကို အကြမ်းဖက်စစ်တပ်က မနေ့ဧပြီလ ၂၉ ရက်နေ့က ၂ ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ကျင်ဒွေးတံတားပြုပြင်နေတဲ့အရပ်သားပြည်သူ ၉ ဦးသေဆုံးခဲ့ပါတယ်။



 
 
 

Comments


bottom of page