top of page

Kevin Warsh ကို ဗဟိုဘဏ်ဥက္ကဌရာထူးအဖြစ်အထက်လွှတ်တော်အတည်ပြု ခန့်အပ်

  • Writer: thevoiceofchinland
    thevoiceofchinland
  • May 14
  • 1 min read

VOC/ May 13 2026


အမေရိကန် ပြည်ထောင်စုရဲ့ ဗဟိုဘဏ်ဥက္ကဌ Jerome Powell နေရာမှာ ဆက်ခံမယ့်သူအဖြစ် Kevin Warsh ကို ထောက်ခံမဲ ၅၄မဲ၊ ကန့်ကွက်မဲ ၄၅မဲဖြင့် အတည်ပြုလိုက်တယ်လို့ အမေရိကန်ဆီးနိတ် (အထက်လွှတ်တော်) ဘဏ်လုပ်ငန်းကော်မတီ က ယနေ့ မေလ ၁၃ရက်က ထုတ်ပြန်လိုက်ပါတယ်။

အမေရိကန် ဗဟိုဘဏ်ရဲ့ ချမှတ်လိုက်တဲ့ မူဝါဒ၊ အတိုးနှုန်း၊ ငွေကြေးဖောင်းပွမှု ထိန်းချုပ်ရေး ဆုံးဖြတ်ချက်တွေဟာ တစ်ကမ္ဘာလုံးက စတော့ရှယ်ယာ ဈေးကွက်၊ ရွှေဈေး၊ ရေနံဈေး၊ ဒစ်ဂျစ်တယ် ငွေကြေးဈေးကွက်တွေအထိ သက်ရောက်မှု ရှိနေတာကြောင့် ဗဟိုဘဏ်ရဲ့ဥက္ကဋ္ဌကို ကမ္ဘာ့စီးပွားရေးရဲ့ ပဲ့ကိုင်ရှင်လို့ တင်စားကြတာဖြစ်ပါတယ်။

အသက် ၅၅ နှစ်အရွယ် Warsh ဟာစီးပွားရေးနှင့် ဘဏ္ဍာရေးနယ်ပယ်မှာ သုတေသနပြုလုပ်ခဲ့ပြီး ပုဂ္ဂလိကနဲ့ အစိုးရပိုင်ကုမ္ပဏီများစွာကို အကြံပေးခဲ့ဖူးပါတယ်။ ဒါ့အပြင် သူဟာ ဘဏ္ဍာရေးဝန်ကြီး အပါအဝင် အမေရိကန်အစိုးရမှာ အဆင့်မြင့်စီးပွားရေးရာထူးများအတွက် ဦးဆောင်လောင်းလျာတစ်ဦးအဖြစ် သတင်းများထွက်ပေါ်ခဲ့ဖူးသူလည်း ဖြစ်ပါတယ်။

Warsh ရဲ့ ဇနီးသည် Jane Lauder ကိုယ်တိုင်ကလည်း စီးပွားရေးလုပ်ငန်းရှင် ဘီလီယံနာတစ်ဦးဖြစ်သလို နာမည်ကျော် ရေမွှေးနဲ့အလှကုန်ကုမ္ပဏီ Estée Lauder ရဲ့ အမွေဆက်ခံသူလည်းဖြစ်ကာ Clinique ရေမွှေးနဲ့ အလှကုန်ကုမ္ပဏီရဲ့ ဥက္ကဌဟောင်းလည်း ဖြစ်ပါတယ်။


Source - Wall Street Journal




 
 
 

Comments


bottom of page