တီးတိန်မြို့မှာ အကြမ်းဖက်စစ်တပ်က ဒရုန်းဖြင့်ဗုံးကြဲလို့ ၁၃ နှစ်အရွယ်ကလေးငယ်တစ်ဦးသေဆုံး
- thevoiceofchinland
- May 4
- 1 min read
VOC/ May 2, 2026
ချင်းပြည် တီးတိန်မြို့မှာ အကြမ်းဖက်စစ်တပ်က ဒရုန်းဖြင့်ဗုံးကြဲတိုက်ခိုက်လို့ အသက် ၁၃ နှစ်အရွယ် ကလေးငယ် တစ်ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။
ဒီကနေ့ မေလ ၂ ရက် မွန်းလွဲပိုင်းမှာ "တီးတိန်မြို့မှ ကြိုဆိုပါ၏” ဆိုင်းဘုတ်ရှိအနီး (ဒေသအခေါ် SaiMual) မှာရှိတဲ့ Zoland Petrol Pump ဓာတ်ဆီဆိုင်ကို တီးတိန်မြို့အခြေစိုက် ခလရ ၂၆၉ တပ်ရင်းကနေ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက် တာဖြစ်ပြီး အသက် ၁၃ နှစ်အရွယ် Lian Muan Kim သေဆုံးသွားတယ်လို့ ဒေသခံတွေထံကနေသိရပါတယ်။
သေဆုံးသွားတဲ့ Lian Muan Kim ဟာ Zoland Petrol Pump ဓာတ်ဆီဆိုင်မှာ အလုပ်လုပ်ကိုင်နေသူဖြစ်ပြီး အကို ဖြစ်သူလည်း ဗုံးကြဲမှုကြောင့် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
တီးတိန်မြို့မှာ မြို့သိမ်းတိုက်ပွဲဆင်နွဲမယ်ဆိုတဲ့သတင်းကြောင့် မြို့ခံပြည်သူအများစုကတော့ ကလေးမြို့ဘက်နဲ့ ကျေးရွာဘက်ကို ကြိုတင်ပြောင်းရွှေနေကြပြီးလို့သိရပါတယ်။
သိုင်းငင်းဘက်ကနေ တီးတိန်မြို့ကို အင်အားဖြည့်ဖို့တက်လာတဲ့ အကြမ်းဖက်စစ်တပ်စစ်ကြောင်း နဲ့ PDF-Zoland တပ်ဖွဲ့တွေ Akluai ကျေးရွာအနီးမှာ ဒီကနေ့မနက်ပိုင်းက တိုက်ပွဲဖြစ်ပွားခဲ့ကြတယ်လို့လည်း သတင်းတွေ ထွက်ပေါ်နေပါတယ်။
ပုံစာ- အကြမ်းဖက်စစ်တပ်ရဲ့ ဒရုန်းကြောင့် သေဆုံးသွားတဲ့ ကလေးငယ်




Comments