မဏိပူရ်ပြည်နယ်မှာ ကူကီးခရစ်ယာန်ဘာသာရေးခေါင်းဆောင် ၃ ဦး ပစ်သတ်ခံရ
- thevoiceofchinland
- May 14
- 1 min read
VOC/ May 14, 2026
အိန္ဒိယနိုင်ငံအရှေ့မြောက်ဒေသ မဏိပူရ်ပြည်နယ်၊ ကန်ပေါ့ပီ (Kangpokpi) ခရိုင်မှာ မေလ ၁၃ ရက် မနက် ပိုင်းက လက်နက်ကိုင် အဖွဲ့တစ်ခုရဲ့ တိုက်ခိုက်မှုကြောင့် ချင်းမျိုးနွယ်စု ကူကီး ခရစ်ယာန်ဘာသာရေးခေါင်းဆောင် ၃ ဦး သေဆုံးခဲ့ပြီး ၄ ဦး ပြင်းထန် ဒဏ်ရာရရှိခဲ့ပါတယ်။
မဏီပူရ်ပြည်နယ်မှာရှိတဲ့ Thadou Baptist Association (TBA) နဲ့ United Baptist Council (UBC) အသင်းတော်က ဘာသာရေးခေါင်းဆောင်တွေဟာ ဘာသာရေးအစည်းအဝေးတစ်ခုတက်ရောက်ဖို့ ချူရာချန်ပူ (Churachandpur) မြို့ကနေ ကန်ပေါ့ပီဘက်ကို ကား ၂ စီးနဲ့သွားရောက်တဲ့အချိန်မှာ လက်နက်ကိုင်အဖွဲ့တစ်ခုက ကြားဖြတ်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
အဲဒီတိုက်ခိုက်ခံရမှုကြောင့် TBA အသင်းတော် ဥက္ကဋ္ဌ သိက္ခာတော်ရဆရာ Revd Vumthang နဲ့ သင်းအုပ်ဆရာ တွေဖြစ်တဲ့ Revd Kaigoulun ၊ Revd Paothang တို့သေဆုံးပြီး ၄ ဦးမှာ ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ Times of India က ဖော် ပြပါတယ်။
ယခု သေဆုံးသွားတဲ့ ဘာသာရေးခေါင်းဆောင်တွေဟာ မဏိပူရ်ပြည်နယ်ထဲက ကူကီး နဲ့ နာဂ လူမျိုးစုတွေအကြား ပြန်လည်သင့်မြတ်ရေးလုပ်ငန်းတွေလုပ်ဆောင်နေသူတွေဖြစ်တယ်လို့သိရပါတယ်။
ဒီတိုက်ခိုက်မှုဟာ ဘယ်လက်နက်ကိုင်တပ်ဖွဲ့ရဲ့လက်ချက်ဖြစ်တယ်ဆို အတိအကျမသိရပေမယ့် နာဂလက်နက်ကိုင်အဖွဲ့ အစည်းဖြစ်တဲ့ NSCN-IM အဖွဲ့ရဲ့လက်ချက်ဖြစ်နိုင်တယ်လို့ သိရပါတယ်။
ကူကီးခရစ်ယာန်ဘာသာရေးခေါင်းဆောင် ၃ ဦး သတ်ဖြတ်ခံရမှုအပေါ် မီဇိုရမ်ပြည်နယဝန်ကြီးချုပ် ပူးလာလ်းဒိုအောမ် မာ နဲ့ မီဇိုရမ်ပြည်နယ် အသင်းတော်များကောင်စီတို့က ပြင်းထန်စွာရှုတ်ချကြောင်း ထုတ်ပြန်ခဲ့ကြပါတယ်။
ဒါ့အပြင် ဗဟိုမီဇိုးလူငယ်အသင်း (CYMA) နဲ့ Zo Reunification Organization(ZORO) က အဆိုပါြဖစ်ရပ်အပေါ် ရှုတ်ချကြောင်း၊ ကျန်ရစ်သူမိသားစုတွေနဲ့အတူ ဝမ်းနည်းကြေကွဲကြောင်း ထုတ်ပြန်ပါတယ်။
Video credit




Comments