top of page

ဟားခါးမှာ ခိုးဆိုးလုယက်၊ ဓားပြတိုက်မှုတွေကျူးလွန်တဲ့ ပြည်သူ့စစ်အဖွဲ့ဝင်တစ်ဦးကို CDF-Hakha ဖမ်းဆီး

  • Writer: thevoiceofchinland
    thevoiceofchinland
  • May 14
  • 1 min read

VOC/ May 14, 2026


ချင်းပြည် ဟားခါးမြို့မှာ ခိုးဆိုးလုယက်၊ ဓားပြတိုက်မှုတွေကျူးလွန်နေတဲ့ အကြမ်းဖက်စစ်တပ်လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့ဝင် တစ်ဦးကို CDF-Hakha က ဖမ်းဆီးလိုက်ပါတယ်။

ဟားခါးမြို့အတွင်း ပြည်သူတွေကို ငွေညစ်တောင်းခံတာ၊ နေအိမ်တွေကို ဖောက်ထွင်းဓားပြတိုက်တာတွေ စတဲ့ ပြည်သူ့ လုံခြုံရေးထိခိုက်စေတဲ့ လုပ်ရပ်တွေ ကျူးလွန်နေတဲ့ ပြည်သူ့စစ်အဖွဲ့ဝင်ကို မေလ ၁၃ ရက်နေ့က CDF-Hakha တပ်ဖွဲ့ က ဖမ်းဆီးထိန်းသိမ်းခဲ့တယ်လို့ သိရပါတယ်။

လက်ရှိ စစ်ရေးအခြေအနေများကြောင့် ဟားခါးမြို့အနီးဝန်းကျင်က တောတောင်များ၊ စစ်ရေးလှုပ်ရှားမှုဖြစ်ပွားနိုင် တဲ့ နေရာများနဲ့ လူသွားလာမှုနည်းပါးတဲ့ ဒေသတွေမှာ မလိုအပ်ဘဲ သွားလာခြင်းမပြုကြဖို့လည်း CDF-Hakha က အထူး မေတ္တာရပ်ခံထားပါတယ်။

CDF-Hakha အနေနဲ့ ပြည်သူတွေရဲ့ အသက်အိုးအိမ်လုံခြုံရေးကို ဦးစားပေးဆောင်ရွက်လျက်ရှိပြီး ပြည်သူအပေါ် အန္တရာယ်ပြုလုပ်ရပ်များကို ထိရောက်စွာ ဆက်လက်အရေးယူဆောင်ရွက်သွားမယ်လို့ဆိုပါတယ်။

ပြည်သူများအနေနဲ့ သံသယဖြစ်ဖွယ် လှုပ်ရှားမှုတွေတွေ့ရှိပါက နီးစပ်ရာ တာဝန်ရှိသူများထံ အချိန်မီ သတင်းပေးပို့ ပူးပေါင်းဆောင်ရွက်ကြဖို့လည်း တိုက်တွန်းထားပါတယ်။



 
 
 

Comments


bottom of page