အကြမ်းဖက်စစ်အုပ်စုနဲ့ ZRA ပူးပေါင်းတပ်က တွန်းဇံကို ကျီခါး နဲ့ တီးတိန်ကနေ နှစ်ဖက်ကြားညှပ်ပြီး ထိုးစစ်ဆင်
- thevoiceofchinland
- May 14
- 1 min read
VOC/ May 14, 2026
အကြမ်းဖက်စစ်တပ်နဲ့ ZRA-EC ပူးပေါင်းတပ်တွေဟာ တွန်းဇံမြို့ကိုပြန်သိမ်းဖို့ တီးတိန် နဲ့ ကျီခါးမြို့ကနေ စစ်ကြောင်း ၂ ကြောင်းဖြင့် နှစ်ဖက်ကြားညှပ်ပြီး ထိုးစစ်ဆင်နေတယ်လို့ သိရပါတယ်။
မေလ ၁၂ ရက်နေ့က တီးတိန်မြို့ကနေ ထွက်လာတဲ့ အကြမ်းဖက်စစ်တပ်နဲ့ ZRA-EC တပ်ဖွဲ့ဟာ တီးတိန်း နဲ့ တွန်းဇံကြား Tung Tuang အနားမှာရောက်ရှိနေကြပြီး မနေ့ကတည်းက ချင်းတော်လှန်ရေးပူးပေါင်းတပ်တွေနဲ့ အပြန်အလှန်ဒရုန်း နဲ့ တိုက်ခိုက်နေကြတယ်လို့ သိရပါတယ်။
ကျီခါးမြို့ဘက်ကနေ ထွက်လာတဲ့ ZRA-EC တပ်ဖွဲ့ကလည်း ကျီခါး နဲ့ တွန်းဇံကြား Mualkawi ရွာမှာရောက်ရှိနေကြ တယ်လို့ သိရပါတယ်။
တွန်းဇံမြို့ဟာ ချင်းလဲန်းကောင်စီပူးပေါင်းတပ်ဖွဲ့တွေက ၂၀၂၄ ခုနှစ်မေလ ၂၃ ရက်နေ့မှာ သိမ်းပိုက်ခဲ့တာဖြစ်ပြီး CDF-Tonzang/Tonzang Township Council က ထိန်းချုပ်ကာ အုပ်ချုပ်ရေးလုပ်ငန်းဖော်ဆောင်နေတာဖြစ်ပါတယ်။
အကြမ်းဖက်စစ်တပ်က ဖလမ်းမြို့ကို သိမ်းပိုက်ပြီးနောက်မှာ တီးတိန်မြို့ကို စစ်အင်အား ၆၀၀ ကျော်စေလွှတ်ပြီး နောက် ZRA-EC တပ်ဖွဲ့နဲ့အတူ တွန်းဇံကို ပြန်လည်သိမ်းပိုက်ဖို့ ထိုးစစ်ဆင်လာတာဖြစ်ပါတယ်။
လက်ရှိအနေအထားမှာတော့ မြေပြင်ထိတွေ့ပစ်ခတ်မှုအပြင်းအထန်ဖြစ်ပွားခြင်းမရှိသေးသော်လည်း ဒရုန်းတွေ နဲ့ အပြန်အလှန်ဗုံးကြဲတိုက်ခိုက်နေတယ်ကြတယ်လို့သိရပါတယ်။




Comments