top of page

နှစ်နိုင်ငံထိပ်သီးအစည်းအဝေးအတွက် အမေရိကန်သမ္မတ စီးပွားရေးလောကမှ CEO များနဲ့အတူ တရုတ်ကို ရောက်ရှိ

  • Writer: thevoiceofchinland
    thevoiceofchinland
  • May 14
  • 1 min read

VOC/ May 13, 2026


အမေရိကန်သမ္မတ Donald Trump ဟာ တရုတ်သမ္မတ Xi Jinping နဲ့တွေ့ဆုံပြီး နှစ်နိုင်ငံထိပ်သီးအစည်းအဝေးပြုလုပ်ဖို့အတွက် တရုတ်နိုင်ငံ၊ ဘေဂျင်းမြို့ကို မေလ ၁၃ ရက် ညပိုင်းက ရောက်ရှိလာပါတယ်။

Tesla အမှုဆောင်အရာရှိချုပ် Elon Musk၊ Nvidia အကြီးအကဲ Jensen Huang အပါအဝင် အမေရိကရဲ့ ထိပ်သီးစီးပွားရေးကုမ္ပဏီများမှ အမှုဆောင်အရာရှိအဖွဲ့များက ခရီးစဉ်ကို သမ္မတ Trump နဲ့အတူ လိုက်ပါသွားပါတယ်။

Trump တို့Air Force One လေယာဉ်က ဆင်းသက်လာစဉ် ကြိုဆိုနှုတ်ဆက်ကြပြီး ကြာသပတေးနေ့မှာ သမ္မတ Donald Trump ဟာ တရုတ်သမ္မတ Xi Jinping နဲ့ နှစ်နိုင်ငံချစ်ကြည်ရေး တွေ့ဆုံကြပြီး သမိုင်းဝင်နေရာတစ်ခုဖြစ်တဲ့ Temple of Heaven ကို လည်ပတ်ပြီး နိုင်ငံတော်ညစာစားပွဲတက်ရောက်မှာဖြစ်ပါတယ်။ ‌သောကြာနေ့မှာတော့ အလုပ်သဘောနေ့လည်စာစားပပြီးနောက်မှာ တရုတ်နိုင်ငံက ပြန်လည်ထွက်ခွာမှာဖြစ်ပါတယ်။

ခေါင်းဆောင်နှစ်ဦးအကြား အရေးပါတဲ့ဆွေးနွေးပွဲတွေမှာ အခွန်ကောက်ခံမှုများ၊ မြေရှားသတ္တုများ၊ အေအိုင်နည်းပညာ၊ အီရန်စစ်ပွဲ နဲ့ ထိုင်ဝမ်အရေးတို့ပါဝင်မယ်လို့ မျှော်လင့်နေကြပြီး Trump က ခရီးစဉ်မတိုင်မီ "ထိပ်သီးအစည်းအဝေးမှ အံ့သြဖွယ်ကောင်းသောအရာများ ထွက်ပေါ်လာမယ်လို့ မျှော်လင့်ကြောင်း" သူ့ရဲ့ Truth Social က တဆင့် ပြောဆိုထားပါတယ်။


Social - Whitehouse, CSpan



 
 
 

Comments


bottom of page