ရှီကျင်ပင်း က သမ္မတ ထရမ့်ကို နိုင်ငံတော်အဆင့် ဂုဏ်ပြုညစာစားပွဲ နဲ့ တည်ခင်းဧည့်ခံ
- thevoiceofchinland
- May 14
- 1 min read
VOC/ May 14 2026
နှစ်နိုင်ငံ ခေါင်းဆောင် ထိပ်သီးအစည်းအဝေး အတွက် တရုတ်နိုင်ငံကို လာရောက် လည်ပတ်သော အမေရိကန်သမ္မတ ထရမ့်အား ပေကျင်းမြို့ရှိ ပြည်သူ့ခန်းမဆောင်ကြီး၌ ဂုဏ်ပြုညစာစားပွဲ ဖြင့် မေလ ၁၄ ရက်နေ့ ညနေပိုင်းတွင် တည်ခင်းဧည့်ခံကာ ကြိုဆိုခဲ့ပါတယ်။
ထိုဂုဏ်ပြုညစာစားပွဲ အခမ်းအနားတွင် နှစ်နိုင်ငံ ခေါင်းဆောင် များက အသီးသီး မိန့်ခွန်းပြောကြားခဲ့ကြပါတယ်။
သမ္မတ ထရမ့်က တရုတ်နိုင်ငံခရီးစဉ်အတွင်း လှိုက်လှဲစွာ ဧည့်ခံကျွေးမွေးခဲ့သည့် သမ္မတ ရှီကျင်ပင်း ကို အထူးကျေးဇူးတင်ရှိကြောင်း၊ အရေးကြီးသော ခရီးစဉ်တစ်ခုလည်းဖြစ်ကြောင်း၊ နှစ်ဖက်စလုံးက အပြုသဘောဆောင်သည့် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြကြောင်း ပြောကြားခဲ့ပါတယ်။
ထို့အပြင် အမေရိကန်ပြည်သူများနှင့် တရုတ် ပြည်သူများဟာတစ်ဦးကို တစ်ဦး လေးစားအသိအမှတ်ပြုကြပြီး ချစ်ကြည်ရေးမှာလည်း ရေရှည်တည်တံ့ခိုင်မြဲလျက်ရှိကြောင်း၊ အမေရိကန်-တရုတ် ဆက်ဆံရေးဟာ ကမ္ဘာပေါ်တွင် အရေး အကြီးဆုံးသော အပြန်အလှန် ဆက်ဆံရေးဖြစ်ပြီး နှစ်နိုင်ငံအနေဖြင့် ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်ကာ ကမ္ဘာကြီးအတွက် လှပသောအနာဂတ်ကို ဖန်တီးပေးရမယ်ဟု ပြောကြားခဲ့ပါတယ်။
သမ္မတ ရှီကျင်ပင်း က တရုတ်နှင့် အမေရိကန်တို့ဟာ လွန်ခဲ့သော ၅၅ နှစ်က “စားပွဲတင်တင်းနစ်သံတမန်ဆက်ဆံရေး" ကို ဖော်ဆောင်ခဲ့ပြီး နှစ်ပေါင်း ၂၀ ကျော်ကြာ ပိတ်ဆို့နေသော တရုတ်-အမေရိကန် ဆက်ဆံရေးတံခါးကို ဖွင့်လှစ်ပေးခဲ့ ပါတယ်။
တရုတ်နှင့် အမေရိကန် ချစ်ကြည်ရေးက ခေတ်သစ်နိုင်ငံတကာဆက်ဆံရေး သမိုင်းတွင် ကြီးမားသော မှတ်တိုင်တစ်ခုဖြစ်ခဲ့သောကြောင့်၊ တရုတ်နှင့် အမေရိကန်တို့ အကြား ပွင့်လင်းမြင်သာသော ပူးပေါင်းဆောင်ရွက်မှု ဖြစ်ရပ်များစွာဖြင့် ချစ်ကြည်ရေး သမိုင်းကို စဉ်ဆက်မပြတ် ရေးထိုးနိုင်ခဲ့တယ် ဟုဆိုပါတယ်။
သမ္မတ ရှီကျင်ပင်း က သမ္မတထရမ့်နှင့် အကြိမ်ပေါင်းများစွာ တွေ့ဆုံဆွေးနွေးခြင်းနှင့် ဖုန်းဖြင့် ဆက်သွယ်စကားပြောခြင်းများ ပြုလုပ်ခဲ့ပြီး တရုတ်-အမေရိကန် ဆက်ဆံရေးကို တည်ငြိမ်အောင် တွန်းအားပေး ကြိုးစားခဲ့ကြောင်း၊ တရုတ်-အမေရိကန် ဆက်ဆံရေးသည် ယနေ့ကမ္ဘာပေါ်တွင် အရေးအကြီးဆုံးသော အပြန်အလှန် ဆက်ဆံရေး ဖြစ်သောကြောင့် ကောင်းမွန်အောင် လုပ်ဆောင်ရန် အရေးကြီးပျက်စီးအောင် မလုပ်ဆောင် သင့်ကြောင်း နှစ်ဦးသဘောတူ လက်ခံထားကြတယ် ဟု ပြောကြားလိုက်ပါတယ်။
မဟာအင်အားကြီး နှစ်နိုင်ငံကြား အပြုသဘောဆောင်သည့် မဟာဗျူဟာမြောက် တည်ငြိမ်သော ဆက်ဆံရေးကို တည်ဆောက်ရန်၊ တရုတ်-အမေရိကန် ဆက်ဆံရေးကို တည်ငြိမ်၊ ရှင်သန်ပြီး ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှု ဖြစ်စေရန်နှင့် ကမ္ဘာကြီးအတွက် ပိုမိုငြိမ်းချမ်း၊ သာယာဝပြောကာ တိုးတက်မှုများကို ဆောင်ကြဉ်းပေးရန် သဘော တူညီခဲ့ကြကြောင်းပြောကြားခဲ့ပါတယ်။
Source: Xinghua, Fox News, Whitehouse




Comments