PDF-Zoland ဖမ်းထားတဲ့ တီးတိန်မြို့ချယ်ရီတည်းခိုခန်းပိုင်ရှင် ရောဂါအခံဖြင့် သေဆုံးဟုဆို
- thevoiceofchinland
- May 14
- 1 min read
VOC/ May 13, 2026
PDF-Zoland က ဖမ်းဆီးထိန်းသိမ်းထားတဲ့ တီးတိန်မြို့က ချယ်ရီတည်းခိုခန်းပိုင်ရှင် ဦးထန်ခန့်ဒါလ်းဟာ ရောဂါအခံကြောင့် ဦးနှောက်သွေးကြောပေါက်ပြီး သေဆုံးသွားတယ်လို့ သိရပါတယ်။
ဦးထန်ခန့်ဒါလ်းဟာ အကြမ်းဖက်စစ်တပ်နဲ့ ဆက်သွယ်သတင်းပေးနေကြောင်း ထင်ရှားသဖြင့် ၃ ကြိမ်တိုင်တိုင် သတိပေးခဲ့ပြီးဖြစ်ပေမယ့် အကြမ်းဖက်စစ်တပ်ကို ဆက်လက်သတင်းပေနေတာကြောင့် မေလ ၁၁ ရက်နေ့က ဖမ်းဆီးခဲ့တာလို့ PDF-Zoland က ဒီကနေ့မှာထုတ်ပြန်လာပါတယ်။
အဲဒီလိုဖမ်းဆီးထိန်းသိမ်းထားစဉ်မှာ အသက် ၇၀ ကျော်အရွယ်ရှိပြီဖြစ်တဲ့ ဦးထန်ခန့်ဒါလ်းဟာ ရောဂါအခံဖြစ်တဲ့ ဆီးချို၊ သွေးချို၊ သွေးတိုးရောဂါကြောင့် ဦးနှောက်သွေးကြောပေါက်ကာ ဒီကနေ့ မေလ ၁၃ ရက်နေ့မှာ သေဆုံးသွားခဲ့ပြီး ကျန်ရစ်သူမိသားစုနဲ့အတူ ထပ်တူဝမ်းနည်းကြောင်း PDF-Zoland က ထုတ်ပြန်ပါတယ်။




Comments