top of page

အကြမ်းဖက်စစ်အုပ်စုကို အရေးယူဆောင်ရွက်မှု ဆက်လုပ်မယ်လို့ အမေရိကန်ပြော

  • Writer: thevoiceofchinland
    thevoiceofchinland
  • May 14
  • 1 min read

VOC/ May 12, 2026


မြန်မာနိုင်ငံမှာ ခရစ်ယာန်ဘသာရေးအဆောက်အဦးတွေကိုပစ်မှတ်ထားတိုက်ခိုက်ပြီး အရပ်သားပြည်သူတွေကို သတ် ဖြတ်နေတဲ့ အကြမ်းဖက်စစ်အုပ်စုကို အရေးယူဆောင်ရွက်မှု ဆက်လုပ်သွားမယ်လို့ အမေရိကန်နိုင်ငံ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Michael George DeSombre ကပြောပါတယ်။

အမေရိကန်အခြေစိုက် Burma Research Institute က ခရစ်ယာန်ခေါင်းဆောင်တွေနဲ့ အဖွဲ့အစည်းတွေကိုယ်စား ခရစ်ယာန်ဘာသာဝင်တွေကို အကာအကွယ်ပေးဖို့ တောင်းဆိုတဲ့စာကို အမေရိကန်နိုင်ငံ ခြားရေးဝန်ကြီး ရူဘီယို ထံသို့ မတ်လ ၂၃ရက်နေ့က ပေးပို့ခဲ့ကြပါတယ်။

အဲဒီစာနဲ့ပတ်သက်ပြီး နိုင်ငံခြားရေးဝန်ကြီး ရူဘီယိုကိုယ်စား လက်ထောက်နိုင်ငံခြားရေးဝန်ကြီးက Burma Research Institute ထံ မေလ ၆ ရက်နေ့မှာ ပြန်လည်ပေးဖို့တဲ့အကြောင်းကြားစာမှာ ခုလိုထည့်သွင်းပြောဆိုသွားတာဖြစ်ပါတယ်။

အမေရိကန်နိုင်ငံခြားရေးဌာနအနေနဲ့ အကြမ်းဖက်စစ်ခေါင်းဆောင် နဲ့ တာဝန်ရှိသူတွေကို ပြည်ဝင်ခွင့်ဗီဇာ ကန့်သတ်တာ ဘဏ္ဍာရေးဆိုင်ရာ ပိတ်ဆို့အရေးယူမှုတွေကတစ်ဆင့် အရေးယူဆောင်ရွက်မှုတွေကို ဆက်လက်လုပ်ဆောင်သွားမယ် လို့ ဆိုပါတယ်။

ဒါ့အပြင် Burma Research Institute ရဲ့ အကြံပြုချက်တစ်ခုချင်းစီကို ဂရုတစိုက် ပြန်လည်သုံးသပ်သွားမှာဖြစ်ပြီး အကြမ်းဖက်စစ်အုပ်စုရဲ့ အကြမ်းဖက်မှုလုပ်ရပ်တွေရပ်တန့်သွားဖို့ ဘယ်လိုထိရောက်စွာ ဖိအားပေးနိုင်မလဲဆိုတာ ကိုလည်း ဆန်းစစ်သွားမယ်လို့ အမေရိကန်နိုင်ငံ လက်ထောက် နိုင်ငံခြားရေးဝန်ကြီးရဲ့ ပြန်ကြားစာမှာဖော်ပြထား ပါတယ်။

Burma Research Institute ကပေးပို့တဲ့မှတ်တမ်းတွေအရ ဧပြီလ ၈ ရက်နေ့က ဖလမ်းမြို့က Christ the King ကက်သလစ်ဘုရားကျောင်း ဗုံးကြဲဖျက်ဆီးခံရမှု နဲ့ ၂၀၂၅ ခုနှစ် ဧပြီလ ၁၃ ရက် (Palm Sunday) နေ့မှာ မင်းတပ် နှစ်ခြင်းခရစ်ယာန်ဘုရားကျောင်းတို့ လေကြောင်းတိုက်ခိုက်ခံရမှုဖြစ်စဉ်တွေဟာ မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး ချိုးဖောက်နေသူအားလုံးကို အရေးယူဆောင်ရွက်ဖို့လိုအပ်တယ်ဆိုတာ ပိုမိုခိုင်မာစေတယ်လို့ လက်ထောက် နိုင်ငံခြားရေးဝန်ကြီးကဆိုပါတယ်။

တဖက်မှာတော့ အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ အတုအယောင်ရွေးကောက်ပွဲကျင်းပပြီး မိမိ ကိုယ့်ကို သမ္မတအဖြစ်ခန့်ပြီး အမေရိကန်အစိုးရနဲ့ ဆက်ဆံရေးပြန်လည်တည်ဆောက်ရန် ဒေါ်လာသန်းချီသုံးပြီး လော်ဘီတွေငှါးရမ်းမှုတွေရှိနေပေမယ့်လည်း အမေရိကန်အစိုးရကတော့ အကြမ်းဖက်စစ်အုပ်စုကို အရေးယူမှု တွေ ဆက်လက်ဆောင်ရွက်ဖို့ ထုတ်ပြောလာတာဖြစ်ပါတယ်။



 
 
 

Comments


bottom of page