top of page

တွန်းဇံကိုကာကွယ်ရန် တော်လှန်ရေးပူးပေါင်းတပ်တွေအခိုင်အမာရှိပြီး၊ ပြည်သူတွေ စစ်ဘေးရှောင်ရန်မလိုဟု CDF-Tonzang ပြော

  • Writer: thevoiceofchinland
    thevoiceofchinland
  • May 14
  • 1 min read

VOC/ May 12, 2026


ချင်းပြည် တွန်းဇံမြို့နယ်ကို ကာကွယ်ရန်အတွက် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ အခိုင်အမာရှိထားပြီး ပြည်သူတွေ အနေနဲ့ စစ်ဘေးရှောင်ရန်မလိုကြောင်း CDF-Tonzang စစ်ဦစီးချုပ် Thang Suan Mung ကပြောပါတယ်။

တွန်းဇံမြို့ကို ကာကွယ်ရန်အတွက် ချင်းအမျိုးသားတပ်မတော် (CNA)၊ CDF-Tonzang၊ R-CDF နဲ့ Zo Chin Défense Force (Zo Army) စတဲ့ ချင်းတော်လှန်ရေးတပ်ဖွဲ့ ၄ ဖွဲ့ရှိနေတယ်လို့ ဆိုပါတယ်။

စစ်ရေးအရ လိုအပ်ချက်ရှိလာရင်လည်း မဟာမိတ်တပ်ဖွဲ့တွေကို အင်အားဖြည့်တင်းပေးရန် အဆင်သင့် ပြင်ဆင်ထား တယ်လို့ CDF-Tonzang စစ်ဦးစီးချုပ်ကပြောပါတယ်။

ဒါကြောင့် မိဘပြည်သူတွေအနေနဲ့ အခြေအမြစ်မရှိသော သတင်းတွေကြောင့် ထိတ်လန့်ကြောက်ရွံ့ခြင်းမရှိဘဲ မိမိတို့ နေအိမ်တွေမှာ စိုးရိမ်ပူပန်ခြင်းမရှိဘဲ နေထိုင်ကြဖို့ တိုက်တွန်းနှိုးဆော်ထားပါတယ်။

တွန်းဇံမြို့ဟာ ချင်းလဲန်းကောင်စီပူးပေါင်းတပ်ဖွဲ့တွေက ၂၀၂၄ ခုနှစ်မေလ ၂၃ ရက်နေ့မှာ သိမ်းပိုက်ခဲ့တာဖြစ်ပြီး CDF-Tonzang/Tonzang Township Council က ထိန်းချုပ်ကာ အုပ်ချုပ်ရေးလုပ်ငန်းဖော်ဆောင်နေတာဖြစ်ပါတယ်။

မေလ ၁၁ ရက်နေ့က တီးတိန်မြို့မှာရှိတဲ့ အကြမ်းဖက်စစ်တပ် နဲ့ ZRA-EC ပူးပေါင်းတပ်ဖွဲ့တွေဟာ ကား ၂ စီးဖြင့် တွန်းဇံဘက်ကို ဦးတည်ထွက်လာခဲ့ကြတာကြောင့် တီးတိန်-တွန်းဇံလမ်းကို CDF-Tonzang က အကန့်သတ်မရှိ ပိတ်ပင်ထားပါတယ်။



 
 
 

Comments


bottom of page