top of page

မင်းတပ်ကို ညသန်းခေါင်ယံ နဲ့ မနက်ပိုင်းမှာ အကြမ်းဖက်စစ်တပ်က ဗုံးကြဲတိုက်ခိုက်

  • Writer: thevoiceofchinland
    thevoiceofchinland
  • May 14
  • 1 min read

VOC/ May 12, 2026


ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်မြို့ပေါ်နဲ့ မြို့အနီးကို မနေ့ညသန်းခေါင်ယံ နဲ့ ယနေ့မနက်ပိုင်းမှာ အကြမ်းဖက်စစ်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

မင်းတပ်မြို့ပေါ်တနေရာကို မနေ့ည ၁၁ နာရီ ၄၃ နဲ့ ၄၈ မိနစ်မှာ ဂျက်ဖိုက်တာဖြင့် ပေါင် ၅၀၀ ဗုံးလို့ယူဆရတဲ့ ဗုံးအကြီး ၂ လုံးကြဲချခဲ့တာလို့ မင်းတပ်မြို့ဒေသခံကပြောပါတယ်။

အလားတူ ယနေ့မနက်ပိုင်း ၈ နာရီမှာလည်း မင်းတပ်မြို့အနီးတနေရာကို ဂျက်ဖိုက်တာဖြင့် ဗုံး ၂ လုံးကြဲချသွားတယ်လို့ သိရပါတယ်။

ဗုံးကြဲတိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးမှုအခြေအနေကိုတော့မသိရသေးပါဘူး။

မေလ ၈ ရက်နေ့ကလည်း မင်းတပ်မြို့ကို အကြမ်းဖက်စစ်တပ်က မီလောင်းဗုံးတွေနဲ့အတူ ဖျက်အားပြင်းဗုံးတွေနဲ့ ဗုံးကြဲခဲ့ပါတယ်။

မင်းတပ်မြို့ဟာ CDF-Mindat တပ်ဖွဲ့က ထိန်းချုပ်ထားပြီး အုပ်ချုပ်ရေးလုပ်ငန်းတွေလည်းအကောင်ထည်ဖော်ဆောင် ရွက်နေတာဖြစ်ပါတယ်။

အကြမ်းဖက်စစ်တပ်ဟာ ဧပြီလကုန်ပိုင်းလောက်ကစပြီး မင်းတပ် နဲ့ ယောအစပ်ဒေသတွေမှာ စစ်အင်အားဖြည့်တင်း ခဲ့ပြီး လေကြောင်းတိုက်ခိုက်မှုတွေလည်း နေ့စဉ်နီးပါးပြုလုပ်နေပါတယ်။


ပုံဟောင်း



 
 
 

Comments


bottom of page