မင်းတပ် နဲ့ ကျောက်ထုအစပ်ကို တိုက်လေယာဉ် ၅ စီးဖြင့် ၁၀ ကြိမ်ထက်မနည်းဗုံးကြဲ
- thevoiceofchinland
- May 1
- 1 min read
VOC/ April 30, 2026
ချင်းပြည်တောင်ပိုင်း မင်းတပ်မြို့ နဲ့ မကွေးတိုင်း ဆောမြို့နယ် ကျောက်ထုမြို့အကြားတနေရာကို အကြမ်းဖက်စစ်တပ် က တိုက်လေယာဉ် ၅ စီးဖြင့် ၁၀ ကြိမ်ခန့်ဗုံးကြဲခဲ့တယ်လို့ သိရပါတယ်။
ယနေ့ဧပြီလ ၃၀ ရက်နေ့လည် ၁၂ နာရီဝန်းကျင်မှာ မင်းတပ် နဲ့ ကျောက်ထုအစပ်တနေရာကို တံတားဦး၊ မကွေး နဲ့ အေလာလေတပ်ကနေ တက်လာတဲ့ တိုက်လေယာဉ် ၅ စီးဖြင့် ၁၀ ကြိမ်ထက်မနည်းဗုံးကြဲတိုက်ခိုက်သွားတယ်လို့ မင်းတပ်မြို့ခံ HKL Mindat ကဖော်ပြပါတယ်။
လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးမှုရှိမရှိဆိုတာကိုတော့ မသိရသေးပါဘူး။
အကြမ်းဖက်စစ်တပ်ဟာ မင်းတပ်မြို့နဲ့ ၁၅ မိုင်လောက်ကွာဝေးတဲ့ ကျောက်ထုမြို့အမြောက်တပ်အမှတ် ၃၆၈ ကိုလည်း နေ့လည် ၁ နာရီလောက်က ထောက်ပို့လေယာဉ်ဖြင့် ရိက္ခာနဲ့ ခဲယမ်းထုတ်များ ၈ ကြိမ်ခန့်ချပေးခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ကျောက်ထုအမြောက်တပ်ထဲကနေ လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်မှုရှိခဲ့တယ်လို့ သိရပါတယ်။
အကြမ်းဖက်စစ်တပ်ဟာ ချင်းပြည်တောင်ပိုင်း နဲ့ ယောဒေသကို ယခုရက်ပိုင်းအတွင်း လေကြောင်းတိုက်ခိုက်မှုဆက် တိုက်ပြုလုပ်နေပါတယ်။
မနေ့က ကန်ပက်လက်မြို့နယ် ကျင်ဒွေးမြို့လေကြောင်းတိုက်ခိုက်မှုမှာလည်း အရပ်သားပြည်သူ ၉ ဦးသေဆုံးခဲ့ပါတယ်။
အလားတူ ချင်းပြည်မြောက်ပိုင်း တီးတိန်မြို့နယ်ထဲ Khuaimual ကျေးရွာကိုလည်း ယနေ့မနက်ပိုင်း ၇ နာရီဝန်းကျင်မှာ အကြမ်းဖက်စစ်တပ်က လေကြောင်းတိုက်ခိုက်သွားတယ်လို့သိရပါတယ်။




Comments