top of page

ပါကစ္စတန်ဈေးတစ်ခုမှာ ဆိုက်ကားမှာ ဗုံးတပ်ပြီး ဖောက်ခွဲမှုကြောင့် အနည်းဆုံး လူ ၉ ဦး သေဆုံး(ရုပ်သံ)

  • Writer: thevoiceofchinland
    thevoiceofchinland
  • May 14
  • 1 min read

VOC/ May 12, 2026


ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်း Khyber Pakhtunkhwa ပြည်နယ်၊ Lakki Marwat ခရိုင်က ဈေးတစ်ခုမှာ မေလ ၁၂ ရက်နေ့ လူစည်ကားချိန်မှာ ဆိုက်ကားတစ်စီးမှာ ဗုံးတပ်ဆင်ပြီး ဖောက်ခွဲခံရမှုဖြစ်ပွားခဲ့ပါတယ်။ ဒေသခံရဲမှူးကြီး Azmat Ullah က သေဆုံးသူတွေထဲမှာ ယာဉ်ထိန်းရဲအရာရှိနှစ်ဦးနဲ့ အမျိုးသမီးတစ်ဦး အပါအဝင် လူ ၉ ဦးထက်မနည်းသေဆုံးခဲ့တယ်လို့ အတည်ပြုခဲ့ပါတယ်။ ဒဏ်ရာရရှိသူ နှစ်ဒါဇင်ထက်မနည်းရှိကြောင်း ဒေသခံသတင်းတွေက ဖော်ပြကြပါတယ်။ ပေါက်ကွဲမှုနဲ့ပတ်သတ်ပြီး ဘယ်အဖွဲ့ကမှ သူတို့လက်ချက်ဖြစ်တယ်လို့ မပြောကြားသေးပေမယ့် Tehrik-e-Taliban Pakistan သို့မဟုတ် TTP လို့ လူသိများတဲ့ ပါကစ္စတန်တာလီဘန်အဖွဲ့အပေါ် ရဲတပ်ဖွဲ့က သံသယရှိနေပါတယ်။ အဆိုပါအဖွဲ့ဟာ အာဖဂန်နစ္စတန်နိုင်ငံ တာလီဘန်အစိုးရနဲ့ မဟာမိတ်ဖွဲ့ထားပြီး လွန်ခဲ့တဲ့နှစ်တွေအတွင်းမှာ ပါကစ္စတန်လုံခြုံရေးတပ်ဖွဲ့ဝင်တွေအပေါ် စစ်ဆင်ရေးတွေ တိုးမြှင့်လုပ်ဆောင်နေပါတယ်။


Source - The Tatva



 
 
 

Comments


bottom of page