top of page


ရှီကျင်ပင်း က သမ္မတ ထရမ့်ကို နိုင်ငံတော်အဆင့် ဂုဏ်ပြုညစာစားပွဲ နဲ့ တည်ခင်းဧည့်ခံ
VOC/ May 14 2026 နှစ်နိုင်ငံ ခေါင်းဆောင် ထိပ်သီးအစည်းအဝေး အတွက် တရုတ်နိုင်ငံကို လာရောက် လည်ပတ်သော အမေရိကန်သမ္မတ ထရမ့်အား ပေကျင်းမြို့ရှိ ပြည်သူ့ခန်းမဆောင်ကြီး၌ ဂုဏ်ပြုညစာစားပွဲ ဖြင့် မေလ ၁၄ ရက်နေ့ ညနေပိုင်းတွင် တည်ခင်းဧည့်ခံကာ ကြိုဆိုခဲ့ပါတယ်။ ထိုဂုဏ်ပြုညစာစားပွဲ အခမ်းအနားတွင် နှစ်နိုင်ငံ ခေါင်းဆောင် များက အသီးသီး မိန့်ခွန်းပြောကြားခဲ့ကြပါတယ်။ သမ္မတ ထရမ့်က တရုတ်နိုင်ငံခရီးစဉ်အတွင်း လှိုက်လှဲစွာ ဧည့်ခံကျွေးမွေးခဲ့သည့် သမ္မတ ရှီကျင်ပင်း ကို အထူးကျေးဇူးတင်ရှိကြောင်း၊ အရေးကြီးသော
May 14


တရုတ်- အမေရိကန် နှစ်နိုင်ငံထိပ်သီးဆွေးနွေးပွဲမှာ ထိုင်ဝမ်အရေး၊ အီရန်ပြဿနာနဲ့ ကုန်သွယ်ရေးကိစ္စများကို အဓိကဆွေးနွေး
VOC/ May 14, 2026 တရုတ်သမ္မတ Xi Jinping ဟာ မေလ ၁၄ ရက်နေ့က အမေရိကန်သမ္မတ Donald Trump နဲ့ တွေ့ဆုံရာမှာ ထိုင်ဝမ်အရေးကို "ကောင်းမွန်စွာကိုင်တွယ်ခြင်း" မပြုလုပ်ပါက ပဋိပက္ခများဖြစ်လာနိုင်တယ်လို့ သတိပေးပြောဆိုလိုက်ပါတယ်။ နှစ်နိုင်ငံထိပ်သီးအစည်းအဝေးအတွင်းမှာ ခေါင်းဆောင်နှစ်ဦးဟာ နှစ်နာရီ ဆယ့်ငါးမိနစ်ကြာအောင် ဆွေးနွေးခဲ့ပြီး ကုန်သွယ်ရေးပြဿနာများ၊ အီရန်စစ်ပွဲနဲ့ပတ်သတ်တဲ့သဘောထားများ၊ ထိုင်ဝမ်ပြဿနာများဆွေးနွေးခဲ့ကြပါတယ်။ တံခါးပိတ်အစည်းအဝေးအပြီးမှာ အိမ်ဖြူတော်က ရလဒ်ကောင်းမွန်ကြောင်းပြောဆိ
May 14


မဏိပူရ်ပြည်နယ်မှာ ကူကီးခရစ်ယာန်ဘာသာရေးခေါင်းဆောင် ၃ ဦး ပစ်သတ်ခံရ
VOC/ May 14, 2026 အိန္ဒိယနိုင်ငံအရှေ့မြောက်ဒေသ မဏိပူရ်ပြည်နယ်၊ ကန်ပေါ့ပီ (Kangpokpi) ခရိုင်မှာ မေလ ၁၃ ရက် မနက် ပိုင်းက လက်နက်ကိုင် အဖွဲ့တစ်ခုရဲ့ တိုက်ခိုက်မှုကြောင့် ချင်းမျိုးနွယ်စု ကူကီး ခရစ်ယာန်ဘာသာရေးခေါင်းဆောင် ၃ ဦး သေဆုံးခဲ့ပြီး ၄ ဦး ပြင်းထန် ဒဏ်ရာရရှိခဲ့ပါတယ်။ မဏီပူရ်ပြည်နယ်မှာရှိတဲ့ Thadou Baptist Association (TBA) နဲ့ United Baptist Council (UBC) အသင်းတော်က ဘာသာရေးခေါင်းဆောင်တွေဟာ ဘာသာရေးအစည်းအဝေးတစ်ခုတက်ရောက်ဖို့ ချူရာချန်ပူ (Churachandpur) မြို့ကနေ ကန်ပေါ့ပီဘက်ကို
May 14


အကြမ်းဖက်စစ်အုပ်စုနဲ့ ZRA ပူးပေါင်းတပ်က တွန်းဇံကို ကျီခါး နဲ့ တီးတိန်ကနေ နှစ်ဖက်ကြားညှပ်ပြီး ထိုးစစ်ဆင်
VOC/ May 14, 2026 အကြမ်းဖက်စစ်တပ်နဲ့ ZRA-EC ပူးပေါင်းတပ်တွေဟာ တွန်းဇံမြို့ကိုပြန်သိမ်းဖို့ တီးတိန် နဲ့ ကျီခါးမြို့ကနေ စစ်ကြောင်း ၂ ကြောင်းဖြင့် နှစ်ဖက်ကြားညှပ်ပြီး ထိုးစစ်ဆင်နေတယ်လို့ သိရပါတယ်။ မေလ ၁၂ ရက်နေ့က တီးတိန်မြို့ကနေ ထွက်လာတဲ့ အကြမ်းဖက်စစ်တပ်နဲ့ ZRA-EC တပ်ဖွဲ့ဟာ တီးတိန်း နဲ့ တွန်းဇံကြား Tung Tuang အနားမှာရောက်ရှိနေကြပြီး မနေ့ကတည်းက ချင်းတော်လှန်ရေးပူးပေါင်းတပ်တွေနဲ့ အပြန်အလှန်ဒရုန်း နဲ့ တိုက်ခိုက်နေကြတယ်လို့ သိရပါတယ်။ ကျီခါးမြို့ဘက်ကနေ ထွက်လာတဲ့ ZRA-EC တပ်ဖွဲ့ကလည်း ကျ
May 14


မီဇိုရမ်ပြည်နယ်သို့ ချင်းစစ်ဘေးရှောင်တစ်ထောင်နီးပါး ထပ်မံဝင်ရောက်
VOC/ May 14, 2026 ချင်းပြည် ဖလမ်းမြို့ကို အကြမ်းဖက်စစ်တပ်က ပြန်လည်သိမ်းပိုက်ပြီးနောက် အိန္ဒိယ-မြန်မာနယ်စပ်အမှတ် ၂ ကုန် သွယ်ရေး စခန်းတည်ရှိရာ ရိခေါဒါရ်မြို့ဘက်ကို ဆက်လက်ထိုးစစ်ဆင်လာနိုင်တယ်ဆိုတဲ့သတင်းကြောင့် ဒီရက်ပိုင်း အတွင်း မီဇိုရမ်ဘက်ကို ကြိုတင်စစ်ဘေးရှောင်သူ တစ်ထောင်နီးပါးရှိလာပြီလို့သိရပါတယ်။ စစ်ဘေးရှောင်တွေဟာ မီဇိုရမ်ပြည်နယ် ကျန်ဖိုင်းခရိုင် ဇိုခေါထာရ်ကျေးရွာထဲကို အများစုဝင်ရောက်ခိုလုံကြပြီး မေလ ၁၃ ရက်နေ့အထိ လူဦးရေ ၈၂၂ ဦးရှိနေပြီလို့ All India Radio News မှာဖော်ပြပါတယ်။
May 14


ကလေးမြို့မှာ လူငယ်တွေကိုဖမ်းဆီးငွေညစ်ရာမှာ နာမည်ကြီးနေတဲ့ ဒုအရာခံဗိုလ်ကို ကလေးမြို့ UG တပ်ဖွဲ့က ရှင်းလင်း
VOC/ May 14, 2026 စစ်ကိုင်းတိုင်း ကလေးမြို့မှာ လူငယ်တွေကိုဖမ်းဆီးငွေညစ်ရာမှာ နာမည်ဆိုးဖြင့်ကျော်ကြားနေတဲ့ အကြမ်းဖက်စစ်တပ် ရဲ့ ဒုအရာခံဗိုလ် အောင်ကျော်ဇောကို ကလေးမြို့ မြို့ပြပျောက်ကျားစီမံချက်-UG တပ်ဖွဲ့ ပစ်ခတ်ရှင်းလိုက်လိုက်ပါ တယ်။ ကလေးမြို့ စက်မှုဇုန် လှိုင်သာယာရပ်ကွက် နယ်မြေ ၆ မှာ မေလ ၁၂ ရက်နေ့က ကလေးမြို့ UG တပ်ဖွဲ့က နယ်မြေ လုံခြုံရေးဆောင်ရွက်စဉ်မှာ နောက်ကနေ လိုက်လာတဲ့ ဆိုင်ကယ်ကို စစ်ရေးရာမှာ ဒုအရာခံဗိုလ် အောင်ကျော်ဇော နဲ့ တပ်သား ၁ ဦးတို့ဖြစ်တယ်ဆိုတာ သိရှိပြီးနောက်...
May 14


လောင်းရှည်ကနေ ထွက်လာတဲ့ အကြမ်းဖက်စစ်တပ်စစ်ကြောင်း ဆောမြို့ကို ဝင်ရောက်
VOC/ May 14, 2026 မကွေးတိုင်း လောင်းရှည်မြို့ကနေ ထွက်လာတဲ့ အကြမ်းဖက်စစ်တပ်စစ်ကြောင်းဟာ ယနေ့မေလ ၁၄ ရက်မနက်ပိုင်း မှာ ဆောမြို့ကို စတင်ဝင်ရောက်လာပြီလို့ သိရပါတယ်။ စစ်အင်အား ၃၅၀ ဝန်းကျင်ရှိတဲ့ အကြမ်းစစ်ကြောင်းဟာ ချင်း-မကွေးအစပ် ယောဒေသ ဆောမြို့ကို ယနေ့မနက်ပိုင်း ၁၀ နာရီ ၄၅ မိနစ်ဝန်းကျင်မှာ ဝင်ရောက်လာကြပြီးလို့ ယောဒေသသတင်းကိုဖော်ပြနေတဲ့ ယောအလင်းတန်းက ဖော်ပြ ပါတယ်။ ဆောမြို့ကနေ ကျောက်ထုမြို့က အမြောက်တပ် ၃၆၈ တပ်ရင်းနဲ့ ပူးပေါင်းဖို့ ဆက်လက်ထွက်ခွါမလားဆိုတော့ မသိရသေးဘူးလို့ ဆိုပါတယ်။...
May 14


၉ နှစ်အတွင်း ပထမဆုံးအကြိမ် ပေကျင်းမြို့ ရောက်ရှိလာတဲ့ သမ္မတထရမ့်ကို သမ္မတရှီကျင်ပင်း ဂုဏ်ပြု တပ်ဖွဲ့နဲ့ ကြိုဆို
VOC/ May 14, 2026 အမေရိကန်သမ္မတ ထရမ့် နှင့်တရုတ်သမ္မတ ရှီကျင်ပင်း တို့ဟာ ကိုးနှစ်နီးပါးကာလအတွင်း ပထမဆုံးအကြိမ် ပေကျင်းမြို့မှာ တွေ့ဆုံခဲ့ကြပါတယ်။ သမ္မတ ထရမ့် ဟာ နှစ်နိုင်ငံထိပ်သီးအစည်းအဝေးပြုလုပ်ဖို့အတွက် တရုတ်နိုင်ငံ၊ ဘေဂျင်းမြို့ကို မေလ ၁၃ ရက် ညပိုင်းက ရောက်ရှိလာတာ ဖြစ်ပါတယ်။ Trump တို့Air Force One လေယာဉ်က ဆင်းသက်လာစဉ် ကြိုဆိုနှုတ်ဆက်ကြပြီး ကြာသပတေးနေ့မှာ သမ္မတ ထရမ့်ဟာ တရုတ်သမ္မတ ရှီကျင်ပင်း နဲ့ Great Hall ပြည်သူ့ခမ်းမဆောင်ကြီး အပြင်ဘက်က ကော်ဇောနီပေါ်မှာ လက်ဆွဲ နှုတ်ဆက်ကြပ
May 14


ဟားခါးမှာ ခိုးဆိုးလုယက်၊ ဓားပြတိုက်မှုတွေကျူးလွန်တဲ့ ပြည်သူ့စစ်အဖွဲ့ဝင်တစ်ဦးကို CDF-Hakha ဖမ်းဆီး
VOC/ May 14, 2026 ချင်းပြည် ဟားခါးမြို့မှာ ခိုးဆိုးလုယက်၊ ဓားပြတိုက်မှုတွေကျူးလွန်နေတဲ့ အကြမ်းဖက်စစ်တပ်လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့ဝင် တစ်ဦးကို CDF-Hakha က ဖမ်းဆီးလိုက်ပါတယ်။ ဟားခါးမြို့အတွင်း ပြည်သူတွေကို ငွေညစ်တောင်းခံတာ၊ နေအိမ်တွေကို ဖောက်ထွင်းဓားပြတိုက်တာတွေ စတဲ့ ပြည်သူ့ လုံခြုံရေးထိခိုက်စေတဲ့ လုပ်ရပ်တွေ ကျူးလွန်နေတဲ့ ပြည်သူ့စစ်အဖွဲ့ဝင်ကို မေလ ၁၃ ရက်နေ့က CDF-Hakha တပ်ဖွဲ့ က ဖမ်းဆီးထိန်းသိမ်းခဲ့တယ်လို့ သိရပါတယ်။ လက်ရှိ စစ်ရေးအခြေအနေများကြောင့် ဟားခါးမြို့အနီးဝန်းကျင်က တောတော
May 14


Xi နဲ့ Trump တို့ မလာသေးခင် X မှာတင်ဖို့ Selfie ရိုက်နေတဲ့ Elon Musk
VOC/ May 14, 2026 တရုတ်နိုင်ငံ၊ ဘေဂျင်းမြို့ ၊ ပြည်သူ့ခန်းမမှာ အမေရိကန်သမ္မတ Donald Trump နဲ့ တရုတ်သမ္မတ Xi Jinping တို့ကို တခြားဧည့်သည်တော်တွေက စောင့်ဆိုင်းနေစဉ်အတွင်းမှာ Space X နဲ့ Tesla တို့ရဲ့အကြီးအကဲ Elon Musk ဟာ ဆယ်ဖီ (Selfie) ရိုက်ကူးနေတာကို တွေ့ရပါတယ်။ Tesla အမှုဆောင်အရာရှိချုပ် Elon Musk နှင့််အတူ Nvidia အကြီးအကဲ Jensen Huang အပါအဝင် အမေရိကရဲ့ ထိပ်သီးစီးပွားရေးကုမ္ပဏီများမှ အမှုဆောင်အရာရှိအဖွဲ့များက ခရီးစဉ်ကို သမ္မတ Trump နဲ့အတူ လိုက်ပါသွားပါတယ်။ Apple၊ Boeing နဲ့ G
May 14


ကမ္ဘာကြီးက လမ်းဆုံလမ်းခွကို ရောက်ရှိနေပြီး နိုင်ငံတကာအခြေအနေတွေက လှုပ်ခတ်နေတယ်လို့ တရုတ်သမ္မတပြောဆို
VOC/ May 14, 2026 မေလ ၁၄ ရက်နေ့မှာ အမေရိကန်သမ္မတ Donald Trump နဲ့ တရုတ်သမ္မတ Xi Jinping တို့ဟာ ဘေဂျင်းမြို့၊ ပြည်သူ့ခန်းမအပြင်ဘက် ကော်ဇောနီပေါ်မှာ တွေ့ဆုံနှုတ်ဆက်ကြပါတယ်။ နှစ်ဘက်ခေါင်းဆောင်များရဲ့တွေ့ဆုံနှုတ်ဆက်အပြီးမှာ တရုတ်သမ္မတ Xi Jinping က အဖွင့်မိန့်ခွန်းမှာ အခုလို ပြောကြားခဲ့ပါတယ်။ "တစ်ကမ္ဘာလုံးက ကျွန်တော်တို့ရဲ့ ဒီတွေ့ဆုံမှုကို စောင့်ကြည့်နေကြပါတယ်။ လက်ရှိမှာတော့ ကမ္ဘာတစ်ဝန်းမှာ နှစ်ပေါင်းတစ်ရာအတွင်း မကြုံစဖူးတဲ့ အပြောင်းအလဲတွေ အရှိန်အဟုန်နဲ့ ဖြစ်ပေါ်နေပြီး နိုင်ငံတကာ
May 14


Kevin Warsh ကို ဗဟိုဘဏ်ဥက္ကဌရာထူးအဖြစ်အထက်လွှတ်တော်အတည်ပြု ခန့်အပ်
VOC/ May 13 2026 အမေရိကန် ပြည်ထောင်စုရဲ့ ဗဟိုဘဏ်ဥက္ကဌ Jerome Powell နေရာမှာ ဆက်ခံမယ့်သူအဖြစ် Kevin Warsh ကို ထောက်ခံမဲ ၅၄မဲ၊ ကန့်ကွက်မဲ ၄၅မဲဖြင့် အတည်ပြုလိုက်တယ်လို့ အမေရိကန်ဆီးနိတ် (အထက်လွှတ်တော်) ဘဏ်လုပ်ငန်းကော်မတီ က ယနေ့ မေလ ၁၃ရက်က ထုတ်ပြန်လိုက်ပါတယ်။ အမေရိကန် ဗဟိုဘဏ်ရဲ့ ချမှတ်လိုက်တဲ့ မူဝါဒ၊ အတိုးနှုန်း၊ ငွေကြေးဖောင်းပွမှု ထိန်းချုပ်ရေး ဆုံးဖြတ်ချက်တွေဟာ တစ်ကမ္ဘာလုံးက စတော့ရှယ်ယာ ဈေးကွက်၊ ရွှေဈေး၊ ရေနံဈေး၊ ဒစ်ဂျစ်တယ် ငွေကြေးဈေးကွက်တွေအထိ သက်ရောက်မှု ရှိနေတာကြောင့် ဗဟိုဘဏ်
May 14


နှစ်နိုင်ငံထိပ်သီးအစည်းအဝေးအတွက် အမေရိကန်သမ္မတ စီးပွားရေးလောကမှ CEO များနဲ့အတူ တရုတ်ကို ရောက်ရှိ
VOC/ May 13, 2026 အမေရိကန်သမ္မတ Donald Trump ဟာ တရုတ်သမ္မတ Xi Jinping နဲ့တွေ့ဆုံပြီး နှစ်နိုင်ငံထိပ်သီးအစည်းအဝေးပြုလုပ်ဖို့အတွက် တရုတ်နိုင်ငံ၊ ဘေဂျင်းမြို့ကို မေလ ၁၃ ရက် ညပိုင်းက ရောက်ရှိလာပါတယ်။ Tesla အမှုဆောင်အရာရှိချုပ် Elon Musk၊ Nvidia အကြီးအကဲ Jensen Huang အပါအဝင် အမေရိကရဲ့ ထိပ်သီးစီးပွားရေးကုမ္ပဏီများမှ အမှုဆောင်အရာရှိအဖွဲ့များက ခရီးစဉ်ကို သမ္မတ Trump နဲ့အတူ လိုက်ပါသွားပါတယ်။ Trump တို့Air Force One လေယာဉ်က ဆင်းသက်လာစဉ် ကြိုဆိုနှုတ်ဆက်ကြပြီး ကြာသပတေးနေ့မှာ သမ္မတ Donald
May 14


PDF-Zoland ဖမ်းထားတဲ့ တီးတိန်မြို့ချယ်ရီတည်းခိုခန်းပိုင်ရှင် ရောဂါအခံဖြင့် သေဆုံးဟုဆို
VOC/ May 13, 2026 PDF-Zoland က ဖမ်းဆီးထိန်းသိမ်းထားတဲ့ တီးတိန်မြို့က ချယ်ရီတည်းခိုခန်းပိုင်ရှင် ဦးထန်ခန့်ဒါလ်းဟာ ရောဂါအခံကြောင့် ဦးနှောက်သွေးကြောပေါက်ပြီး သေဆုံးသွားတယ်လို့ သိရပါတယ်။ ဦးထန်ခန့်ဒါလ်းဟာ အကြမ်းဖက်စစ်တပ်နဲ့ ဆက်သွယ်သတင်းပေးနေကြောင်း ထင်ရှားသဖြင့် ၃ ကြိမ်တိုင်တိုင် သတိပေးခဲ့ပြီးဖြစ်ပေမယ့် အကြမ်းဖက်စစ်တပ်ကို ဆက်လက်သတင်းပေနေတာကြောင့် မေလ ၁၁ ရက်နေ့က ဖမ်းဆီးခဲ့တာလို့ PDF-Zoland က ဒီကနေ့မှာထုတ်ပြန်လာပါတယ်။ အဲဒီလိုဖမ်းဆီးထိန်းသိမ်းထားစဉ်မှာ အသက် ၇၀ ကျော်အရွယ်ရှိပြီဖြစ်တဲ့
May 14


ပါကစ္စတန်ဈေးတစ်ခုမှာ ဆိုက်ကားမှာ ဗုံးတပ်ပြီး ဖောက်ခွဲမှုကြောင့် အနည်းဆုံး လူ ၉ ဦး သေဆုံး(ရုပ်သံ)
VOC/ May 12, 2026 ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်း Khyber Pakhtunkhwa ပြည်နယ်၊ Lakki Marwat ခရိုင်က ဈေးတစ်ခုမှာ မေလ ၁၂ ရက်နေ့ လူစည်ကားချိန်မှာ ဆိုက်ကားတစ်စီးမှာ ဗုံးတပ်ဆင်ပြီး ဖောက်ခွဲခံရမှုဖြစ်ပွားခဲ့ပါတယ်။ ဒေသခံရဲမှူးကြီး Azmat Ullah က သေဆုံးသူတွေထဲမှာ ယာဉ်ထိန်းရဲအရာရှိနှစ်ဦးနဲ့ အမျိုးသမီးတစ်ဦး အပါအဝင် လူ ၉ ဦးထက်မနည်းသေဆုံးခဲ့တယ်လို့ အတည်ပြုခဲ့ပါတယ်။ ဒဏ်ရာရရှိသူ နှစ်ဒါဇင်ထက်မနည်းရှိကြောင်း ဒေသခံသတင်းတွေက ဖော်ပြကြပါတယ်။ ပေါက်ကွဲမှုနဲ့ပတ်သတ်ပြီး ဘယ်အဖွဲ့ကမှ သူတို့လက်ချက်ဖြ
May 14


အကြမ်းဖက်စစ်အုပ်စုကို အရေးယူဆောင်ရွက်မှု ဆက်လုပ်မယ်လို့ အမေရိကန်ပြော
VOC/ May 12, 2026 မြန်မာနိုင်ငံမှာ ခရစ်ယာန်ဘသာရေးအဆောက်အဦးတွေကိုပစ်မှတ်ထားတိုက်ခိုက်ပြီး အရပ်သားပြည်သူတွေကို သတ် ဖြတ်နေတဲ့ အကြမ်းဖက်စစ်အုပ်စုကို အရေးယူဆောင်ရွက်မှု ဆက်လုပ်သွားမယ်လို့ အမေရိကန်နိုင်ငံ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Michael George DeSombre ကပြောပါတယ်။ အမေရိကန်အခြေစိုက် Burma Research Institute က ခရစ်ယာန်ခေါင်းဆောင်တွေနဲ့ အဖွဲ့အစည်းတွေကိုယ်စား ခရစ်ယာန်ဘာသာဝင်တွေကို အကာအကွယ်ပေးဖို့ တောင်းဆိုတဲ့စာကို အမေရိကန်နိုင်ငံ ခြားရေးဝန်ကြီး ရူဘီယို ထံသို့ မတ်လ ၂၃ရက်နေ့က ပေးပ
May 14


တွန်းဇံကိုကာကွယ်ရန် တော်လှန်ရေးပူးပေါင်းတပ်တွေအခိုင်အမာရှိပြီး၊ ပြည်သူတွေ စစ်ဘေးရှောင်ရန်မလိုဟု CDF-Tonzang ပြော
VOC/ May 12, 2026 ချင်းပြည် တွန်းဇံမြို့နယ်ကို ကာကွယ်ရန်အတွက် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ အခိုင်အမာရှိထားပြီး ပြည်သူတွေ အနေနဲ့ စစ်ဘေးရှောင်ရန်မလိုကြောင်း CDF-Tonzang စစ်ဦစီးချုပ် Thang Suan Mung ကပြောပါတယ်။ တွန်းဇံမြို့ကို ကာကွယ်ရန်အတွက် ချင်းအမျိုးသားတပ်မတော် (CNA)၊ CDF-Tonzang၊ R-CDF နဲ့ Zo Chin Défense Force (Zo Army) စတဲ့ ချင်းတော်လှန်ရေးတပ်ဖွဲ့ ၄ ဖွဲ့ရှိနေတယ်လို့ ဆိုပါတယ်။ စစ်ရေးအရ လိုအပ်ချက်ရှိလာရင်လည်း မဟာမိတ်တပ်ဖွဲ့တွေကို အင်အားဖြည့်တင်းပေးရန် အဆင်သင့် ပြင်ဆင်ထား တယ်လ
May 14


မင်းတပ်ကို ညသန်းခေါင်ယံ နဲ့ မနက်ပိုင်းမှာ အကြမ်းဖက်စစ်တပ်က ဗုံးကြဲတိုက်ခိုက်
VOC/ May 12, 2026 ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်မြို့ပေါ်နဲ့ မြို့အနီးကို မနေ့ညသန်းခေါင်ယံ နဲ့ ယနေ့မနက်ပိုင်းမှာ အကြမ်းဖက်စစ်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ မင်းတပ်မြို့ပေါ်တနေရာကို မနေ့ည ၁၁ နာရီ ၄၃ နဲ့ ၄၈ မိနစ်မှာ ဂျက်ဖိုက်တာဖြင့် ပေါင် ၅၀၀ ဗုံးလို့ယူဆရတဲ့ ဗုံးအကြီး ၂ လုံးကြဲချခဲ့တာလို့ မင်းတပ်မြို့ဒေသခံကပြောပါတယ်။ အလားတူ ယနေ့မနက်ပိုင်း ၈ နာရီမှာလည်း မင်းတပ်မြို့အနီးတနေရာကို ဂျက်ဖိုက်တာဖြင့် ဗုံး ၂ လုံးကြဲချသွားတယ်လို့ သိရပါတယ်။ ဗုံးကြဲတိုက်ခိုက်မှုကြောင့်...
May 14


တီးတိန်မြို့က အကြမ်းဖက်စစ်သားတွေ တွန်းဇံမြို့ကိုဦးတည်၊ တီးတိန်-တွန်းဇံလမ်းပိုင်း CDF-Tonzang ပိတ်ပင်
VOC/ May 11, 2026 ချင်းပြည် တီးတိန်မြို့မှာအခြေစိုက်တပ်စွဲထားတဲ့ အကြမ်းဖက်စစ်သား နဲ့ ZRA-EC ပူးပေါင်းတပ်တွေ ယနေ့မနက်ပိုင်းက တွန်းဇံမြို့ဘက်ကို ဦးတည်ပြီး ကား ၂ စီးဖြင့်ထွက်ခွါလာတဲ့အတွက် တီးတိန်-တွန်းဇံလမ်းပိုင်းကို CDF-Tonzang က ပိတ်ထားလိုက်ပါ တယ်။ တီးတိန်မြို့ ခလရ ၂၉၆ တပ်ရင်းထဲက အကြမ်းဖက်တပ်နဲ့ သူတို့လက်ပါးစေ ZRA-EC တပ်ဖွဲ့တွေဟာ ကား ၂ စီးဖြင့် တွန်းဇံမြို့ဘက်ကို ထွက်သွားကြပြီး ဘယ်ထိသွားရောက်ကြမလဲဆိုတာမသိရပေမယ့် ရှေ့ပြေးတပ်ဖွဲ့အဖြစ် စေလွတ် တာဖြစ်နိုင်တယ်လို့ သတင်းရင်းမြစ် တစ်ဦ
May 14


ဟွာလ်ငိုးရမ်းဒေသကို ကာကွယ်ဖို့ တပ်ဖွဲ့ကနေ အနားယူပြီးသူများအားလုံးပြန်လာကြရန် HPO/CDF-Hualngoram ဖိတ်ခေါ်
VOC/ May 11, 2026 အကြမ်းဖက်စစ်တပ်က ဖလမ်းမြို့ကို သိမ်းပိုက်ပြီးနောက်မှာ ဟွာလ်ငိုးရမ်းဒေသဘက်ကို စစ်ကြောင်းထိုးလာဖွယ်ရှိတဲ့အတွက် ဟွာလ်ငိုးရမ်းဒေသကို ကာကွယ်ရန်တွက် တပ်ဖွဲ့ကနေ အနားယူသွားတဲ့ရဲဘော်တွေအားလုံးပြန်လာကြဖို့ Hualngoram People Organization (HPO/CDF-Hualngoram) က ဖိတ်ခေါ်လိုက်ပါတယ်။ လက်ရှိချင်းပြည်မြောက်ပိုင်းဒေသရဲ့ စစ်ရေးအခြေအနေကိုကြည့်ရင် အကြမ်း ဖက်စစ်တပ်ဟာ အိန္ဒိယ-မြန်မာနယ်စပ် ကုန်သွယ်ရေးစခန်းအခြေစိုက်ရာ ရိခေါဒါရ်မြို့အပါအဝင် ဟွာလ်ငိုးရမ်းဒေသကို စစ်ကြောင်းထိုးဦးတည်လာမယ
May 14
bottom of page