top of page

ဂန့်ဂေါ နဲ့ ထီးလင်းမြို့ နေရာတချို့ကို အကြမ်းဖက်စစ်တပ်က လေကြောင်းတိုက်ခိုက်

  • Writer: thevoiceofchinland
    thevoiceofchinland
  • May 1
  • 1 min read

VOC/ April 30, 2026


မကွေးတိုင်း ယောဒေသ ဂန့်ဂေါမြို့နယ် နဲ့ ထီးလင်းမြို့နယ် ၂ နေရာကို အကြမ်း ဖက်စစ်တပ်က ယနေ့မနက်ပိုင်းမှာ လေကြောင်းတိုက်ခိုက်သွားတယ်လို့သိရပါတယ်။

ယနေ့ဧပြီလ ၃၀ ရက်မနက်ပိုင်း ၁၀ နာရီဝန်းကျင်မှာ ဂန့်ဂေါမြို့နယ်တောင်ပိုင်းတနေရာကို ဂျက်ဖိုက်တာတစ်စီးဖြင့် လေကြောင်းတိုက်ခိုက်မှုပြုလုပ်သွားပြီး ထိခိုက်ပျက်စီးမှု ရှိမရှိကိုတော့ အတည်ပြုနိုင်ခြင်းမရှိသေးဘူးလို့ ယောအလင်း တန်းကဖော်ပြပါတယ်။

အလားတူ ယနေ့ နံနက် ၁၀ နာရီခန့်အချိန်မှာ ထီးလင်းမြို့နယ် တောင်ပိုင်းတနေရာကိုလည်း ဂျက်ဖိုက်တာ ၂ စီးဖြင့် လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ပြီး အသေးစိတ်အခြေနေကိုတော့ ဆက်လက်စုံစမ်းနေဆဲဖြစ်ပါတယ်။

အကြမ်းဖက်စစ်တပ်ဟာ ယခုရက်ပိုင်းအတွင်း ယောဒေသ နဲ့ ချင်းပြည်တောင်ပိုင်းဒေသကို လေကြောင်းတိုက်ခိုက်မှု ခတ်စိတ်စိတ်ပြုလုပ်လာနေပြီး မိဘပြည်သူတွေ လေကြောင်းရန် အထူးဂရုစိုက်ကြဖို့ တော်လှန်ရေးတပ်ဖွဲ့တွေက အသိပေးထားပါတယ်။

မနေ့ ဧပြီလ ၂၉ ရက်နေ့ကလည်း ချင်း-မကွေးအစပ်မှာတည်ရှိတဲ့ ကျင်ဒွေးမြို့ မုန်းချောင်းတံတားကို အကြမ်းဖက်စစ် တပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ရာမှာ တံတားပြုပြင်နေကြတဲ့အရပ်သားပြည်သူ ၉ ဦးသေဆုံးခဲ့ပါတယ်။


ရုပ်သံ- ယောအလင်းတန်း



 
 
 

Comments


bottom of page