ဖလမ်းမြို့ ကာကွယ်ရေးတိုက်ပွဲအတွင်း WITCH အဖွဲ့ရဲ့ FPV ဒရုန်းများဖြင့် တိုက်ခိုက်မှုရုပ်သံမှတ်တမ်း ထုတ်ပြန်
- thevoiceofchinland
- May 1
- 1 min read
VOC/ May 1, 2026
ဖလမ်းမြို့ကာကွယ်ရေးတိုက်ပွဲအတွင်းမှာ WITCH(စုန်းမ) အဖွဲ့က FPV အသေခံဒရုန်းများဖြင့် အကြမ်းဖက်စစ်တပ်ကို တိုက်ခိုက်ချေမှုန်းခဲ့တဲ့ ရုပ်သံကို Anti-Fascist Internationalist Front (AIF) က ယနေ့ထုတ်ပြန်လာပါတယ်။
Anti-Fascist Internationalist Front (AIF) ဟာ ချင်းတော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေနဲ့အတူ စစ်ဆင်ရေးမှာ ပါဝင်ဆင်နွှဲနေတဲ့အဖွဲ့ဖြစ်ပါတယ်။
ယခုထုတ်ပြန်တဲ့ရုပ်သံမှတ်တမ်းဟာ WITCH အဖွဲ့က FPV အသေခံဒရုန်းရာပေါင်းများစွာ နဲ့ အခြားသော အဆင့်မြင့် နည်းပညာတွေကို အသုံးပြုကာ အကြမ်းဖက်စစ်ကြောင်းကို တစ်ပတ်တာအတွင်း လုပ်ဆောင်ခဲ့တဲ့ စစ်ဆင်ရေး ရလဒ်တွေထဲက တစ်စိတ်တစ်ပိုင်းသာ ဖြစ်တယ်လို့ဆိုပါတယ်။
ဒီရုပ်သံမှတ်တမ်းကို ဒီကနေ့ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့မှာ တော်လှန်သောပြည်သူတွေကို ဂုဏ်ပြုတဲ့အနေနဲ့သော်လည်းကောင်း၊ ချင်းတော်လှန်ရေး အာဇာနည်တွေ၊ ဖက်ဆစ်အာဏာရှင်ဆန့်ကျင်ရေး တော်လှန်ရေးအတွက် တိုက်ပွဲဝင်နေသူအားလုံးအတွက် ရည်စူးဂုဏ်ပြုကြောင်း ဖော်ပြထားပါတယ်။
ရုပ်သံ- AIF-Myanmar




Comments