top of page

နွားထိုးကြီးမြို့နယ်ထဲ ၂ ရက်တာတိုက်ပွဲမှာ အကြမ်းဖက်စစ်သား ၂၀ ကျော်သေ

  • Writer: thevoiceofchinland
    thevoiceofchinland
  • May 1
  • 1 min read

VOC/ April 29, 2026


မန္တလေးဒေသ၊ နွားထိုးကြီးမြို့နယ်မှာ ၂ ရက်တာတိုက်ပွဲအတွင်း အကြမ်းဖက်စစ်သား ၂၀ ကျော် သေဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြင်းခြံခရိုင် အမှတ် ၄ တပ်ရင်းက ဒီကနေ့မှာ သတင်းထုတ်ပြန်ပါတယ်။

မြင်းခြံမြို့နယ်အတွင်းရှိ ကျေးရွာတွေကို စစ်ကြောင်းထိုး၊ မီးရှို့ဖျက်ဆီးပြီး ပြည်သူ့နေအိမ်တွေကနေ ပစ္စည်းတွေ ခိုးယူနေကြတဲ့ အကြမ်းဖက်စစ်ကြောင်းနဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်တို့အကြား ဧပြီလ ၂၄ ရက်နဲ့ ၂၆ ရက်နေ့တွေမှာ ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားခဲ့တာပါ။

ဧပြီ ၂၄ ရက်က နွားထိုးကြီး၊ ခံစပ်ကုန်းရွာကို ဦးတည်ကာ အင်အား ၃၀၀ ကျော်နဲ့ စစ်ကြောင်း ၂ ကြောင်းခွဲပြီး ထိုး လာတဲ့ အကြမ်းဖက်စစ်တပ်ကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက တနေကုန်နီးပါး တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

အဲဒီ ထိတွေ့တိုက်ပွဲမှာ အကြမ်းဖက်စစ်သား ၅ ဦးသေဆုံးခဲ့တာကို မျက်မြင်တွေ့ရှိခဲ့ရပြီး၊ ၁၀ ဦးကျော် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဆိုပါတယ်။

ဧပြီ ၂၆ ရက်နေ့မှာ အကြမ်းဖက်စစ်အုပ်စုဟာ ခံစပ်ကုန်းရွာကနေ စစ်ကြောင်း ၃ ကြောင်းအထိဖြန့်ကာ ညောင်ဇင်ရွာနဲ့ ကဒေါင်းရွာတို့ကို ဦးတည်ပြီး စစ်ကြောင်းထပ်မံထိုးလာရာမှာ မဟာမိတ်ပူးပေါင်းတပ်ဖွဲ့နဲ့ ထိတွေ့ တိုက်ပွဲဆက်လက် ဖြစ်ပွားခဲ့ပြီး အကြမ်းဖက်စစ်သား ၁၀ ဦးသေဆုံးခဲ့တယ်လို့သိရပါတယ်။

အဲဒီနောက် ကဒေါင်းရွာအနီး ဖြစ်ပွားခဲ့တဲ့ ထိတွေ့တိုက်ပွဲမှာလည်း အကြမ်းဖက်စစ်သား ၁၀ ဦးခန့်သေဆုံးခဲ့ပြီး နေ့လည် ၁၂ နာရီဝန်းကျင်မှာ တိုက်ပွဲပြီးဆုံးခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ပွဲအတွင်းမှာ အကြမ်းဖက်စစ်တပ်ရဲ့ လက်နက်ခဲယမ်းတွေ၊ ကားတွေနဲ့ ဒရုန်းတွေကိုလည်း မီးရှို့ ဖျက်ဆီးပစ်နိုင်ခဲ့ တယ်လို့ ဆိုပါတယ်။

၂ ရက်တာ တိုက်ပွဲကို မြင်းခြံခရိုင် အမှတ် ၄ တပ်ရင်း၊ မြင်းခြံခရိုင် အမှတ် ၁၀ တပ်ရင်း၊ မြင်းခြံခရိုင်အထူးလှုပ်ရှား စစ်ကြောင်း၊ မန္တလေးခရိုင် အမှတ် ၃ တပ်ရင်း၊ MGN - 35၊ ပြည်သူ့ကြယ်တစ်ပွင့်တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ ကြတာလို့ သိရပါတယ်။



 
 
 

Comments


bottom of page