အကြမ်းဖက်တပ်ဖွဲ့ဝင်တစ်ဦး CDF - KKG ထံ သို့ အလင်းဝင်
- thevoiceofchinland
- May 4
- 1 min read
VOC/ May 3, 2026
မကွေးတိုင်း၊ ဂန့်ဂေါမြို့အခြေစိုက် ခလရ (၅၀) မှာ တာဝန်ထမ်းဆောင်နေတဲ့ အကြမ်းဖက်တပ်သား ကောင်းခန့်(ခ) အာဇာနည် ဟာ ဧပြီလ ၁၉ ရက်နေ့က CDF – KKG တပ်ဖွဲ့ထံ အလင်းဝင်လာတယ်လို့ သိရပါတယ်။
အာဏာသိမ်းအကြမ်းဖက်စစ်တပ်ကို ကျောခိုင်းပြီး CDF-KKG တပ်ဖွဲ့ထံအလင်းဝင်လာတဲ့ တပ်သား ကောင်းခန့်ဟာ MA 1 လက်နက် အမျိုးစား ၁ လက် ၊ ကျည်ဘောက် ၄ ဘောက် ၊ ကျည် (၁၃၅) ထောင့်နဲ့ လက်ပစ်ဗုံး (၂) လုံးယူဆောင်လာခဲ့တယ်လို့သိရပါတယ်။
၎င်းကို ဆုကြေးငွေ ကျပ်သိန်း ၅၀ ဆု ချီးမြင့်ခဲ့ပြီး လွတ်မြောက်နယ်မြေသို့ ပို့ဆောင်ခဲ့တယ်လို့ CDF-KKG က ထုတ်ပြန် ပါတယ်။




Comments