အမေရိကန်-ဗင်နီဇွဲလား လေကြောင်းခရီးစဉ် ၇ နှစ်အကြာမှာ ပြန်လည်ပြေးဆွဲ
- thevoiceofchinland
- May 1
- 1 min read
VOC/ May 1, 2026
အမေရိကန်နဲ့ဗင်နီဇွဲလားကို တိုက်ရိုက်ပြေးဆွဲတဲ့ စီးပွားဖြစ်လေကြောင်းခရီးစဉ်ကို ၇ နှစ်အကြာမှာ ပထမဆုံးအကြိမ် ပြန်လည်ပြေးဆွဲခဲ့ပါတယ်။
American Airlines လေယာဉ်ခရီးစဉ်ဟာ မိုင်ယာမီလေဆိပ်ကနေ ဒေသစံတော်ချိန် နံနက် ၁၀:၂၆ နာရီမှာစတင်ထွက်ခွာလာပြီး ၃ နာရီအကြာမှာ မြို့တော်ကာရာကတ်စ်အနီးရှိ Simon Bolivar အပြည်ပြည်ဆိုင်ရာလေဆိပ်ကို ဒေသစံတော်ချိန် မွန်းလွဲ ၁:၁၅ နာရီမှာ ဆင်းသက်ခဲ့ပါတယ်။ ဒီလေယာဉ်ဟာ အဆိုပါနေ့နှောင်းပိုင်းမှာ မိုင်ယာမီကို ပြန်လည်ရောက်ရှိလာပါတယ်။
American Airlines လေကြောင်းလိုင်းရဲ့ အပြည့်အဝပိုင်ဆိုင်ထားတဲ့ လက်အောက်ခံကုမ္ပဏီ Envoy က လည်ပတ်သုံးစွဲနေတဲ့ Embraer 175 dual-class လေယာဉ်ကို အသုံးပြုပြီး ဗင်နီဇွဲလားကို နေ့စဉ် ဝန်ဆောင်မှုကို ပြန်လည်စတင်မယ့် ပထမဆုံးလေကြောင်းလိုင်းဖြစ်ပါတယ်။
ပထမဆုံးလေယာဉ်ခရီးစဉ်မှာ သတင်းထောက်များနဲ့အရာရှိများနဲ့ ပြည့်နှက်နေပြီး လေဆိပ်မှာ ဗင်နီဇွဲလားနိုင်ငံရဲ့အဓိကဟင်းလျာဖြစ်တဲ့ arepas အပါအဝင် အခမဲ့အစားအစာများရရှိနိုင်ပြီး ဗင်နီဇွဲလားအလံရောင်နဲ့ မိုးပျံပူဖောင်းများလည်း ရှိနေပါတယ်။ ကာရာကတ်စ်ကိုလေကြောင်းခရီးစဉ်များ ပြန်ပြီးပြေးဆွဲဖို့ ဗင်နီဇွဲလားက အာဏာရှင်သမ္မတကို ဖြုတ်ချဖမ်းဆီးပြီးနောက်ပိုင်းထဲက အမေရိကန်သမ္မတ Donald Trump က ညွှန်ကြားထားတာဖြစ်ပါတယ်။
Source - CNN/ Fox News, US State Department




Comments