top of page

တီးတိန်မြို့က အကြမ်းဖက်စစ်သားတွေ တွန်းဇံမြို့ကိုဦးတည်၊ တီးတိန်-တွန်းဇံလမ်းပိုင်း CDF-Tonzang ပိတ်ပင်

  • Writer: thevoiceofchinland
    thevoiceofchinland
  • May 14
  • 1 min read

VOC/ May 11, 2026


ချင်းပြည် တီးတိန်မြို့မှာအခြေစိုက်တပ်စွဲထားတဲ့ အကြမ်းဖက်စစ်သား နဲ့ ZRA-EC ပူးပေါင်းတပ်တွေ ယနေ့မနက်ပိုင်းက တွန်းဇံမြို့ဘက်ကို ဦးတည်ပြီး ကား ၂ စီးဖြင့်ထွက်ခွါလာတဲ့အတွက် တီးတိန်-တွန်းဇံလမ်းပိုင်းကို CDF-Tonzang က ပိတ်ထားလိုက်ပါ တယ်။

တီးတိန်မြို့ ခလရ ၂၉၆ တပ်ရင်းထဲက အကြမ်းဖက်တပ်နဲ့ သူတို့လက်ပါးစေ ZRA-EC တပ်ဖွဲ့တွေဟာ ကား ၂ စီးဖြင့် တွန်းဇံမြို့ဘက်ကို ထွက်သွားကြပြီး ဘယ်ထိသွားရောက်ကြမလဲဆိုတာမသိရပေမယ့် ရှေ့ပြေးတပ်ဖွဲ့အဖြစ် စေလွတ် တာဖြစ်နိုင်တယ်လို့ သတင်းရင်းမြစ် တစ်ဦးကပြောပါတယ်။

ဒီလိုအခြေအနေကြောင့် တွန်းဇံမြို့ကိုထိန်းချုပ်ထားတဲ့ CDF-Tonzang တပ်ဖွဲ့ကလည်း တီးတိန်-တွန်းဇံလမ်းပိုင်းကို ဒီကနေ့မေလ ၁၁ ရက်နေ့ကစလို့ ဖြတ်သန်းသွားလာခွင့်ပိတ်ထားလိုက်ပါတယ်။

တွန်းဇံမြို့ဟာ ချင်းလဲန်းကောင်စီပူးပေါင်းတပ်ဖွဲ့တွေက ၂၀၂၄ ခုနှစ်မေလ ၂၃ ရက်နေ့မှာ သိမ်းပိုက်ခဲ့တာဖြစ်ပြီး CDF-Tonzang/Tonzang Township Council က ထိန်းချုပ်ကာ အုပ်ချုပ်ရေးလုပ်ငန်းဖော်ဆောင်နေတာဖြစ်ပါတယ်။

အကြမ်းဖက်စစ်တပ်ဟာ မေလဆန်းပိုင်းကနေ ကလေးမြို့ နဲ့ သိုင်းငင်းကျေးရွာဘက်ကနေ စစ်အင်အားအလုံးအရင်း ဖြင့် စစ်ကြောင်းထိုးလာပြီး မေလ ၈ ရက်နေ့က တီးတိန်မြို့ထဲကို အကြမ်းဖက်စစ်သား ၆၀၀ ကျော်ဝင်ရောက်လာတယ် လို့ သိရပါတယ်။

လက်ရှိမှာတော့ အကြမ်းဖက်စစ်သားတွေဟာ ကနေဒီတောင်၊ တီးတိန်-သိုင်းငင်းကြားကိုလည်း ထိန်းချုပ်ထားတယ်လို့ သိရပါတယ်။


ပုံဟောင်း



 
 
 

Comments


bottom of page