အကြမ်းဖက်စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြေင့် သေဆုံးသွားတဲ့ Khawpuichhip ရွာက အပြစ်မဲ့ပြည်သူ ၇ ဦးကို မြေမြုပ်သဂြိုလ်
- thevoiceofchinland
- May 4
- 1 min read
VOC/ May 2, 2026
အာဏာသိမ်းအကြမ်းဖက်စစ်တပ်ရဲ့ လေကြောင်းဖြင့်ဗုံးကြဲတိုက်ခိုက်မှုကြောင့် သေဆုံးသွားတဲ့ Khawpuichhip ရွာက အပြစ်မဲ့ကလေးငယ် ၆ ဦးနဲ့ လူကြီးတစ်ဦး စုစုပေါင်း ၇ ဦးကို ယနေ့မေလ ၂ ရက်နေ့မှာ သဂြိုလ်ခဲ့ကြပါတယ်။
ချင်းပြည် ဟွာလ်ငိုးရမ်းဒေသ အိန္ဒိယ-မြန်မာနယ်စပ်အနီး Khawpuichhip ကျေးရွာကို အကြမ်းဖက်စစ်တပ်က မေလ ၁ ရက်မွန်းလွဲပိုင်း ၃ နာရီဝန်းကျင်မှာ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာမှာ ၅ လသားအရွယ် အပါအဝင် ကလေး ငယ် ၆ ဦး နဲ့ လူကြီး တစ်ဦး စုစုပေါင်း ၇ ဦးသေဆုံးခဲ့တာဖြစ်ပါတယ်။
ဗုံးကြဲတိုက်ခိုက်မှုကြောင့်သေဆုံးသူတွေဟာ အသက် ၂၉ နှစ်အရွယ် Pu Lalnunfela နဲ့ သား ၃ ယောက်ဖြစ်တဲ့ Malsawmmawia အသက် ( ၅ နှစ်)၊ Lalhuapzaua အသက် (၄ နှစ်) နဲ့ Lalrinzuala( ၅ လ) တို့အပြင် အခြားကလေးငယ်တွေဖြစ်ကြတဲ့ Jedidia Lalduhsaka အသက် ( သုံးနှစ် ) Lalrinnunga အသက် (၁၀နှစ်) ၊ Lalhriatkima (အသက် ငါးနှစ်) တို့ ဖြစ်ပါတယ်။
သေဆုံးသူတွေရဲ့ရုပ်အလောင်းကို ယနေ့မွန်းလွဲပိုင်း ၂ နာရီမှာ Khawpuichhip ရွာမှာ ခရစ်ယာန်ထုံးတမ်းအစဉ်လာဖြင့် မြေမြုပ်သဂြိုလ်ခဲ့ကြတာဖြစ်ပါတယ်။
Khawpuichhip ကျေးရွာဟာ အိန္ဒိယ-မြန်မာအမှတ် ၂ နယ်စပ်ကုန်သွယ်ရေးစခန်း ရိခေါဒါရ်မြို့ကနေ ကီလိုမီတာ ၂၀ ခန့်သာကွာဝေးတယ်လို့သိရပါတယ်။




Comments