ကလေးမြို့မှာ လူငယ်တွေကိုဖမ်းဆီးငွေညစ်ရာမှာ နာမည်ကြီးနေတဲ့ ဒုအရာခံဗိုလ်ကို ကလေးမြို့ UG တပ်ဖွဲ့က ရှင်းလင်း
- thevoiceofchinland
- May 14
- 1 min read
VOC/ May 14, 2026
စစ်ကိုင်းတိုင်း ကလေးမြို့မှာ လူငယ်တွေကိုဖမ်းဆီးငွေညစ်ရာမှာ နာမည်ဆိုးဖြင့်ကျော်ကြားနေတဲ့ အကြမ်းဖက်စစ်တပ် ရဲ့ ဒုအရာခံဗိုလ် အောင်ကျော်ဇောကို ကလေးမြို့ မြို့ပြပျောက်ကျားစီမံချက်-UG တပ်ဖွဲ့ ပစ်ခတ်ရှင်းလိုက်လိုက်ပါ တယ်။
ကလေးမြို့ စက်မှုဇုန် လှိုင်သာယာရပ်ကွက် နယ်မြေ ၆ မှာ မေလ ၁၂ ရက်နေ့က ကလေးမြို့ UG တပ်ဖွဲ့က နယ်မြေ လုံခြုံရေးဆောင်ရွက်စဉ်မှာ နောက်ကနေ လိုက်လာတဲ့ ဆိုင်ကယ်ကို စစ်ရေးရာမှာ ဒုအရာခံဗိုလ် အောင်ကျော်ဇော နဲ့ တပ်သား ၁ ဦးတို့ဖြစ်တယ်ဆိုတာ သိရှိပြီးနောက် ဖမ်းဆီးခေါ်ဆောင်ဖို့အခြေအနေမပေးတဲ့အတွက် နေရာမှာပင် ပစ်ခတ်ရှင်းလင်းလိုက်တယ်လို့ ကလေးမြို့ UG တပ်ဖွဲ့က ဒီကနေ့မှာထုတ်ပြန်ပါတယ်။
ဒုအရာခံဗိုလ် အောင်ကျော်ဇောဟာ ကလေးမြို့ ဒကစ ထောက်ပို့တပ်ကဖြစ်ပြီး ကလေးမြို့အထွက် ၈ မိုင်ဂိတ်မှာ တပ်စွဲ ကာ ခရီးသွားပြည်သူတွေနဲ့ လူငယ်တွေကို ဖမ်းဆီး ငွေညစ်တဲ့နေရာမှာ နာမည်ကြီးနေသူဖြစ်တယ်လို့ ဆိုပါတယ်။
ချင်းတောင်ခြေမှာရှိတဲ့ ကလေးမြို့မှာ အကြမ်းဖက်စစ်တပ်က စစ်မှုထမ်းဖို့အတွက် နေ့စဉ်နဲ့အမျှလူငယ်ဖမ်းဆီးမှုတွေ ဆက်လက်ပြုလုပ်နေပြီး ပြည်သူတွေအနေနဲ့ သတိထားသွားလာနေထိုင်ကြဖို့ တော်လှန်ရေးတပ်ဖွဲ့တွေက သတိပေး ထားပါတယ်။
ဒါ့အပြင် အကြမ်းဖက်စစ်တပ်ထိုင်ထားတဲ့နေရာတွေ၊ စစ်ဆေးရေး ပြုလုပ်နေတဲ့နေရာတွေမှာ မလိုအပ်ဘဲ အသွား အလာမလုပ်ကြဖို့ အချိန်မရွှေးပစ်ခတ်မှုတွေဖြစ်ပွားနိုင်တာကြောင့် သတိရှိကြရန် အသိပေးထားပါတယ်။
ဓာတ်ပုံအညွန်း- ပစ်သတ်ခံရတဲ့ ဒုအရာခံဗိုလ်အောင်ကျော်ဇော




Comments