top of page

လောင်းရှည်ကနေ ထွက်လာတဲ့ အကြမ်းဖက်စစ်တပ်စစ်ကြောင်း ဆောမြို့ကို ဝင်ရောက်

  • Writer: thevoiceofchinland
    thevoiceofchinland
  • May 14
  • 1 min read

VOC/ May 14, 2026


မကွေးတိုင်း လောင်းရှည်မြို့ကနေ ထွက်လာတဲ့ အကြမ်းဖက်စစ်တပ်စစ်ကြောင်းဟာ ယနေ့မေလ ၁၄ ရက်မနက်ပိုင်း မှာ ဆောမြို့ကို စတင်ဝင်ရောက်လာပြီလို့ သိရပါတယ်။

စစ်အင်အား ၃၅၀ ဝန်းကျင်ရှိတဲ့ အကြမ်းစစ်ကြောင်းဟာ ချင်း-မကွေးအစပ် ယောဒေသ ဆောမြို့ကို ယနေ့မနက်ပိုင်း ၁၀ နာရီ ၄၅ မိနစ်ဝန်းကျင်မှာ ဝင်ရောက်လာကြပြီးလို့ ယောဒေသသတင်းကိုဖော်ပြနေတဲ့ ယောအလင်းတန်းက ဖော်ပြ ပါတယ်။

ဆောမြို့ကနေ ကျောက်ထုမြို့က အမြောက်တပ် ၃၆၈ တပ်ရင်းနဲ့ ပူးပေါင်းဖို့ ဆက်လက်ထွက်ခွါမလားဆိုတော့ မသိရသေးဘူးလို့ ဆိုပါတယ်။

အကြမ်းဖက်စစ်တပ်စစ်ကြောင်းဟာ မေလ ၁၂ ရက်နေ့က လောင်းရှည်ဒေသ ထဲက ကပစ (၂၅) ကနေ အင်အား ၅၀၀ ဝန်းကျင်ဖြင့် စတင်ထွက်ခွာလာခြင်းဖြစ်ပြီး လောင်းရှည်မြို့မှာ တစ်ညတာ အခြေပြုခဲ့ပြီးနောက် အင်အား ၃၅၀ ခန့်ဖြင့် ဆက်လက်ထွက်လာကာ သီးကုန်းကျေးရွာမှာ တစ်ညအိပ်ပြီး ဆောဘက်ကို ဆက်လက်ထွက်လာကြတာဖြစ်ပါတယ်။

အကြမ်းဖက်စစ်တပ်ဟာ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံချက်ဖြင့် ချင်းမကွေးအစပ် ဆော၊ ကျောက်ထု နဲ့ မင်းတပ် မြို့ဘက်ကို မြေပြင်စစ်ကြောင်းထိုးလာပြီး လေကြောင်းကနေလည်း နေ့စဉ်နီးပါးဗုံးကြဲတိုက်ခိုက်မှုတွေပြုလုပ်ခဲ့ပါ တယ်။

ယခုလက်ရှိမှာ ဆော-ကျောက်ထု-မင်းတပ်မြို့ကို သွားတဲ့ လမ်းဆုံလမ်းခွမှာရှိနေတဲ့ ကံကြီးကျေးရွာမှာ အကြမ်းဖက် စစ်တပ်တွေဟာ အင်အား ၂၀၀ ဝန်းကျင်နဲ့ တပ်စွဲထားကြပါတယ်။

ကျောက်ထုအမြောက်တပ်ကနေ ဒရုန်းအသုံးပြုပြီး ကံကြီးကျေးရွာနှင့် အနီးတစ်ဝိုက်ကို ကင်းထောက်ပျံသန်းမှုတွေ ဆက်တိုက်ပြုလုပ်နေတာကြောင့် ဒေသခံပြည်သူတွေ လေကြောင်းအန္တရာယ်ကို အထူးဂရုပြုကြဖို့ ဆိုပါတယ်။



 
 
 

Comments


bottom of page