top of page

#BreakingNews || ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်သို့ ပြောင်းရွှေ့

  • Writer: thevoiceofchinland
    thevoiceofchinland
  • May 1
  • 1 min read

VOC/ April 30, 2026


မတရားဖမ်းဆီးအကျဉ်းချခံနေရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို အကျဉ်းထောင်ကနေ နေအိမ်အကျယ်ချုပ်သို့ပြောင်းရွှေ့လိုက်ပြီလို့သိရပါတယ်။

ဒီကနေ့ကျရောက်တဲ့ ကဆုန်လပြည့် ဗုဒ္ဓနေ့အထိမ်းအမှတ်အနေဖြင့် နေပြည်တော်အကျဉ်းထောင်မှာ ပြစ်ဒဏ်ကျ ခံနေတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၅၄၁၊ ပုဒ်မခွဲ(၁)အရ ၎င်းကျခံရန်ကျန်ရှိတဲ့ ပြစ်ဒဏ်တွေကို သတ်မှတ်ထားတဲ့ နေအိမ်မှာ ဆက်လက်ကျခံစေရန် ပြောင်းလဲသတ်မှတ်ပေးလိုက်တယ်လို့ စစ်တပ်အာဘော်မြန်မာ့အသံက ကြေညာသွားပါတယ်။



 
 
 

Comments


bottom of page