၉ နှစ်အတွင်း ပထမဆုံးအကြိမ် ပေကျင်းမြို့ ရောက်ရှိလာတဲ့ သမ္မတထရမ့်ကို သမ္မတရှီကျင်ပင်း ဂုဏ်ပြု တပ်ဖွဲ့နဲ့ ကြိုဆို
- thevoiceofchinland
- May 14
- 1 min read
VOC/ May 14, 2026
အမေရိကန်သမ္မတ ထရမ့် နှင့်တရုတ်သမ္မတ ရှီကျင်ပင်း တို့ဟာ ကိုးနှစ်နီးပါးကာလအတွင်း ပထမဆုံးအကြိမ် ပေကျင်းမြို့မှာ တွေ့ဆုံခဲ့ကြပါတယ်။ သမ္မတ ထရမ့် ဟာ နှစ်နိုင်ငံထိပ်သီးအစည်းအဝေးပြုလုပ်ဖို့အတွက် တရုတ်နိုင်ငံ၊ ဘေဂျင်းမြို့ကို မေလ ၁၃ ရက် ညပိုင်းက ရောက်ရှိလာတာ ဖြစ်ပါတယ်။
Trump တို့Air Force One လေယာဉ်က ဆင်းသက်လာစဉ် ကြိုဆိုနှုတ်ဆက်ကြပြီး ကြာသပတေးနေ့မှာ သမ္မတ ထရမ့်ဟာ တရုတ်သမ္မတ ရှီကျင်ပင်း နဲ့ Great Hall ပြည်သူ့ခမ်းမဆောင်ကြီး အပြင်ဘက်က ကော်ဇောနီပေါ်မှာ လက်ဆွဲ နှုတ်ဆက်ကြပါတယ်။ သမိုင်းဝင်နေရာတစ်ခုဖြစ်တဲ့ Temple of Heaven ကို လည်ပတ်ပြီး နိုင်ငံတော်ညစာစားပွဲတက်ရောက်မှာဖြစ်ပါတယ်။ သောကြာနေ့မှာတော့ အလုပ်သဘောနေ့လည်စာစားပပြီးနောက်မှာ တရုတ်နိုင်ငံက ပြန်လည်ထွက်ခွာမှာဖြစ်ပါတယ်။
Tesla အမှုဆောင်အရာရှိချုပ် Elon Musk၊ Nvidia အကြီးအကဲ Jensen Huang အပါအဝင် အမေရိကရဲ့ ထိပ်သီးစီးပွားရေးကုမ္ပဏီများမှ အမှုဆောင်အရာရှိအဖွဲ့များက ခရီးစဉ်ကို သမ္မတ Trump နဲ့အတူ လိုက်ပါသွားပါတယ်။ Apple၊ Boeing နဲ့ Goldman Sachs တို့မှ အမှုဆောင်အရာရှိချုပ်များလည်း ခရီးစဉ်မှာ လာရောက်ပူးပေါင်းမှာဖြစ်ပါတယ်။
ခေါင်းဆောင်နှစ်ဦးအကြား အရေးပါတဲ့ဆွေးနွေးပွဲတွေမှာ အခွန်ကောက်ခံမှုများ၊ မြေရှားသတ္တုများ၊ အေအိုင်နည်းပညာ၊ အီရန်စစ်ပွဲ နဲ့ ထိုင်ဝမ်အရေးတို့ပါဝင်မယ်လို့ မျှော်လင့်နေကြပါတယ်။
Source: Whitehouse, Reuter




Comments