ဗြိတိန်ဘုရင်နဲ့ မိဖုရားတို့ အမေရိကန်ကို ၄ ရက်တာ ချစ်ကြည်ရေးခရီးစဉ် အောင်မြင်စွာပြီးဆုံး
- thevoiceofchinland
- May 1
- 1 min read
VOC/ April 28, 2026
ဗြိတိန်ဘုရင်နဲ့ မိဖုရားတို့ဟာ နှစ်နိုင်ငံကြား ချစ်ကြည်ရေးခရီးစဉ်အဖြစ် တနင်္လာနေ့ (ဧပြီ ၂၇ ရက်) က အမေရိကန်ပြည်ထောင်စုကို ရောက်ရှိလာပြီး ကြာသပတေးနေ့ (ဧပြီ ၃၀ ရက်)မှာ အမေရိကန်က ပြန်လည်ထွက်ခွာခဲ့ပါတယ်။
ချားလ်စ်ဘုရင်နဲ့ မိဖုရား ကင်မီလာတို့ဟာ တနင်္လာနေ့ (ဧပြီ ၂၇ ရက်) က အိမ်ဖြူတော်မှာ သမ္မတ Donald Trump ၊ သမ္မတ Melania Trump တို့နဲ့ တွေ့ဆုံခဲ့ပါတယ်။ နှစ်နိုင်ငံခေါင်းဆောင်များဟာ အမှတ်တရဓာတ်ပုံများရိုက်ကူးပြီးနောက် ချားလ်စ်ဘုရင်နဲ့မိဖုရားတို့ဟာ ဝါရှင်တန်ရှိ ဗြိတိသျှသံရုံးမှာ ကျင်းပတဲ့ ဥယျာဉ်ပါတီသို့ သွားရောက်ခဲ့ပြီး ဘဏ္ဍာရေးဝန်ကြီး Scott Bessent၊ ကူးသန်းရောင်းဝယ်ရေးဝန်ကြီး Howard Lutnick ၊ Medicare နှင့် Medicaid အုပ်ချုပ်ရေးမှူး Mehmet Oz စတဲ့ ထရမ့်အစိုးရဘက်က အရာရှိကြီးများနဲ့အတူ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
၄ ရက်တာ ချစ်ကြည်ရေးခရီးစဉ်ဟာ အမေရိကန်လွတ်လပ်ရေး ၂၅၀ နှစ်မြောက် အထိမ်းအမှတ်အဖြစ် ရည်ရွယ်တာဖြစ်ပြီး Trump ရဲ့ အီရန်စစ်ပွဲနဲ့ပတ်သတ်ပြီး ဖြစ်ပွားနေတဲ့ သံတမန်ရေးအကွဲအပြဲလျှော့ချနိုင်ဖို့ နဲ့ စီးပွားရေး ၊ ကုန်သွယ်ခွန်များ ဆွေးနွေးနိုင်ဖို့ ရည်ရွယ်တာ ဖြစ်ပါတယ်။
အင်္ဂါနေ့မှာ ဘုရင်ဟာ White House East Room မှာ ကျင်းပတဲ့ နိုင်ငံတော်ညစာစားပွဲမှာ မိန့်ခွန်းပြောကြားခဲ့ပြီး အမေရိကန်ကွန်ဂရက်လွှတ်တော်ကို မိန့်ခွန်းပြောကြားမှာ ဖြစ်ပါတယ်။ ဗြိတိသျှဘုရင်တစ်ပါးက အမေရိကန်လွှတ်တော်ပူးတွဲအစည်းအဝေးမှာ မိန့်ခွန်းပြောဆိုမှုဟာဒုတိယအကြိမ်ဖြစ်ပြီး ပထမအကြိမ်မှာ ၁၉၉၁ ခုနှစ် ဘုရင်မကြီး အယ်လီဇဘက်သ်ဖြစ်ပါတယ်။
ချားလ်စ်ဘုရင်နဲ့ မိဖုရားဟာ နယူးယောက်မြို့တော်ကို သွားရောက်ပြီး 9/11 အထိမ်းအမှတ်နေရာကို နယူးယောက်မြို့တော်ဝန် Zohran Mamdani နဲ့အတူ သွားရောက်ခဲ့ပါတယ်။
ချားလ်စ်ဘုရင်ဟာ ဗာဂျီးနီးယားပြည်နယ်ရှိ အမျိုးသားဥယျာဉ်ကိုလည်း သွားရောက်ပြီး သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့တွေနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။ ချားလ်စ်ဘုရင်ရဲ့အလည်အပတ်ခရီးစဉ်မတိုင်ခင်က အီရန်အပေါ် စစ်ရေးအရ အရေးယူဖို့ ဗြိတိန်က ငြင်းဆန်ခြင်းကြောင့်မဟာမိတ်နှစ်နိုင်ငံကြား ဆက်ဆံရေးတင်းမာခဲ့ပါတယ်။ ချားလ်စ်ဘုရင်ဟာ ဧပြီလ ၂၀ ရက်နေ့မှာ မေရီလန်းပြည်နယ်က အမေရိကန်လေတပ်စခန်း Joint Base Andrewsကနေ ပြန်လည်ထွက်ခွာသွားခဲ့ပါတယ်။
Source - The Guardian, Sky News




Comments